Simple Compiz Config Settings Manager

Leave a Comment
ဘာလိုလိုနဲ့ ကိုဦး ဒီအကြောင်းမေးထားတာ ( ၂ ) ရက်ရှိပြီ - ကျွန်တော်လည်း ဖိုရမ်က အမြန်ဖြေရလွယ်တဲ့ တစ်ခြားအခက်အခဲလေးတွေ လိုက်ဖြေရင်းနဲ့ ဒီဘက်ကို မလှည့်ဖြစ်ဘူး ဖြစ်နေတာပါ - စိတ်ထဲမှာ လုပ်မယ် လုပ်မယ်နဲ့ စိတ်ကူးထားတာ တော်တော်များများ ရှိတယ် - ဟိုရေးလက်စ မပြတ်သေးတဲ့ အားလုံးအတွက် Ubuntu ( Linux ) ဆိုတာလည်း ဆက်ရေးဖို့ လုပ်နေတယ် - နောက် သူနဲ့ အပြိုင် နောက်ထပ် Linux ခေါင်းစဉ် တစ်ခုရေးမယ် ဆိုပြီး အစပျိုးနေတာလည်း ရှိတယ် - နောက်ထပ် Windows ဘက်က သိထားတာလေး ပြောပြချင်လို့ အချက်အလက် စုထားတာတွေလည်း ရှိတယ် - လောလောဆယ်တော့ အဲတာလေးတွေ ခဏ ဘေးချိတ်ပြီး compizconfig-settings-manager အကြောင်းလေး ဆွေးနွေးလိုက် ပါဦးမယ် -

အခု ကျွန်တော် ဆွေးနွေးသွားချင်တာ Ubuntu မှာ လူသိများပြီး တွေ့ဖူးသူတိုင်းလည်း စမ်းသပ်ချင်ကြတဲ့ Ubunutu ရဲ့ နာမည်ကြီး compizconfig-settings-manager အကြောင်းပါ -  compizconfig-settings-manager အကြောင်းကို ဆွေးနွေးမယ်လို့ ကျွန်တော် ပြောပေမယ့် သူ့ရဲ့ အသုံးပြုပုံ အကြောင်းကို အသေးစိတ်တော့ ကျွန်တော် ဆွေးနွေးသွားမှာ မဟုတ်ပါဘူး - ကျွန်တော် ဆွေးနွေးသွားမှာ  compizconfig-settings-manager ကို အသုံးပြုဖို့ အတွက် ဘာတွေ အရင်ဦးဆုံး လုပ်ဆောင်ထားရမယ် ဆိုတာရယ် သူ့ကိုသုံးပြီး ဖန်တီးနိုင်မယ့် အလှအပ တစ်ချို့လောက်ကို အသုံးအပြုဖူးသူတွေ အတွက် မိတ်ဆက် သဘောလောက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့် အပြည့်အစုံ မဖော်ပြသလဲ ဆိုရင် မိသားစုဝင်များ ဒီ compizconfig-settings-manager ကို သုံးဖူးတဲ့ သူတွေလည်း သိပါလိမ့်မယ် - သုံးဖူးတဲ့အခါလည်း သိပါလိမ့်မယ်။ သူ့မှာ လုပ်ဆောင်နိုင်တဲ့ Effects တွေ ၊ Animations တွေက တော်တော်ကြီးကို များတာပါ - ကျွန်တော့် အနေနဲ့ အဲ့ဒီ့လောက် အများကြီးကို တစ်ခုချင်း လိုက်စမ်းပြီး ရှင်းပြဖို့ ဆိုတာ တော်တော်ကြီးကို ခက်ခဲပါတယ်။ နောက်ပြီး တစ်ခုချင်းစီ လုပ်ဆောင်ပုံကလည်း တကယ်တမ်း ပြောသလောက်ကြီး မခက်ခဲတာ မို့လို့ ကျွန်တော့်အနေနဲ့ အကျဉ်းချုံးပြီးပဲ မိတ်ဆက်ပေးဖို့ စီစဉ်လိုက်တာပါ။




compizconfig-settings-manager ကို ဘယ်ကနေ ဒေါင်းလုပ်ချရမယ် ဘာတွေ Install လုပ်ဆောင်ထားဖို့ လိုအပ်မယ်ဆိုတာ ကျွန်တော် ဒီနေရာမှာ ဖော်ပြခဲ့ပြီးပါပြီ - ဒါကြောင့် ကျွန်တော့် အနေနဲ့ ဒီပို့စ်ကို ဖတ်တဲ့သူ အနေနဲ့ compizconfig-settings-manager ကို Install လုပ်ဆောင်ပြီးသူ တစ်ယောက် အဖြစ်ယူဆပြီး ဆက်ဆွေးနွေးသွားပါမယ်။ compizconfig-settings-manager ကို အသုံးချဖို့ အတွက် ကျွန်တော်တို့ ပထမဆုံး စတင်လုပ်ဆောင်ထားရမှာ ကျွန်တော်တို့ စက်မှာ ရှိတဲ့ Graphic card ကို 3D effects နိုင်အောင် အရင်ဆုံး ပြင်ဆင်ထားရမယ် ဆိုတာပါ။ ဒါကို လုပ်ဆောင်ဖို့ အတွက် System > Administration > Hardware Drivers ကိုသွားလိုက်ပါ။ password တောင်းရင် password ရိုက်ထည့်လိုက်ပါ။ အဲ့ချိန်မှာ အောက်မှာ ပြထားတဲ့ အတိုင်း ကျွန်တော်တို့ စက်မှာ ရှိနေတဲ့ Graphic card ကို မြင်ရပါလိမ့်မယ်။


ကျွန်တော်တို့ အနေနဲ့ ဒီ Hardware Drivers ( Graphic card ) ကို Desktop effects လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ ပထမဆုံး Activate လုပ်ပေးဖို့ လိုပါတယ်။ Activate ဆိုတာကို နှိပ်လိုက်တာနဲ့ downloading လုပ်ငန်းစဉ် စတင်ပြီး ကျွန်တော်တို့ရဲ့ Graphic card အတွက် သင့်တော်တဲ့ Driver ကို install လုပ်ဆောင်ပေးသွားပါလိမ့်မယ်။ တကယ်လို့ "Desktop effects could not be enabled" ဆိုတဲ့ Error message နဲ့ တိုးခဲ့ရင် ဒီနေရာကို သွားပါ။

Install လုပ်ဆောင်ပြီးသွားရင် သူက Restart တောင်းပါလိမ့်မယ်။ ကွန်ပြူတာကို Restart ပေးလိုက်ပါ။ Reboot ပြန်တက်လာရင် အောက်ဖော်ပြပါအတိုင်း အပေါ်ညာဘက် ဘားမှာ ခုလိုမျိုး ပုံစံ ခပ်ဆင်ဆင် မြင်ရပါလိမ့်မယ်။


သူ့ကို ကလစ်ပေးလိုက်တဲ့ အချိန်မှာ ခု အောက်ဖော်ပြပါပုံအတိုင်း ဒီကွန်ပြူတာအတွက် သင့်တော်တ့ဲ drivers တစ်ခု installed လုပ်ဆောင်ပြီးလို့ အသုံးပြုဖို့ အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း ဖော်ပြပါလိမ့်မယ်။


ခုလို ဖော်ပြထားတာကို တွေ့ပြီ ဆိုတာနဲ့ compizconfig-settings-manager ကို စတင် အသုံးပြုလို့ ရပါပြီ - compizconfig-settings-manager ကို စတင်အသုံးပြုတော့မယ့် အချိန်မှာ နောက်ထပ် စစ်ဆေးထားသင့်တာလေးတွေ ရှိပါသေးတယ်။ အဲတာကတော့ Desktop ရဲ့ ညာဘက်အောက်ထောင့်မှာ workspaces အနည်းဆုံး ( ၄ ) ခုရှိရဲ့လား ဆိုတာ စစ်ဆေးပေးပါ။ များသော အားဖြင့်တော့ ( ၄ ) ခုရှိတာ များပါတယ်။ မရှိသေးရင် click ပေးပြီး preferences ကနေ 4 columns 1 row ကို ရွေးပေးပါ။ ဒါက အလွယ်နည်းပါ ဒီ workspaces တိုးတာကိုပဲ ccsm ထဲက General Options > Desktop Size > Horizontal Virtual Size ကနေ အောက်ဖော်ပြပါအတိုင်း တိုးလို့ ရပါသေးတယ်။


"Cube" အား အသုံးပြုခြင်း

နောက်တစ်ဆင့် အနေနဲ့ System > Preferences > Advanced Desktop Effects Settings ဒါမှမဟုတ် "Compiz Configuration manager" ဆိုတဲ့နေရာကို သွားပါ။ Desktop tab ဆိုတာရဲ့အောက်မှာ "Rotate cube" ဆိုတာရယ် "Desktop cube" ဆိုတာရယ်ကို တွေ့ပါလိမ့်မယ်။


အဲ့ဒီ့ ( ၂ ) ခုကို activate ပေးလိုက်တဲ့ အချိန်မှာ desktop wall ကို disable ပေးဖို့ အသိပေးလာပါလိမ့်မယ်။ ဒီအတိုင်း ဆက်သွားပါ။  Cube ကို Rotate လုပ်ဖို့အတွက် Default key ကတော့ Ctrl+Alt+<Arrow Left> ဒါမှမဟုတ် Ctrl+Alt+<Arrow Right> ပဲ ဖြစ်ပါတယ်။ အောက်မှာ ပြထားတဲ့ အတိုင်း Cube ကြီးကို ကိုင်ပြီး ဟိုရွှေ့ ဒီရွှေ့ရွှေ့ဖို့ကတော့ Ctrl+Alt+Left Mousebutton ပါ။


ရှုး တိုးတိုး ကောင်မလေး အိပ်နေတယ် :D

"Cube" အားပုံသွင်းခြင်း

Cube ကို စစသုံးသုံးချင်းမှာ ကျွန်တော်တို့ တွေ့ရမယ့် Cube က ကျပ်ပိတ်ကြီးပါ - ဆိုလိုတာ Cube ရဲ့ မျက်နှာစာ တစ်ဖက်ကနေ တစ်ခြား မျက်နှာစာ တစ်ဖက်ကို ဖော်ကြည့်လို့ မရ ဖြစ်နေတတ်ပါတယ်။ အဲလို ဖြစ်နေတာကို Cube ရဲ့ မျက်နှာစာ တစ်ဖက်ကနေ တစ်ခြား မျက်နှာစာ တစ်ဖက်ကို ဖောက်ထွင်း မြင်နိုင်အောင် လုပ်ပါ့မယ်။ Desktop Cube > Transparent Cube > Opacity During Rotation ကိုသွားပြီး သူထားထားတဲ့ ၁၀၀ ကနေ ၈၅ ပတ်ဝန်းကျင်လောက်ကို လျော့ချလိုက်ပါ။ များများလျော့လေ များများဖောက်မြင်ရလေပါပဲ။ Tab တစ်ခုချင်း လိုက်စမ်းကြည့်ပါ - ပြောင်းလဲချက်တွေတွေ့ရပါလိမ့်မယ်။


COMPIZ SETTINGS MANAGER အား အသုံးပြု၍ အခြားအရာများ လုပ်ဆောင်ခြင်း

Compiz Settings Manager အသုံးပြုပုံကတော့ တော်တော်လေး ကျယ်ပြန့်ပါတယ် - ကိုယ် ဖန်တီးနိုင်ရင် ဖန်တီးနိုင်သလောက် စိတ်ရှည်ရင် ရှည်သလောက် လုပ်ဆောင်နိုင်တဲ့ Effects တွေက တော်တော်လေးကို များပါတယ်။ Window Management အောက်မှာ ရှိတာတွေကို ဟိုပြင်ဒီပြင် လိုက်ပြင်ကြည့်ပါ။


တစ်ခုခုကို ပြောင်းလဲစမ်းသပ်တဲ့ အခါမှာ shortcuts တွေက ဘာမှန်း မသိ ဖြစ်နေတတ်ပါတယ်။ ဥပမာ ဆိုကြပါစို့ Shift Switcher ကို စမ်းသပ်မယ် ဆိုရင် သူ့ခေါင်းစဉ်ထဲကို ထပ်ဝင်လိုက်ပါ။ ခုလိုနေရာမှာ ဘယ် shortcuts ကို သုံးရမယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ ဒီ shortcuts တွေက တရားသေချည်း မဟုတ်ပါဘူး - သူ့ ညာဘက်ဘေးမှာပါတဲ့ button လေးကနေ မိမိစိတ်ကြိုက် ပြောင်းပေးလို့လည်း ရပါတယ်။ Default အတိုင်းထားချင်မယ်ဆိုရင်တော့ ညာဘက် အစွန်ဆုံး button ကို ပြန်နှိပ် လိုက်ပါ။


အဲလို လိုက်ပြောင်းပြီး စမ်းကြည့်ရာကနေ ရလာမယ့် Result တွေကတော့ အောက်ဖော်ပြပါအတိုင်းပဲ ဖြစ်ပါတယ်။




ကျွန်တော့်အနေနဲ့ CCSM နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဒီလောက်နဲ့ အဆုံးသတ်ပြီး အကျယ်ထပ်လေ့လာချင်သူတွေ အတွက် နေရာကောင်းတွေ လမ်းညွှန်ပေးပါဦးမယ်။

COMPIZ SETTINGS MANAGER အသုံးပြုပုံအား အသေးစိတ် လေ့လာရန်

http://my.opera.com/ubuntunerd1/blog/how-to-use-compiz-settings-manager
http://forlong.blogage.de/entries/2007/8/29/How-to-set-up-Compiz-Fusion
http://www.compiz.org/
http://ubuntuguide.org/wiki/Ubuntu:Feisty#How_to_install_Compiz_Fusion_.28Universal.29
http://wiki.compiz.org/Plugins/Cube#A3d
http://forum.compiz.org/viewforum.php?f=114&sid=ff3d137c6aa37552b262d0c541e039c5
http://tnerd.com/2008/11/13/compiz-fusion-guide-a-complete-guide-to-install-compiz-fusion-in-ubuntu-post-1/
http://en.wikipedia.org/wiki/Compiz

အားလုံးပဲ CCSM နဲ့ ပတ်သတ်ပြီး အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts