Network Configuration in Ubuntu 10.04 LTS

Leave a Comment
Ubuntu 10.04 မှာအင်တာနက်ဘယ်လိုချိတ်ရလဲ ဆိုပြီး ကို Waidar မေးထားလို့ သက်ဆိုင်ရာ ဒီနေရာမှာ ဆွေးနွေးချက် အသစ်ထုတ်ပြီး ဖော်ပြလိုက်ပါတယ်။ ဒီအကြောင်းအရာကိုပဲ Ubuntu 10.04 LTS မတိုင်ခင်တုန်းက ကိုဟိန်း ကနေပြီး ဒီနေရာမှာ Linux for Network Application ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားတာ တွေ့မိပါတယ်။

ဒီအကြောင်းကို အသေးစိတ်ပြောရင် အရမ်းရှည်ပြီး လိုရင်း မရောက်မှာစိုးလို့ တတ်နိုင်သမျှ အတိုဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားသွားပါ့မယ်။ အသေးစိတ်ပြောရင် အရမ်းရှည်လို့ ဘာကြောင့်ပြောရတာလဲ ဆိုတော့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်က အသုံးပြုကြတဲ့ Network ခြင်း မတူကြလို့ပါ။



Ubuntu 10.04 မှာ Internet connection ရရှိအောင် လုပ်ဆောင်တဲ့နေရာကတော့ ပုံမှန်အားဖြင့် System > Preferences > Network Connections ပဲ ဖြစ်ပါတယ်။



အောက်ဖော်ပြပါအတိုင်း တစ်ခြားနေရာကနေလည်း သွားလို့ ရပါသေးတယ် - ဖော်ပြပါအနီနဲ့ ဝိုင်းပြထားတဲ့ နေရာမှာ ဘာမှမပြုပြင် မပြောင်းလဲ ရသေးတဲ့ အခြေအနေဆိုရင် Wireless network ပုံစံနဲ့ ပေါ်နေတတ်ပါတယ်။ ကျွန်တော်ကတော့ Connection ချိတ်ထားပြီးသားမို့လို့ ဖော်ပြပါအတိုင်း အထက်အောက် မြှားပုံစံနဲ့ မြင်နေရတာပါ - ဘယ်လိုပဲ ဖြစ်စေ ဖော်ပြပါနေရာမှာ ပေါ်နေတဲ့ icon ကို ကလစ်ပေးလိုက်ပါ။ အဲကနေ တဆင့် VPN Connections > Configure VPN ကိုသွားပါ။


အထက်ဖော်ပြပါ နေရာတွေထဲက ဘယ်နည်းနဲ့ သွားသွား ရောက်ရှိမယ့် နေရာကတော့ အောက်ဖော်ပြပါ နေရာပဲ ဖြစ်ပါတယ်။


ဖော်ပြပါ နေရာကိုရောက်ပြီဆိုရင် မိမိ အသုံးပြုနေတဲ့ Network အမျိုးအစားအလိုက် ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ပေးရပါ လိမ့်မယ်။ ကျွန်တော့် အနေနဲ့ လောလောဆယ်မှာ Ethernet Network သမားတွေ အတွက် ဘယ်လို Network နဲ့ချိတ်မယ်ဆိုတာ ဆက်ပြီး ဖော်ပြပေးသွားပါ့မယ်။ အပေါ်မှာတွေ့နေရတဲ့ Network Connections box က Wired tab မှာ Add ကိုနှိပ်ပါ။


ဖော်ပြပါအတိုင်း -
  1. IPv4 Settings ကိုဝင်ရောက်ပြီး Method နေရာမှာ Manual ရွေးပေးပါမယ်။
  2. Add ကို နှိပ်ပါမယ်။
  3. Address နေရာမှာ မိမိရဲ့ Windows မှာ Network configuration လုပ်တုန်းက ဖြည့်ခဲ့ရတဲ့ IP address, Netmask နေရာမှာ Windows မှာ Network configuration လုပ်တုန်းက ဖြည့်ခဲ့ရတဲ့ Subnet mask, Gateway နေရာမှာ Windows မှာ Network configuration လုပ်တုန်းက ဖြည့်ခဲ့ရတဲ့ Default Gateway ကို ဖြည့်ပေးပါ။ Windows ရဲ့ ဘယ်နေရာမှာ ဒီဂဏန်းတွေ ဖြည့်ခဲ့မှန်း မမှတ်မိခဲ့ရင် အောက်ဖော်ပြပါပုံကို ကြည့်ကြည့်ပါ။ Windows မှာရှိတဲ့ ဖော်ပြပါနေရာတွေမှာရှိတဲ့ ဂဏန်းမျိုးတွေ ဖြစ်ပါတယ်။


  4. DNS severs နေရာမှာလည်း Windows မှာ Network configuration လုပ်တုန်းက ဖြည့်ခဲ့ရတဲ့အတိုင်း ဂဏန်းတွေ ဖြည့်ပေးလိုက်ပါ။
  5. ပြီးရင်တော့ Apply ပေးလိုက်ပါ။

ဒါဆိုရင် Ethernet Network သမားတွေ အတွက် Connection ရပါပြီ။ တစ်ခြား Network အမျိုးအစားကို သုံးသူတွေ အနေနဲ့လည်း Network Connections ကနေပဲ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်သွားနိုင်ပါတယ်။

နောက်ထပ် Network Configuration အကြောင်းတွေကို အကျယ်ချဲ့ လေ့လာလိုသူများ အနေနဲ့ မိမိရဲ့ သက်ဆိုင်ရာအလိုက် Network Configuration တွေကို ဒီနေရာကနေ သွားရောက်လေ့လာနိုင်ပါသေးတယ်။

စာပြန်နောက်ကျမှာ စိုးတဲ့ အတွက် ဒီအကြောင်းအရာကို အရင်ဖော်ပြလိုက်တာပါ။ နောက်တစ်ပိုင်း ဖြစ်တဲ့ Ubuntu မှာ Software ဘယ်လို Run ရလည်း ဆိုတာကိုလည်း ဆက်လက် ဖော်ပြသွားပါမယ်။ ကျွန်တော် လည်း တစ်ခြား ကိစ္စလေးတွေ ရှိနေသေးတဲ့ အတွက် တဆက် တစပ်တည်း မဖော်ပြနိုင်သေးတာကို နားလည်ပေးကြဖို့ ခွင့်တောင်းလိုပါတယ်။ အားတဲ့ အချိန်လေးမှာ ချက်ချင်းရေးပြီး တင်ပေးသွားပါ့မယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts