How to use the internet effectively !

Leave a Comment


ဒီနေ့ကျွန်တော် လူသိနည်းသေးပြီး အသုံးဝင်တဲ့ File Sharing နဲ့ Online Backup လုပ်ငန်းစဉ် တစ်ချို့ကို ဖော်ပြသွားချင်ပါတယ်။ ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာကို မဖော်ပြသေးခင်မှာ ကျွန်တော်တို့ ဘာကြောင့် ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်သင့်တယ်ဆိုတာ အကြောင်းပြချက်တစ်ချက်တစ်ချို့ ပြဿနာရပ်တစ်ချို့နဲ့ အရင်မိတ်ဆက် ပေးပါ့မယ်။

အဓိက ပြသနာရပ်
: ကျွန်တော်တို့မှာ documents တွေ ၊ photos တွေ ၊ အမြဲနားထောင်နေကျ selection သီချင်းတွေ ၊ နောက် တစ်ခြား တန်ဖိုးရှိတဲ့ အရေးကြီး files တွေ ကျွန်တော်တို့ရဲ့ home computer ထဲမှာ ရှိနေပါတယ်။ ဒီ home computer ထဲမှာ ရှိနေတဲ့ ဖိုင်တွေကို ကျွန်တော်တို့ ဘယ်နေရာသွားသွား ပါအောင် နေရာတကာ ယူသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး - ဒါ့အပြင် ကျွန်တော်တို့ ခရီးသွားလို့ပဲ ဖြစ်ဖြစ် အသုံးလိုလို့ ဒါမှမဟုတ် အရေးပေါ် အခြေအနေတစ်ခုမှာ တစ်ခြားကွန်ပြူတာ တစ်ခု ( ဥပမာ - ရုံးက ကွန်ပြူတာ ) ကနေ ဒီဖိုင်တွေ သုံးဖို့လိုပြီဆို ကျွန်တော်တို့ ဒီဖိုင်တွေကို ဘယ်လိုလုပ်ပြီးတော့များ access လုပ်နိုင်ပါ့မလဲ။



အဖြေ : အလွယ်ကူဆုံး အဖြေကတော့ ကျွန်တော်တို့ အိမ်ကကွန်ပြူတာထဲမှာ ရှိနေတဲ့ Data တွေအားလုံးကို ကျွန်တော်တို့ပိုင်ဆိုင်တဲ့ portable hard drive တစ်ခုခုထဲ ကော်ပီ ကူးထည့်ပြီး သယ်တဲ့နည်းပါ - ဒါပေမယ့်လည်း ဒီနည်းလမ်းက ကိုယ့်အိမ်က ကွန်ပြူတာထဲမှာ ရှိနေတဲ့ Data တွေ ပြောင်းလဲမှုပေါ် မူတည်ပြီး hard drive နဲ့ computer ကို မကြာခဏတစ်ခါ ချိတ်ဆက်ပြီး manually sync လုပ်ပေးဖို့ လိုပါတယ်။ ဒီလုပ်ငန်းစဉ်က စပြီး သုံးခါစမှာ သိပ်ပြီး ပြသနာ မရှိပေမယ့် နောက်ပိုင်း နေ့စဉ် အပတ်စဉ် manually sync လုပ်ရတာတွေ များလာတဲ့ အခါ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီ့ထက် အဆင်ပြေမယ့် တစ်ခြား နည်းလမ်း တစ်ခုခုကို ကျွန်တော်တို့ လှည့်တွေးကြည့် ရအောင်ပါ။

သင် အသုံးပြုနေသော အင်တာနက်အား တန်ဖိုးရှိစွာ အသုံးချပါ

ကျွန်တော်တို့ နေ့တိုင်း ဂိမ်းဆော့ Chatting တက် အခြွေကည့်လုပ်နေတဲ့ အင်တာနက်ဆိုတာ အသုံးချတတ်မယ်ဆိုရင် ကျွန်တော်တို့အတွက် နောက်ထပ် အများကြီး အဖိုးတန်တာတွေ ပေးစွမ်းနိုင်ပါသေးတယ် - အခုလည်း ကျွန်တော်တို့ရဲ့ အိမ်မှာ ရှိနေတဲ့ ကွန်ပြူတာထဲမှာ သိမ်းထားတဲ့ ဖိုင်တွေကို တစ်ခြား အပိုပစည်းတွေ သယ်ဆောင်စရာ မလိုပဲ ကိုယ်ရောက်နေတဲ့ တစ်ခြားနေရာတစ်ခုကနေ Internet ကို အသုံးပြုပြီး ဘယ်လို access လုပ်ဆောင်သွားလို့ ရတယ်ဆိုတာ ဖော်ပြသွားပါမယ်။


လုပ်ဆောင်နည်း ( ၁ ) : Online Backup အသုံးပြုခြင်း



Online backup service တွေအကြောင်း ကျွန်တော် ဒီနေရာမှာ အကျဉ်းချုံး မိတ်ဆက်ပေးဖူးပါတယ်။ အခုလည်း ကိုယ့်စက်ထဲ က ကိုယ့်အတွက် အမြဲ အသုံးလိုမယ့်ဖိုင်တွေကို Online backup လုပ်ဆောင်တဲ့ နေရာမှာ Online backup service တွေ ဖြစ်တဲ့ SugarSync, Carbonite, SkyDrive နောက် Dropbox ဆိုတာတွေ သုံးပြီး လုပ်ဆောင်နိုင်ပါတယ်။ သူတို့တွေက ဘာကောင်းလဲ ဆိုရင် ကျွန်တော်တို့ရဲ့ ဖိုင်တွေကို သက်ဆိုင်ရာ website တွေထိသွားပြီး Upload လုပ်ပြီး backup လုပ်နေစရာ မလိုပါဘူး - နားလည်လွယ်အောင် ပြောရရင် သူတို့မှာ Online backup service အတွက် သက်ဆိုင်ရာ desktop utilities တွေရှိပြီး အဲ့ဒီ့ software ကို ကိုယ့်စက်မှာ install လုပ်ဆောင်ပြီး သွားတဲ့ အချိန်မှာ သူတို့ရဲ့ Online backup service နဲ့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာကို ချိတ်ဆက်နိုင်အောင် ဆက်သွယ်ပေးတဲ့ folder တစ်ခုကို အဲ့ဒီ့ software က ကျွန်တော်တို့ ကွန်ပြူတာမှာ automatically create လုပ်ပေးပါတယ်။



ကျွန်တော်တို့ လုပ်ရမယ့် လုပ်ငန်းစဉ်က ကိုယ်တွေ Online မှာ Backup လုပ်ထားချင်တဲ့ ဖိုင်လေးတွေ - folder လေးတွေကို အဲ့ဒီ့ ခုနက create လုပ်ပြီး ပေါ်လာတဲ့ ဖိုဒါ အောက်ကို Drag and Drop ထည့်ပေးလိုက်ယုံပါပဲ - သူက သူ့ folder အောက်ကို ရောက်လာသမျှ ဖိုင်အားလုံး ဖိုဒါအားလုံးကို ကိုယ့်ကွန်ပြူတာကနေ သက်ဆိုင်ရာ Online backup service လုပ်ကိုင်ရာ website ဆီ သူ့ဘာသာ automatically upload လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ သူ upload လုပ်ဆောင်တဲ့ process ပြီးသွားပြီ ဆိုတာနဲ့ ကိုယ့် ဖိုင်တွေကို အင်တာနက် ချိတ်ဆက်ထားတဲ့ ဘယ်ကွန်ပြူတာက မဆို web browser ကနေ တစ်ဆင့် access လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီ Online backup လုပ်ငန်းစဉ်က အသုံးချကြည့်တဲ့ အချိန်မှာ တော်တော်ကြီးကို အသုံးပြုရ လွယ်ကူတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ Online backup service တွေထဲမှာ လက်ရှိသုံးဖြစ်နေတာ Dropbox ပါ။ ဒီအောက်မှာ မြင်နေရတာ ကျွန်တော့်စက်ထဲက Dropbox folder ပါ။ 

ဥပမာဆိုကြပါစို့ - ကျွန်တော့် စာအုပ်တွေထဲက ဆရာမဂျူးရဲ့ ဝတ္တုတစ်ချို့ကို Online မှာ သိမ်းထားချင်တဲ့အခါ ဒါမှမဟုတ် ဘာနဲ့မှ ထည့်သွားစရာ မလိုပဲ ရောက်ရာနေရာကနေ ကျွန်တော့် ဝတ္ထုတွေကို ပြန် access လုပ်ချင်တဲ့ အခါ Dropbox မှာ ကျွန်တော် လုပ်ဆောင်ရမယ့် အချက်က နှစ်ချက်ပဲ ရှိပါတယ်။ အဲတာကတော့ ကိုယ်ဖတ်ချင်တယ်လို့ စိတ်ကူးထားတဲ့ ဝတ္ထုတွေကို အရင်ဆုံး ကျွန်တော်ရွေးပြီး Copy ကူးလိုက်ပါမယ်။ 


နောက်တစ်ဆင့် အနေနဲ့ ကျွန်တော့် My Dropbox folder ထဲက Documents folder ထဲကို အဲ့ဒီ့ folder ( ၆ ) ခုကို အောက်ဖော်ပြပါအတိုင်း Paste လုပ်လိုက်ပါမယ်။ 


အပေါ်မှာ မြင်နေရတဲ့ ပုံကတော့ Documents folder ထဲကို ဆရာမဂျူးရဲ့ ဝတ္တု ခြောက်အုပ် ထည့်လိုက်တဲ့ အချိန်မှာ Online နဲ့ အလိုလျောက် ချိတ်ဆက်ပြီး File synchronization လုပ်ဆောင်နေပုံပါ။ အစိမ်းရောင် အမှန်ခြစ်ပြထားတဲ့ ကျွန်မနှင့် ဆေးလိပ် ဆိုတဲ့ folder ဟာ Online မှာ သိမ်းပြီးပြီဆိုတာကို ဖော်ပြတာ ဖြစ်ပြီး ကျန်တဲ့ folder တွေကတော့ သိမ်းနေဆဲ ဖြစ်ကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။ အားလုံး သိမ်းဆည်းပြီးသွားချိန်မှာ အောက်ဖော်ပြပါအတိုင်း မြင်ရပါလိမ့်မယ်။


သူဖော်ပြထားတဲ့အတိုင်း တကယ်သိမ်းဆည်းပြီးမပြီး Online ကိုတက်ကြည့်လိုက်ပါ။ အောက်ဖော်ပြပါအတိုင်း သူ့ website မှာ ကျွန်တော်တို့ Documents folder ထဲကို Paste လုပ်လိုက်တဲ့ folder အားလုံးရောက်ရှိနေတာ ခုလိုတွေ့ရပါလိမ့်မယ်။



ဒီ folder တွေကို မဖတ်ချင်တော့လို့ ဖျက်ချင်တဲ့ အခါမှာလည်း Online အထိ တက်ပြီး ဖျက်ဖို့မလိုပါဘူး - ကိုယ့်စက်ထဲမှာ ရှိနေတဲ့  My Dropbox folder ထဲက ဖျက်ချင်တာတွေကို ဖျက်ထုတ်လိုက်တာနဲ့ Online မှာလည်း အလိုလို ဖျက်ပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်ကို ကျွန်တော်တို့က File synchronization (or 'syncing') လုပ်ဆောင်တယ်လို့ ခေါ်ဆိုပါတယ်။

Dropbox ဟာ Free ပေးတာလားလို့ မေးရင်တော့ အားလုံးကြီး Free တော့မဟုတ်ပါဘူး - ဘာကြောင့်လည်းဆို သူတို့လည်း ဒီလုပ်ငန်း လည်ပတ်ဖို့အတွက် လူတွေ - အချိန်တွေ - ငွေတွေ အများ ကြီး အကုန်အကျ ခံထားရတာ မဟုတ်ပါလား - ဒါပေမယ့်လည်း Dropbox  မှာ သာမန် Free အသုံးပြုချင်သူ Users တွေအတွက် account လုပ်ပြီးတာနဲ့ သူ့ရဲ့ Dropbox  မှာ 2GB ထိ Free upload လုပ်ပြီး သိမ်းဆည်းထားခွင့်ပေးပါတယ်။ 2GB ကနည်းတယ်လို့ ပြောလို့ ရပေမယ့် ကိုယ့်အတွက် အမှန်တကယ် တန်ဖိုးရှိတဲ့ အရေးကြီး ဖိုင်တွေကို ကိုယ့်ကွန်ပြူတာထဲကနေ စစ်ထုတ်လိုက်ရင် တကယ်တမ်း 2GB မပြည့်တာများပါတယ် - ဒါ့ကြောင့် 2GB ပဲ အလကားပေးတယ် ဆိုပေမယ့် အသုံးချမယ်ဆို သုံးပျော်တယ်လို့ ပြောလို့ရပါတယ်။ ဒီနည်းကို အသုံးပြုထားခြင်းအားဖြင့်

အထက်မှာ ဖော်ပြခဲ့တာတဲ့ Services တွေအားလုံးရဲ့ ကောင်းကျိုးတွေကတော့ ကျွန်တော်တို့ အိမ်က ကွန်ပြူတာပိတ်ထားမယ် ဆိုရင်တောင် ကိုယ်အလိုရှိရာဖိုင်တွေကို မိမိရောက်ရှိရာနေရာက အလွယ်တကူ access လုပ်ဆောင်နိုင်သလို - မလိုလားအပ်တဲ့ virus တိုက်ခိုက်ခံရခြင်း ရန်ကနေ မိမိရဲ့ အရေးကြီးတဲ့ data တွေကို ကာကွယ်ပြီးသား လည်း ဖြစ်သွားပါတယ်။ ဒါ့အပြင် SugarSync တို့ Carbonite တို့တွေမှာ mobile phone ကနေ files တွေကို access လုပ်နိုင်အောင်လည်း ဖန်တီးပေးထားပါတယ်။ 

ဒီ services တွေရဲ့ ဆိုးကျိုးကတော့ ကျွန်တော်တို့ ဒီ services ကို ပထမဆုံး အသုံးပြုတာမျိုး ဆိုရင် ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ Data တွေကို အရင်ဆုံး upload တင်ပြီးတဲ့ အချိန်ထိ စောင့်ဖို့လိုပါသေးတယ်။ ဒီ Upload တင်တာ ဘယ်လောက်ထိ တောင် ကြာမြင့်နိုင်လဲဆိုရင် ကိုယ်တင်တဲ့ ဖိုင်ပမာဏ များရင် များသလောက် ပိုပြီး ကြာမြင့်နိုင်ပါတယ်။


လုပ်ဆောင်နည်း ( ၂ ) : Desktop Sharing Software အား အသုံးပြုခြင်း





ကျွန်တော်တို့ ကွန်ပြူတာမှာ ရှိနေတဲ့ ဖိုင်တွေနဲ့ ပတ်သတ်ပြီး တစ်ခြားနေရာတစ်ခုကနေ access လုပ်ဆောင်နိုင်ဖို့ ဖန်တီးတဲ့ နေရာမှာ လူသိများတဲ့ free desktop sharing software တွေရှိပါသေးတယ်။ အဲတာတွေကတော့ TeamViewer တို့ UltraVNC တို့ပါ။ နောက်ထပ် services တွေလည်း ရှိပါသေးတယ်။ သူတို့တွေကတော့ LogMeIn Pro နဲ့ CrossLoop Home ပါ။ ဒါပေမယ့် သူတို့ကတော့ paid services တြွေဖစ်ပါတယ်။ TeamViewer အသုံးပြုနည်းအကြောင်း ဒီနေရာမှာ အပြန်အလှန်မေးမြန်း ဖော်ပြထားတာရှိပါတယ်။


တကယ်လို့များ ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ Windows နဲ့ Run ထားတဲ့ ကွန်ပြူတာ ဖြစ်မယ်ဆိုရင် သူ့မှာပါတဲ့ built-in remote desktop connection feature ကို အသုံးပြုပြီး နေရာတစ်ခုနဲ့ တစ်ခုက Windows သုံးထားတဲ့ ကွန်ပြူတာ နှစ်ခုကို Internet ကနေတစ်ဆင့် access လုပ်နိုင်ပါသေးတယ်။ Windows လို့ ဆိုပေမယ့် Windows XP နဲ့ သူ့နောက်ပိုင်း Windows တွေမှာပဲ အဲ့ဒီ feature ပါဝင်ပါတယ်။


Desktop Sharing software တွေကို အသုံးပြုမယ် ဆိုရင် အားနည်းချက်တစ်ခု ရှိပြီး အဲတာကတော့ ကိုယ့်ဖိုင်တွေကို အခြားနေရာတစ်ခုကနေ access လုပ်နိုင်ဖို့ဆို remote လုပ်မယ့် Computer ကို အမြဲ ဖွင့်ထားဖို့လိုမှာဖြစ်ပါတယ်။ ဒါကတော်တော်ကြီးမားတဲ့ အားနည်းချက် တစ်ခုပါပဲ။ ဒီအပေါ်မှာ ဖော်ပြထားခဲ့တဲ့ ဖော်ပြချက် အားလုံးမှာ LogMeIn က လွဲရင် ဘယ် Options ကမှ mobile phone ကနေ files တွေကို access လုပ်ဆောင်နိုင်ဖို့ မစွမ်းဆောင်နိုင်ပါဘူး။ LogMeIn မှာတော့ iPhone app ပါဝင်တာကြောင့်မို့ mobile phone ကနေပါ files တွေကို access လုပ်ဆောင်နိုင်ပါတယ်။


လုပ်ဆောင်နည်း ( ၃ ) : Browser မှနေ၍ Files များအား တိုက်ရိုက် Access လုပ်ခြင်း


Online backup services တွေ အကြောင်းကို ကျွန်တော် အပေါ်မှာ ဆွေးနွေးခဲ့ပြီးပါပြီ။ သူတို့ရဲ့ လုပ်ဆောင်ပုံကို အကြမ်းဖျဉ်းပြန်ပြောရရင် ကိုယ့်စက်ထဲက Data တွေကို သက်ဆိုင်ရာ Servers တွေဆီ ပို့လွှတ်ပြီး ဖြန့်ခွဲသိမ်းထားတဲ့ သဘောပါပဲ။ Screen sharing services တွေဆိုတာကလည်း ရံဖန်ရံခါမှာ နှေးကွေးနေတတ်သလို Mobiles devices တော်တော်များများ နဲ့လည်း အသုံးချလို့ မရပါဘူး။ ဒါကြောင့် Home computer က files တွေကို တိုက်ရိုက်ရယူနိုင်မယ့် နောက် services တွေ ဆက်ပြီး လေ့လာကြည့်ပါမယ်။


Copernic ဆိုတာကတော့ Google Desktop လိုပဲဖြစ်ပြီး popular desktop search software အဖြစ် လူသိများပါတယ်။ သူ့ကိုသုံးပြီး ကိုယ့်ရဲ့ emails တွေ documents တွေနဲ့ ကိုယ့် Windows computer မှာရှိနေတဲ့ တစ်ခြား files တွေကို ရှာဖွေနိုင်ပါတယ်။ သူ့မှာ myCopernic on the Go ဆိုတဲ့ paid services တစ်ခုလည်း ရှိပြီး သူကနေ home ဒါမှမဟုတ် office computer မှာ ရှိနေတဲ့ files တွေကို remote လုပ် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ရှာဖွေလို့ ရလာတဲ့ search results တွေကို အရင်ကြည့်ပြီး ကိုယ့် mobile phone ရှိရာဆီ ဒါမှမဟုတ် ကိုယ့် တစ်ခြား PC ဆီကို Download ရယူနိုင်မှာ ဖြစ်ပါတယ်။ 




Opera Unite အကြောင်းကို ကျွန်တော် ဒီနေရာမှာ ဘယ်လို အသုံးချရတယ်ဆိုတာ ဖော်ပြခဲ့ဖူးပါတယ်။ တော်တော်များများလည်း သိပြီး ဖတ်ပြီး ကြလောက်ပါပြီ။ Opera Unite ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပြူတာကို web server တစ်ခု အဖြစ်ပြောင်းလဲ နိုင်ပါတယ်။ အဲ့နောက်မှာတော့ files တွေ folders တွေကို တစ်ခြား ကွန်ပြူတာရဲ့ web browser ကနေတစ်ဆင့် ( mobile phones အပါအဝင် ) တိုက်ရိုက် access လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Opera Unite ဟာ standard web server တစ်ခုကို ဖန်တီးပေးနိုင်တ့ဲအတွက်ကြောင့် တစ်ခြားဘယ်နေရာကိုမှ Upload တင်နေစရာ မလိုပဲ ကိုယ့်စက်ထဲမှာ ရှိနေတဲ့ files တွေ folders တွေကို တစ်ခြား ကွန်ပြူတာကနေ တိုက်ရိုက် download လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


နောက်ထပ် option တစ်ခုကတော့ GBridge ပါ။ သူကတော့ virtual private network တစ်ခုကို ကိုယ့်ရဲ့ Google Account တစ်ခုကိုသုံးပြီး တည်ဆောက်ပေးပါတယ်။ Company တွေမှာဆိုရင် လုပ်ငန်းလုပ်ဆောင်သူတွေက data တွေခွဲဝေ အသုံးချရာမှာ VPNs တွေကို GBridge နဲ့ အသုံးချလုပ်ဆောင်ကြတာ တွေ့ရပါတယ်။ Company တွေမှ မဟုတ်ပါဘူး။ Home users တွေ အနေနဲ့လည်း ကိုယ်ပိုင် VPNs တွေတည်ဆောက်ပြီး files တွေကို Remote လုပ်တဲ့ နေရာမှာ လုံလုံခြုံခြုံနဲ့ အသုံးပြုနိုင်ပါတယ်။

sync.live.com မှာ ရှိနေတဲ့ Windows Live Sync ဆိုတာလည်း internet ကို အသုံးပြုပြီး files တွေ remote လုပ်တဲ့ နေရာမှာ ရွေးချယ်သင့်တဲ့ နည်းလမ်းတစ်ခုပါပဲ။ လုပ်ဆောင်နည်း အနေနဲ့ကလည်း သိပ်မခက်ခဲပါဘူး။ Live Sync client ကို ကိုယ့် ကွန်ပြူတာမှာ install လုပ်ပြီး ကိုယ့် HD တစ်ခုလုံးကို Windows Live Sync website ကနေ တစ်ဆင့် access လုပ်ဆောင် ယုံပါပဲ။ 





ကျွန်တော်တို့ နောက်ဆုံး စမ်းကြည့်သင့်တာကတော့ HomePipe  ပါ။ သူက တော်တော်လေး ရိုးစင်းပြီး free service လည်း ဖြစ်ပါတယ်။ သူ့ကို အသုံးပြုပြီး ကိုယ့် အိမ်မှာရှိနေတဲ့ files တွေ media တွေကို တစ်ခြားကွန်ပြူတာတွေ mobile phone တွေကနေ တစ်ဆင့်ပါ access လုပ်ဆောင်နိုင်ပါတယ်။ သူ့မှာ iPhone နဲ့ ခုနောက်ပိုင်း ခေတ်စားနေတဲ့ Android phones တွေ အတွက်ပါ apps တွေရှိပါတယ်။ 


အင်တာနက်ကို အကျိုးရှိစွာ အသုံးချခြင်း ဆိုတဲ့ ခေါင်းစဉ်က တကယ်တော့ ဒီလောက်နဲ့ မပြည့်စုံသွားပါဘူး - သူ့အကြောင်းကို အကျယ်ချဲ့ရေးရရင် တော်တော်လေး များဦးမှာပါ - ဒါ့ကြောင့် နောက် အကြောင်းအရာတွေမှာလည်း အလျဉ်းသင့်ရင် သင့်သလို ထပ်ပြီး ဖော်ပြသွားပါဦးမယ်။


KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts