Wanna create ur own design ??

Leave a Comment


Designer ဖြစ်မှ Design ဆိုတာကို စိတ်ကူးယဉ်ပိုင်ခွင့်ရှိတာ မဟုတ်ပါဘူး - Designer မဟုတ်လည်း ကိုယ့်ရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးရင် ကွန့်မြူးသလို သပ်ရပ်လှပတဲ့ ဒီဇိုင်းတွေ ဖော်ထုတ်နိုင်ပါတယ် - တကယ်လို့များ ကျွန်တော်တို့ဟာ ဒီဇိုင်းအသစ် ဖန်တီးမှုတွေ ၊ အခန်းအပြင်အဆင် ဖွဲ့စည်းမှုတွေ  အဲလိုမှမဟုတ်လည်း စိတ်ကူးထဲက အိမ်ခန်းဖွဲ့စည်းမှု ပုံစံလေးတွေကို 3D ပုံစံလေးနဲ့ အသက်သွင်းချင်မိမယ်ဆိုရင် Roomle ဆိုတာ အင်တာနက်ထဲမှာ မိမိစိတ်ကူးအိပ်မက်ထဲက 3D ဒီဇိုင်းတွေကို အလကား ဖန်တီးတည်ဆောက်ခွင့် ပေးထားတဲ့ web tool တစ်ခုပဲ ဖြစ်ပါတယ်။





Roomle ဆိုတာ 2D နဲ့ 3D views နှစ်မျိုးလုံးကို supports ပေးပြီး create လုပ်သမျှကိုလည်း လွယ်လင့်တကူ ပြင်ဆင်တည်းဖြတ် နိုင်ပါတယ်။ Roomle မှာ ရာနဲ့ချီတဲ့ doors တွေ, windows တွေ, chairs တွေအပြင် သေးသေးကွေးကွေး အပင်ပုစိလေးတွေ ကအစ ဒီဇိုင်းရေးဆွဲရာမှာ အသုံးချနိုင်အောင် ထည့်သွင်းပေးထားပါတယ်။


Roomle ဟာ ဒီဇိုင်းတစ်ခု Create လုပ်ဖို့ signup လုပ်ဖို့လည်း မလိုပါဘူး - ဒါပေမယ့် ကိုယ် create လုပ်ထားတာကို သိမ်းဆည်းထားနိုင်ဖို့ အတွက်ဆိုရင်တော့ account တစ်ခု လုပ်ဆောင်ဖို့ recommend ပေးထားတာ ရှိပါတယ်။ ကိုယ် create လုပ်ထားတဲ့ ဒီဇိုင်းပုံစံလေးတွေကို images တစ်ခုအနေနဲ့ export လုပ်ပြီး ကိုယ့်သူငယ်ချင်းတွေကိုလည်း share လုပ်နိုင်ပါတယ်။


Planning options နဲ့ ပတ်သတ်ရင် နောက်ထပ်လေ့လာ စမ်းသပ်လို့ ရတဲ့ တစ်နေရာ ရှိပါသေးတယ် - သူကတော့ PlanningWiz ပါ။



သူကလည်း decoration နဲ့ ပတ်သတ်ပြီး layout ချနိုင်တဲ့ online room mapping tool တစ်ခုပဲ ဖြစ်ပါတယ်။ သူ့ကို အသုံးချပြီး Design plan ချတဲ့ အခါ သူ့မှာ ဖန်တီးထားပြီးသား plans တွေကို အသင့်ယူသုံးနိုင်သလို အဲတာလေးတွေကို သုံးပြီး ကိုယ် ဖန်တီးချင်တဲ့ space နဲ့ကိုက်ညီအောင် ပြုပြင်ပြောင်းလဲပြီး own plan အနေနဲ့ ဖန်တီးလို့လဲ ရပါတယ်။ ဒါ့အပြင် ကိုယ်ဖန်တီးထားတဲ့ plan လေးတွေကို သိမ်းဆည်းထားလို့လည်း ရသလို - print ထုတ်ချင်ရင်ပဲ ဖြစ်ဖြစ် - Email ကနေ ဝေမျှချင်ရင်ပဲ ဖြစ်ဖြစ် ဝေမျှနိုင်ပါသေးတယ်။



PlanningWiz အပြင်  Design နဲ့ ပတ်သတ်ပြီး နောက်ထပ်ဖန်တီးလို့ ရတဲ့ Tools တွေရှိပါသေးတယ် - အဲတာတွေကတော့ Furnish  နဲ့ Google SketchUp ပါ။ မိသားစုအားလုံးပဲ ကိုယ်ပိုင် Design လေးတွေ ရေးဆွဲ ဖန်တီးပြီး ကိုယ့်ရဲ့ နေထိုင်ရာ အိပ်ခန်း - အိမ်ခန်းတိုင်းကို စိတ်ကြိုက်အလှဆင်နိုင်ကြပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts