Advantages of using Google Docs

Leave a Comment

ကျွန်တော်တို့တွေ လွန်ခဲ့ပြီးတဲ့ နေ့ရက်တွေကစပြီး Cloud Computing Services လို့ ခေါ်တဲ့ ဝေဟင်ထက်မှ ကွန်ပြူတာ ဝန်ဆောင်မှု ဆိုတာကို တွင်တွင် ကျယ်ကျယ် သိရှိလာခဲ့ရပါတယ် ဒါတင်မက သူတို့ရဲ့ ဝန်ဆောင်မှု တွေကလည်း တဖြည်းဖြည်းနဲ့ အံ့သြဖို့ ကောင်းလောက်အောင် တိုးတက် ကောင်းမွန် လာလိုက်တာများ လွန်ခဲ့တဲ့ နှစ် ( ၃၀ ) လောက်က ဆိုရင် ကိုယ့်ကွန်ပြူတာ အတွက် လိုအပ်သမျှကို servers စက်ရှိရာဆီ လှမ်းပြီး Access လုပ်ပြီးမှ ရယူနိုင်တဲ့ အဆင့်ကနေ အခုဆိုရင် အင်တာနက်ကို အသုံးပြုပြီး တစ်ကမ္ဘာလုံး ကြိုက်တဲ့ နေရာကနေ မိမိရဲ့ Data တွေကို ရယူသုံးစွဲနိုင်တဲ့ အဆင့်ထိ တိုးတက်လာခဲ့ပါပြီ။ 



ဒီအခြေခံ တိုးတက်မှုကနေ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ဖြစ်ပေါ် ပြောင်းလဲမှုကတော့ Cloud Computing Services အတွက် အသုံးတည့်လှတဲ့ JoliCloud  နဲ့ Google Chrome OS လို OS တွေ အရှိန်အဟုန်နဲ့ ထိုးဖောက် နေရာယူလာကြခြင်းပဲ ဖြစ်ပါတယ်။ ဒီ OS တွေရဲ့ ရည်ရွယ်ချက် မူရင်းကတော့ မိမိရဲ့ Computer ထဲမှာ ဘာ အချက်အလက် အကြောင်းအရာမှ ထည့်သွင်းသိမ်းဆည်းထား ရှိခြင်း မရှိပဲ မိမိအလိုရှိသမျှ အားလုံးကို Web applications တွေနဲ့ အသုံးချပြီး အင်တာနက်ကနေ တစ်ဆင့်သာ ရယူအသုံးချလုပ်ဆောင်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ဖိုင်တွေသိမ်းချင်သလား အင်တာနက်ထဲမှာပဲ သိမ်းမယ်။ စာဖတ်ချင်သလား အင်တာနက် ထဲမှာပဲ ဖတ်မယ်။ အခြွေကည့်ချင်သလား အင်တာနက်ထဲမှာပဲ ကြည့်မယ်။ စာရေးချင်သလား အင်တာနက်ထဲမှာ ပဲ ရေးမယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ တကယ်သာ မိမိမှာ လုံလောက်ပြည့်စုံတဲ့ ငွေကြေးဝင်ငွေ ပမာဏရှိပြီး မိမိနေထိုင်ရာ အရပ်ဒေသဟာ အင်တာနက်ကို စိတ်ကြိုက် အလိုရှိသလို အသုံးချနိုင်မယ့် နေရာမျိုးသာ ဆိုလိုကတော့ ကျွန်တော်တို့ စက်ထဲမှာ ကိုယ်ရေးကိုယ်တာ ခဏခဏ မဖြစ်မနေသုံးနေရမယ့် အချက်အလက်တစ်ချို့လောက်ကလွဲရင် ကျန်တာတွေ အားလုံးကို အင်တာနက်မှာပဲ သိမ်းဆည်းပြီး ကျွန်တော်တို့ လှုပ်ရှားနေလို့ ရပါတယ်။ ခု ဒီလို အင်တာနက်ကနေ အဆင်သင့် ရယူအသုံးချလုပ်ဆောင်သွားနိုင်တဲ့ Web applications  တွေ အကြောင်းကို အစပျိုး မိတ်ဆက်ပြီးသွားတဲ့ နောက်မှာ သူတို့ အားလုံးထဲကမှ လတ်တလော ကျွန်တော်ကိုယ်တိုင်လည်း အသုံးပြုနေပြီး ဘက်စုံ အသုံးချဖို့ အဆင်ပြေတဲ့ ဝေဟင်ထက်က ဝန်ဆောင်မှု တစ်ခုနဲ့ ကျွန်တော် မိတ်ဆက်ပေးချင်ပါတယ်။ တစ်ချို့အတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေနိုင်ပေမယ့် တစ်ချို့အတွက်တော့ လတ်တလော အသုံးချနေတဲ့ ရင်းနှီးပြီးသား Apps တစ်ခု လည်း ဖြစ်နေနိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ခုပြောမှာ ကုန်ပစ္စည်း ကြေငြာတာမျိုး မဟုတ်ပဲ အဲ့ဒီ့ Web Apps ရဲ့ အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ထဲက အနည်းအကျဉ်းကို မိတ်ဆက်ပေးမှာ မို့လို့ သိရှိပြီးသား သူရော မသိရှိသေးသူတွေ အတွက်ပါ အနည်းနဲ့ အများ အကျိုးရှိစေနိုင်လိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။


သူကတော့ Google ရဲ့ ဝန်ဆောင်မှုတွေထဲကမှ နာမည်ကြီး လူသိများတဲ့ Google Docs ပဲ ဖြစ်ပါတယ်။ Google Docs နဲ့ စိမ်းနေသူများ အတွက် အကျဉ်းချုံး မိတ်ဆက်ပေးရမယ် ဆိုရင် Google Docs ဆိုတာ မိမိမှာ Google Account တစ်ခုရှိယုံနဲ့ အင်တာနက်ထဲမှာ documents တွေ, presentations တွေ, spreadsheets တွေအပါအဝင် web forms တွေထိ ဖန်တီး ၊ တည်းဖြတ် ၊ မျှဝေ ၊ သိမ်းဆည်းမှုတွေ လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်ပြည့် Office Apps တစ်ခုလို့ ဆိုရမှာပါ။ ဒါတင်ပဲလား .. မကသေးပါဘူး။ သူတို့တွေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ တစ်ခြား ပြုပြင်ပြောင်းလဲမှုတွေ အသုံးဝင် Features တွေ မြောက်များစွာ ရှိနေပါသေးပါသေးတယ်။ လောလောဆယ်မှာတော့ သူတို့ အားလုံးထဲကမှ Google Docs ကို လက်ရှိ အသုံးပြုနေသူ ၊ သို့တည်းမဟုတ် နောင်တစ်ချိန်မှာ အသုံးပြုလာနိုင်သူတွေ အတွက် တန်ဖိုးရှိလောက်မယ့် Google Docs ရဲ့ စွမ်းဆောင်ရည် ( ၅ ) ချက်အကြောင်း မိတ်ဆက်ပေးသွားပါမယ်။ 


( ၁ ) အင်တာနက် အတွင်း အခြားသူများ၏ ထင်မြင်ချက်အား ကောက်ခံရယူခြင်း


အင်္ဂလိပ်လို အလွယ်ပြောရရင်တော့ ဒါ Online Surveys သဘောပါပဲ။ Online Surveys ဆိုတာဘာလဲ - ဒါက အင်တာနက် အသုံးပြုနေကျ သူတစ်ယောက်အတွက်တော့ သိပ်ဆန်းကျယ်တဲ့ မေးခွန်း မဟုတ်ပါဘူး။ လက်တွေ့ဘဝနဲ့ မြင်သာအောင် ပြောရရင် ကုန်ပစ္စည်း တစ်ခု ၊ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် စတာတွေက ကျွန်တော်တို့ လူ့ဘောင်အတွက် ကောင်းကျိုးပေးသလား ဆိုးကျိုးပေးသလား - သူ့မှာ ကောင်းချက်တွေ များသလား ၊ ဆိုးချက်တွေ များသလား ... စတာတွေကို လူအများရဲ့ မဲဆန္ဒ ကောက်ယူတာကို ခေါ်တာပါ။ ရပ်ထဲ ၊ ရွာထဲမှာတော့ မဲဆန္ဒ ကောက်ယူတယ်ပေါ့။ ကျွန်တော်တို့ အင်တာနက်ထဲ မှာတော့ Online Surveys ကောက်ခံတယ်ပေါ့။ ဒါလေးပဲ ကွာပါတယ်။



အင်တာနက်ထဲကနေ အများသူငါရဲ့ မဲဆန္ဒ ကောက်ယူနိုင်ဖို့ ဆိုတာ တကယ်လို့ ကျွန်တော်တို့မှာသာ ကိုယ်ပိုင် Domain တွေ Hosting တွေ မရှိခဲ့ဘူးဆိုတာ တော်တော်လေး အခက်တွေ့စေမယ့် လုပ်ဆောင်မှုမျိုးပါ။ ဒါပေမယ့် ဒီ အခက်အခဲ အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ Google Docs က စီစဉ်ပေးထားပါတယ်။ Google Docs ကို ဝင်ပြီး ဖောင်ထဲကနေမှ Create new >> Form ကနေမှ တစ်ဆင့် လုပ်ဆောင်သွားမယ် ဆိုရင် မိနစ်ပိုင်း အတွင်း ကျွန်တော်တို့ အလိုရှိတဲ့ Online Surveys လို့ ခေါ်တဲ့ အွန်လိုင်း မဲဆန္ဒ ကောက်ခံခြင်း လုပ်ငန်းစဉ်ကို ခဏချင်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီအောက်က Form လေးကတော့ ကျွန်တော် ပေါက်ပန်းဈေး လုပ်ထားတာလေးပါ။ :D




ဒီနေရာလေး ကနေ သွားပြီး ကျွန်တော့်ကို အပျင်းပြေ ဆန္ဒမဲလေး ပေးခဲ့ကြပါဦးနော်။ :D


( ၂ ) Folders တစ်ခုလုံး ဝေမျှနိုင်ခြင်း



Google Docs ရဲ့ နောက်ထက် တန်ဖိုး မဖြတ်နိုင်တဲ့ Features များစွာထဲက တစ်ခုက မိမိ ဝေမျှချင်တဲ့ ဖိုင်တစ်ခု သို့တည်းမဟုတ် folders တစ်ခုလုံးကို ဝေမျှနိုင်တာပါ။ ဒီ နည်းလမ်းကို အသုံးပြုပြီး ကိုယ့်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက် ရောင်းရင်းတွေနဲ့ အတူ အင်တာနက်အပေါ် data တွေနဲ့ ပတ်သတ်ပြီး အတူတကွ လုပ်ငန်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တွေ ခုချိန်မှာ ဆိုရင် စာတွေ ၊ ဓာတ်ပုံ Slideshows တွေ နဲ့ တစ်ခြား ကျွန်တော်တို့ ဝေမျှ ချင်ရာတွေကို ကျွန်တော်တို့ ဝေမျှခံစားစေချင်သူနဲ့ အတူ Online မှာပဲ အလွယ်ကူဆုံးနည်းလမ်းတွေနဲ့ ကြည်နူးခံစားနေနိုင်ပြီ ဖြစ်ပါတယ်။ 


( ၃ ) Formats များ ပြောင်းလဲ ရယူနိုင်ခြင်း



Google Docs ထဲက ကျွန်တော် နှစ်သက်တဲ့ အခြား features တစ်ခုကတော့ documents တွေကို formats တစ်ခုကနေ အခြားတစ်ခုဆီ ပြောင်းလဲနိုင်တဲ့ features ပါပဲ။ ဘာမှ ဆန်းဆန်းပြားပြား လုပ်ဆောင်နေစရာ လုပ်ဆောင်တတ်စရာ မလိုပါဘူး။ ရှင်းရှင်းလေးပဲ Upload တင်လိုက်ပြီး ရိုးရိုးလေးပဲ ပြောင်းယူလိုက်ယုံပါပဲ။ MS Office, Office 2007, OpenOffice, PDF, RTF, ... စတာတွေ ကို Upload တင်ပြီး မိမိနှစ်သက်ရာ formats တစ်ခုကို ပြောင်းယူရမှာပါ။ ပြောင်းယူနည်းကတော့ အပေါ်မှာ ပြထားတဲ့ အတိုင်းပါပဲ။


( ၄ ) မိမိ Blog သို့တိုက်ရိုက် Post တင်နိုင်ခြင်း



ဒါကတော့ ကျွန်တော် သဘောအကျဆုံးပါပဲ။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော့်မှာ ကိုယ်ရေးကိုယ်တာ ရေးတဲ့ ဘလော့ တစ်ခုရှိတယ်။ ပြီးတော့ MF မှာလည်း စာရေးတယ်။ MF မှာ ရေးပြီးသား စာတွေတင်ဖို့ Copy Paste လုပ်ယုံနဲ့ မပြီးပါဘူး။ ကျွန်တော့် စာတွေထဲမှာပါတဲ့ ဓာတ်ပုံတွေ Links တွေ အသက်ဝင်အောင် ကျွန်တော့်မှာ လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေ အများကြီး ရှိပါသေးတယ်။ ဒါတွေအားလုံးကို နေ့တိုင်း MF မှာလည်း လုပ် Blog မှာလည်း လုပ် နဲ့ ကျွန်တော် ( ၂ ) ခါ မလုပ်နိုင်ပါဘူး။ အဲလောက်လဲ ကျွန်တော် မအားပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော် Google Docs ကို သုံးပြီး Online မှာ စာရေးတယ်။ ပြီးရင် ဒီမှာ ရေးထားတာတွေကို MF မှာ တင်တယ်။ MF မှာ စာတင်ရတာ Copy Paste လုပ်ယုံနဲ့ Links တွေ ဓာတ်ပုံတွေ မပါတော့ တင်ရတာ တော်တော် ပင်ပန်းပါတယ်ဗျာ။ အဲကနေ အားလုံးပြီးသွားတော့မှ Google Docs မှာရှိတဲ့ အထက်ပေါ်ပြပါ နေရာပုံလိုမျိုး နေရာကနေ Post to blog ကို နှိပ်လိုက်ပါတယ်။ သူကတော့ ဘာမှ မပင်ပန်းပါဘူး။ ကိုယ်ရေးထားတဲ့ အတိုင်း blog မှာ တက်သွားတာပါပဲ။ Copy Paste စရာတောင် မလိုပါဘူး။ အဲလောက် လွယ်ပါတယ်။ ဒီနည်းစနစ်ကို သုံးပြီး ကိုယ့် Docs တွေကို အခြားတစ်ယောက်ဆီ ဝေမျှနိုင် ၊ တည်းဖြတ်ခိုင်းနိုင် ၊ စသဖြင့် စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။ Post to blog လုပ်ဖို့ အတွက် မိမိရေးထားတဲ့ စာမျက်နှာရဲ့ ညာဘက်အပေါ်ထောင့်မှာ ရှိနေတဲ့ Share ကနေ Publish as web page ... > ပြီးနောက် Post to blog ဆိုရပါပြီ။ တစ်ခါတစ်လေ Error လေး ပေါ်လာတတ်ပေမယ့် ( ၂ ) ခါ ( ၃ ) ခါလောက် ပြန်လုပ်လိုက်ရင် ရသွားတာ ချည်းပါပဲ။


( ၅ ) Google Docs Viewer အား အသုံးချခြင်း



နောက်ထပ် အသုံးတည့်တဲ့ Google Docs ရဲ့ Features တစ်ခုကတော့  documents တွေကို ကြည့်ရှုနိုင်ဖို့ ဘာ software မှ ကျွန်တော်တို့ စက်ထဲကို ဒေါင်းလုပ်ချ အင်စတော လုပ်စရာ မလိုပဲ အွန်လိုင်းမှာတင် URL ရိုက်ထည့်ပြီး ကြည့်ရှုနိုင်မယ့် လုပ်ငန်းစဉ်ပါပဲ။ ဒါကို လုပ်ဆောင်နိုင်ဖို့ အတွက်ကတော့ ဒီနေရာကို သွားပါ။ ပြီးရင် Docs တည်ရှိနေတဲ့ URL ကို ရိုက်ထည့်ပြီး ကြည့်လိုက်ရင် သူ Support ပေးတဲ့ Formats သာ မှန်ပါစေ မလွဲမသွေ ကျွန်တော်တို့ ကြည့်ချင်တဲ့ Documents တွေကို Online မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


အထက်မှာ ကျွန်တော် ဖော်ပြခဲ့တဲ့ ဖော်ပြချက်တွေဟာ တစ်စုံတစ်ယောက်သောသူအတွက် အကျိုးရှိစေနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။ MF မိသားစုဝင်များ ဗဟုသုတ တိုးပွားကြပါစေ။


KznT.

Think again

Leave a Comment
ဒီနေ့ ငယ့်ကို အရမ်း သတိရနေတယ် ..

လွမ်းတယ်ဆိုတဲ့ စကားနဲ့ ယဉ်ပါးနေတာ ကြာခဲ့ပေမယ့် .. ဒီဘဝ ထဲကနေ လွတ်မြောက်ပြေးထွက်ပြီး ငယ့်နားနားနေချင်ခဲ့တာ ကြာပါပြီ ငယ် .. ပြီးတော့ ငယ် အမြဲ ကြားချင်တယ်လို့ ပြောတဲ့ စကားတစ်ခွန်း ငယ့် နားနားမှာ ကပ်ပြီး ပြောချင်တယ် .. 



ငယ့်ကို ကို အရမ်းချစ်တယ် ..

ဒီ သီချင်းက ဟိုးအရင်ထဲက နားထောင်ဖူးတယ် .. ဒါပေမယ့် ရင်ဘတ်ထဲ ဝင်မလာဘူး .. ဒါပေမယ့် ဒီနေ့ နားထောင် ဖြစ်တော့ ငယ့်ကို သတိရနေတဲ့ စိတ်နဲ့ ခဏခဏ ပြန်နားထောင်ဖြစ်နေတယ် .. သီချင်းထဲမှာ ငယ် ရှိနေသလိုပဲ ..

ဟင့်အင်း .. ကျေးဇူး ပြုပြီး သီချင်းထဲမှာ မနေပါနဲ့ ငယ် ။

ကို့ နားမှာ လာနေပေးလှည့်ပါ။





KznT.

Keyboard shortcuts 230 for Top Web Services

Leave a Comment
Keyboard shortcuts နဲ့ ပတ်သတ်ရင် Applications နဲ့ Windows က Shortcuts တွေကိုပဲ လူသိများပြီး စိတ်ဝင်စားကြပါတယ်။ ဒီအောက်က Keyboard shortcuts တွေကတော့ လူသိနည်းပြီး သိပ်စိတ်မဝင်စားကြတဲ့ ကျွန်တော်တို့ နေ့စဉ် ဝင်ရောက်အသုံးပြုနေကျ ထိပ်တန်း Web Services တွေမှာ ရှိနေတဲ့ Keyboard shortcuts တွေပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ စုဆောင်းထားနိုင်အောင် ဝေမျှလိုက်ပါတယ်။


Gmail

 Gmail logo



c – compose a new mail
/ – puts your cursor in the search box
k – move to newer conversation
j – Move to older conversation
n – next message
p – previous message
o or Enter – open a conversation
u – return to conversation list
y – archive a conversation
m – mute (archive and make all future messages from this conversation skip the inbox)
x – select conversation
s – star a message or conversation
! – report spam
r – reply to a mail
a – reply to all recepients
f – forward message
Esc – escape from input field
ctrl+s – save draft


key combos
tab then Enter – send message
y then o – archive your conversation and move to the next one.
g then a – go to all mail
g then s – go to starred conversations
g then c – go to contacts list.
g then d – go to drafts
g then i – go to inbox


Gmail shortcuts အပြည့်အစုံကြည့်ရန်

Google Reader

 Google reader logo


j/k – selects the next/previous item in the list
space/shift-space – moves the page down/up
n/p – in list view, selects the next item without opening it
o – in list view, expands or collapses the selected item
enter – in list view, expands or collapses the selected item
s – stars the selected item
shift-s – shares the selected item
m – switches the read state of the selected item
t – opens the tagging field for the selected item
v – opens the original source for this article in a new window
shift-a – marks all items in the current view as read
1 – displays the subscription as expanded items
2 – displays the subscription as a list of headlines
r – refreshes the unread counts in the navigation
shift-n/p – selects the next/previous subscription or folder in the navigation
shift-x – expand or collapse a folder selected in the navigation
shift-o – opens the item currently selected in the navigation
gh – goes to the Google Reader homepage
ga – goes to the “All items” view
gs – goes to the “Starred items” view
gt – allows you to navigate to a tag by entering the tag name
gu – allows you to navigate to a subscription by entering the subscription name
u – hides and shows the list of subscriptions
? – displays a quick guide to all of Reader’s shortcuts


Google Reader shortcuts အပြည့်အစုံကြည့်ရန်

Google Calendar

 Google calendar


calendar view


c – Allows you to create a new event. + c allows you to create an event in a new window.
/ – Places your cursor in the search box
p – Moves your calendar view to the previous date range
n – Moves your calendar view to the next date range
t – Moves you to the current day
d – Displays your calendar in the “Day” view
x – Displays your calendar in a customized view
w – Displays your calendar in the “Week” view
m – Displays your calendar in the “Month” view
a – Displays your calendar in the “Agenda” view
q – Opens “Quick Add”
Esc – Brings you back to the default calendar view
event view
Enter – Expands a collapsed region
Tab – Moves your cursor to the next field
Alt then s – Saves the event
Esc – Brings you back to the default calendar view


Google Calendar shortcuts အပြည့်အစုံကြည့်ရန်

Google Maps

 Google Maps logo




arrow keys – pan the map in various directions
page up, page down, home and end – pan out even wider
+/- – zoom in/out


Google Maps shortcuts အပြည့်အစုံကြည့်ရန်

Google Video

 Google video logo



space bar – play/pause
right/left arrow skip -jump back 5%
up/down arrow – increase/decrease the volume 5%
m – mute
f – toggle full screen
Esc – return from full screen to normal mode


Google Video shortcuts အပြည့်အစုံကြည့်ရန်

Google Docs & Spreadsheets

 Google Docs logo


Ctrl+B – bold
Ctrl+C – copy
Ctrl+I – italicize
Ctrl+P – print
Ctrl+S – save
Ctrl+U – underline
Ctrl+V – paste
Ctrl+X – cut
Ctrl+Y – redo
Ctrl+Z – undo
Shift+Tab – move to previous cell/row
Tab – move to next cell/row


အထက်ဖော်ပြပါ shortcuts များဟာ docs နဲ့ spreadsheets မှာပဲ အလုပ်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီ Apps ၂ ခုလုံးမှာ ပါဝင်တဲ့ keyboard shortcuts အားလုံးကို အပြည့်အစုံ သိချင်မယ် ဆိုရင်တော့ အောက်ဖော်ပြပါ နေရာမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။


Google Docs & Spreadsheets shortcuts အပြည့်အစုံကြည့်ရန်

Netvibes

Netvibes logo

main panel


h – show help
arrow keys – navigate through modules
e – edit module
d – delete module
p – publish module
Enter – perform action on module (depending on the module, it can be open feed, start typing, etc)
Esc – removes focus from current module
a – add content to your Netvibes page
j and k – navigate through tabs
tabs shortcuts
t then o – opens tab options
t then 1,2,3,4 – sets the number of columns to 1,2,3 or 4 in the current tab
t then r – rename tab
t then d – delete tab
content panel
h – show help
a – add new feed
b – go to Netvibes ecosystem
t – close the content panel
feed reader
h – show help
n – next item
p – previous items
a – mark all as read
u – mark all as unread
Esc – close feed reader


Netvibes shortcuts အပြည့်အစုံကြည့်ရန်

Wikipedia

Wikipedia


+ – add a new section (talk pages only)
. – opens your user page if logged in
= – protect/unprotect the current page (sysops only)
c – shows the content page associated with the current article
d – delete/undelete the current page (sysops only)
e – edit this page/show source of current page
f – search Wikipedia
h – current page’s history
j – shows all of the pages that link to the current one
k – shows recent changes in pages linked to the current one
l – opens your watchlist (logged – in users only)
m – move the current page and its talk page (non – move – protected pages only)
n – opens your user’s or IP’s talk page
p – shows a preview of your changes (on edit pages)
q – shows a list of all special pages
r – shows a list of recent changes to the Wikipedia
s – saves the changes that you have made (on edit pages)
t – opens the current article’s talk page
u – allows you to upload images or media files
v – shows what changes you made to the text (on edit pages)
w – adds the current page to your watchlist (logged – in users only)
x – loads a random article
y – opens a list of your user’s or IP’s contributions
z – goes to the Main Page


Wikipedia shortcuts အပြည့်အစုံကြည့်ရန်

Blogger

 Blogger logo


အောက်ဖော်ပြပါ shortcuts တွေက posts တွေကို edit လုပ်တဲ့ အချိန်မှာ အသုံးပြုရမှာ ဖြစ်ပါတယ်။


control + b – Bold
control + i – Italic
control + l – Blockquote (when in HTML – mode only)
control + z – Undo
control + y – Redo
control + shift + a – Link
control + shift + p – Preview
control + d – Save as Draft
control + p – Publish Post
control + s – Autosave and keep editing
control + g – Hindi transliteration


Blogger shortcuts အပြည့်အစုံကြည့်ရန်

Remember the Milk

 remember the milk


t – Add a new item to the current list
c – Complete the selected task/s
p – Postpone the selected task/s by one day if they have a due date
d – Change the due date of the selected task
f – Change the repeat of the selected task
g – Change the time estimate of the selected task
s – Change the tags for the selected task
u – Change the URL for the selected task
l – Change the location for the selected task
y – Add a note to the selected task
r – Rename the selected item
z – Undo the last action
1 – Set the priority of the selected task/s to 1
2 – Set the priority of the selected task/s to 2
3 – Set the priority of the selected task/s to 3
4 – Set the selected task/s to have no priority
Del – Delete the currently selected task(s)
a – Select all items in the current list
n – Select none of the items in the current list
k – When on a list, move the cursor up
j – When on a list, move the cursor down
i – When on a list, select an item
h – Switch between tabs (e.g. Task and Notes)
m – Toggle multi – edit mode on or off (default is off)
Tab – Save input and move to the next input field
Esc – Remove the cursor from the current input field


Key Combos
Ctrl + Shift + / – Moves the cursor to the search box
Ctrl + Shift + 6 – Switch to the Overview screen
Ctrl + Shift + 7 – Switch to the Tasks screen
Ctrl + Shift + 8 – Switch to the Locations screen
Ctrl + Shift + 9 – Switch to the Contacts screen
Ctrl + Shift + 0 – Switch to the Settings screen
Ctrl + Shift + Right – Switch between tabs (e.g. move to the next list)
Ctrl + Shift + Left – Switch between tabs (e.g. move to the previous list)
Ctrl + Shift + l – Skip to Login screen (from homepage)


Locations Shortcuts


Arrow Keys – pan/move around the map
Page Up, Page Dn, Home, End – Pan – Move around the map, wider pan than arrow keys
+/- – Zoom In/Out
Ctrl + Shift + l – Moves the cursor to the location ‘go’ box


Remember the Milk shortcuts အပြည့်အစုံကြည့်ရန်

Pandora

 Pandora


Space – play/pause
right arrow – skip song
+ – mark as “thumbs up”
– mark as “thumbs down”
up arrow – increase volume
down arrow – decrease volume
Shift+up arrow – max volume
Shift+down arrow – mute


Pandora shortcuts အပြည့်အစုံကြည့်ရန်

Yahoo! Mail

 Yahoo! Mail


m – check mail
Shift+m – check all mail
Ctrl+ – close current tab
n – new message
Shift+n – new message in its own window
r – reply
Shift+r – reply in a new window
a – reply all
Shift+a – reply all in a new window
f – forward message
Shift+f – forward in a new window
k – mark as read
Shift+k – mark as unread
l – flag
Shift+l – clear flag
del – delete item
p/Ctrl+p – print
Ctrl+s – save draft
Ctrl+Enter – send message
v – turn reading pane on/off
Ctrl+[ - navigate through tabs
Ctrl+] – navigate through tabs
Enter – open message in its own tab (when message is selected)
Enter – edit contact info (when contact is selected)
Ctrl+f – find a word or phrase in message
F11 – expand window to max height
Ctrl+. – next message (in message tab)
Ctrl+, – previous message (in message tab)
Ctrl+Alt+Shift+up arrow/down arrow – next/previous message
Ctrl+Shift+End – skip to oldest unread message
d – move message to folder
Esc – close read – message tab
Ctrl+Shift+End – start a new chat


Yahoo! Mail shortcuts အပြည့်အစုံကြည့်ရန်

Wordpress

 Wordpress logo


အောက်မှာ စာလုံးတွေကို Uppercase နဲ့ ဖော်ပြထားတဲ့ ရည်ရွယ်ချက်က အဲ့ဒီ့ shortcuts တွေကို သုံးတဲ့ အချိန်မှာ Alt+Shift+ .. နဲ့တွဲပြီး အသုံးချဖို့ ဖြစ်ပါတယ်။


Alt+P – publish
Alt+B – bold
Alt+I – italic
Alt+Q – Blockquote
Alt+T – more (Read More tag)
Alt+U – ul (Unordered list)
Alt+O – ol (Ordered list)
Alt+L – li (list item)
Alt+A – link
Alt+C – code
Alt+S – ins
Alt+D – del

KznT.

Earth Hour 2010 is here again

Leave a Comment
Earth Hour 2010 ကို ကျွန်တော်တို့ နောက်တစ်ကြိမ်ရောက်ရှိလို့ လာပြန်ပါပြီ။ Earth Hour 2010 မှာ ကျွန်တော်တို့တွေကိုယ်တိုင် ပါဝင်ဆင်နွဲနိုင်ဖို့ အတွက် သက်ဆိုင်ရာ နေရာဒေသအလိုက် မိမိနေထိုင်ရာ အချိန်ပေါ်မူတည်ပြီး March 27 ရက်နေ့ ည ၈ နာရီခွဲ ( 8:30 ) ကနေ ၉ နာရီခွဲ ( 9:30 ) အချိန်ထိ ကျွန်တော်တို့နဲ့ အနီးအနားက မီးတွေကို ငြိမ်းသက်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ နဲ့ အတူ ကမ္ဘာတစ်ဝှမ်းက လူတွေလည်း ဒီ Earth Hour 2010 ကို ပါဝင်ဆင်နွှဲနိုင်ဖို့ မီးတွေကို ငြိမ်းသက်နေထိုင်သွားကြမှာပါ။ ဒီလှုပ်ရှားမှုဟာ ကျွန်တော်တို့ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတု အပြောင်းအလဲတွေနဲ့ စစ်ဘေးစစ်ဒဏ်တွေကို လူအများသတိပြုမိပြီး စစ်မဲ့ငြိမ်းချမ်းရာ ကမ္ဘာသစ်တစ်ခုဆီ ကမ္ဘာသူ ကမ္ဘာသား အားလုံး အတူတကွ တက်လှမ်းနိုင်ကြရအောင် ရည်ရွယ်တာပါ။

Earth Day 2010


Earth Hour ကို WWF လို့ လူသိများတဲ့ ကမ္ဘာ့အကြီးမားဆုံး ၊ လူအများ အလေးအထားကြဆုံး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ အနာဂတ် ကမ္ဘာအား စောင့်ရှောက်ရေးအဖွဲ့အစည်း ကနေ ကြီးမှုး စီစဉ်ခဲ့တာပါ။ ဒီမှာတော့ Earth Hour 2010 နဲ့ ပတ်သတ်ပြီး ထုတ်လွှင့်ထားတဲ့ Official  Video ပါ။



ဒါတွေကတော့ အောင်မြင်ခဲ့တဲ့ Earth Hour 2008 နဲ့ Earth Hour 2009 ဗွီဒီယို တွေပါ။ အမေရိကန် လူမျိုး သန်း ၈၀ ကျော်နဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၃၁၈ နိုင်ငံကနေ ဒီလို မီးခဏတာ အမှောက်ချ နေထိုင်ကြမယ့် ဖြစ်စဉ်ကို သဘောတူညီ ခဲ့ကြပါတယ်။ ဒီနေရာကနေပြီး Earth Hour နဲ့ ပတ်သတ်လို့ ကမ္ဘာ့နိုင်ငံ အသီးသီးက လူသားတွေ ဘယ်လိုလှုပ်ရှား လုပ်ဆောင်နေကြတယ် ဆိုတာ ကြည့်ရှုလို့ ရပါတယ်။



ကျွန်တော် ဒီဗွီဒီယိုကို ကြည့်ပြီး ခဏလောက် ဆွံ့အနေမိတယ်။ ကမ္ဘာသူ ကမ္ဘာသား ၊ ကမ္ဘာပေါ်မှာနေထိုင်ကြတဲ့ လူသားအားလုံး အချင်းချင်း ခုလိုအမြဲ စည်းစည်းလုံးလုံးနဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာမှာ နေထိုင်သွားကြရင် ဘယ်လောက်များ ကောင်းလိုက်မလဲ ... 




ဒါကတော့ အာကာသထဲကနေ ကမ္ဘာမြေကြီးကို အမှောင်ချထားတဲ့ အချိန်မှာ အံ့သြစွာ မြင်တွေ့လိုက်ရတဲ့ အနေအထားကို ဖော်ပြထားတာပါ။ တကယ်ကို အ့ံသြစရာပါပဲဗျာ။



ကျွန်တော်တို့လည်း Earth Hour 2010 မှာ တစ်ဖက်တစ်လှမ်းကနေ ပါဝင်ကူညီရင်း တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ လှုပ်ရှားမှု တစ်ခုမှာ ပါဝင်ကူညီကြရအောင်ပါ။

KznT.

Blogger Template Designer

Leave a Comment
ကျွန်တော့်ဆီ မနေ့က Blogger Team က Mail တစ်စောင်ရောက်လာတယ်ဗျ။ စာကို ဖတ်ပြီး တော်တော်ပျော်သွားမိတယ်။ ကိုယ့် တစ်ယောက်တည်း အတွက် မဟုတ်ပါဘူး။ Blog ကို စိတ်ဝင်စားကြတဲ့ ၊ ဝါသနာပါကြတဲ့ ၊ နောက်ထပ် တိုးတက်လာဦးမယ့် Blogger တွေအတွက် ဝမ်းသာစရာ သတင်း တစ်ခု ဖြစ်နေလို့ပါ။ ကျွန်တော်တို့ အရင် နှစ်အဆက်ဆက် စောင့်ဆိုင်းနေရတဲ့ အရာတစ်ခု အခု ရပြီတဲ့။ ဒီလို ဒီလို ... 




ဥပမာ ကျွန်တော်တို့ ဆီမှာ ကိုယ်ပိုင် ကိုယ်စီကိုယ်စီ ရေးကြတဲ့ Blog တစ်ခု ရှိတယ် ဆိုပါစို့။ Templates ဆိုတာ Blogger သမားတိုင်း သိမှာမို့ ထူးပြီး မရှင်းပြတော့ပါဘူး။ ကျွန်တော်တို့ အရင်ကဆိုရင် အဲ့ဒီ့ Templates တစ်ခု ပြောင်းဖို့ ဘာဖို့ဆို အလုပ်တော်တော်ရှုပ်ရတယ်။ ရေးထားပြီးသားတွေ Save ရ ၊ နောက်ပြီး Blog မှာ ပြင်ဆင်ထားသမျှလေးတွေ သိမ်းရဆည်းရ။ အဲလိုမလုပ်လို့ကလည်း မဖြစ်။ အယောင်ယောင်အမှားမှားနဲ့ ဘာမှမသိမ်းပဲ Templates ချိန်းလိုက်လို့ကတော့ လုပ်ထားသမျှ အဆန်းလေးတွေ ပြောင်ပြီသာမှတ်။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့ Btemplates တို့ ဘာတို့ကနေ Templates လေးတွေ ကောင်းနိုးရာရာ သွားကြည့်တယ်။ Blog တစ်ခု လုပ်ရတာ ၁၅ မိနစ် မကြာပေမယ့် အဲ့ဒီ့ Templates ကို စိတ်တိုင်းကျအောင် လိုက်ပြောင်းရတာ တော်တော် စိတ်ရှုပ်ဖို့ ကောင်းတယ် ဆိုတာ blogger သမားတိုင်း ခံစားဖူးကြမှာပါ။ လှတယ်ထင်လို့ Download ချပြီး ကိုယ့် Blog မှာ တင်လိုက်ခါမှ တက်လည်းလာရော အပြင်မဆင်မကြိုက်ရတာနဲ့၊ အရောင် သဘောမကျရတာနဲ့ ၊ စာလုံးတွေက သေးနေရတာနဲ့ ပြဿနာက စတက်ပြီ။ HTML ထဲ ဝင်မြွှေပီး ပြင်ရ ဘာရ အလုပ်က ရှုပ်ပြီ။

ခုဒီ ပြဿနာတွေ မရှိတော့ဘူးတဲ့။ Blogger in draft မှာ Blogger Template Designer ဆိုတာ ခုရှိနေပါပြီတဲ့။ ပျော်ဖို့ ကောင်းလိုက်တာဗျာ။ သူက ဘာလုပ်လို့ ရတာလဲ ဆိုရင် သာမန်အသုံးပြုသူ HTML တို့ CSS တို့ ဆိုတာတွေ ဘာမှ နားမလည်သူတွေအတွက် သူတို့ အကြောင်းကို ဘာမှ နားလည်ထားစရာ မလိုပဲ Blogger Template Design ကို မိမိစိတ်ကြိုက် ပုံဖော်ဖန်တီးနိုင်တော့ မတဲ့။ ဒီမှာ Blogger Template Designer ရဲ့ Features တစ်ချို့ပါ။

  • မြင်မြင်သမျှ လှတဲ့ Templates တွေကနေ စတင်ရမယ်။
  • Column ၁ ခုလား ၊ ၂ ခုလား ၊ ၃ ခုလား ကြိုက်ရာကို ရွေးနိုင်မယ်။
  • Background Images ပေါသ်း ရာနဲ့ချီရှိမယ်။
  • Fonts တွေ ၊ Colors တွေ နောက် တစ်ခြား များစွာ စိတ်ကြိုက် ပြင်ဆင်နိုင်မယ်။

Blogger သမားတွေ ခုပဲ ဒီနေရာကနေ သွားစမ်းကြည့်လိုက်ပါ။ Blogger in Draft ကိုရောက်ရင် Login ဝင်လိုက်ပါ။ Layout tab ကို ကလစ်ပြီး အဲ့ဒီကနေမှ တစ်ဆင့် Sub-tabs မှာရှိနေတဲ့ Template Designer ကို သွားပါ။ ဒီလို ပုံမျိုးပေါ့။


လက်ရှိ ကိုယ့် Blog ကို တစ်ချက် မထိခိုက်စေပဲ မိမိစိတ်ကြိုက် စတင်ပြင်ဆင်နိုင်ပါပြီ။ အားလုံးထဲက မိမိသဘောကျတာ တစ်ခုကိုတွေ့ပြီး စိတ်ကြိုက်လည်း ပြင်ဆင်ပြီးပြီ ဆိုရင်တော့ ညာဘကါ အပေါ်ထောင့်နားလေးမှာ ရှိတဲ့ Apply to Blog ကို နှိပ်ပြီး အတည်ပြုနိုင်ပါပြီ။ ( တစ်ခု သတိပေးချင်တာကတော့ ကိုယ့်မှာ စိတ်ကြိုက်ရှိပြီးသား Template ရထားတဲ့ Blog ရှိပြီး ဒီကောင်ကို စမ်းယုံလေးပဲ သုံးကြည့်ချင်တာမျိုး ဆိုရင် မစမ်းခင်မှာ Layout > Edit HTML ကနေ Template အဟောင်းကို Backup လုပ်ထားဖို့ အကြံပေးချင်ပါတယ်။ ) ဒီအောက်က ပုံက ကျွန်တော့် ကိုယ်ရေးကိုယ်တာရေးတဲ့ Personal Blog မှာ ကျွန်တော် စမ်းထားတာပါ။



တကယ်လို့ blog က classic templates blogs ဖြစ်နေမယ် ဆိုရင်တော့ အပေါ်မှာ ပြောခဲ့တဲ့ Layout နေရာမှာ Template link ဒါမှမဟုတ် tab တစ်ခုအနေနဲ့ တွေ့နေရပါလိမ့်မယ်။ အဲလို ဖြစ်နေတယ် ဆိုရင်တော့ Template Designer ကို မစမ်းခင်မှာ Classic ကို အရင် ပြောင်းပေးရပါလိမ့်မယ်။ Classic > Customize Design ကို သွားပါ အဲ့ကို ရောက်ရင် ညွှန်ကြားထားတဲ့ အတိုင်း ဆက်လုပ်သွားပါ။ အရင်ဆုံးတော့ blogger မှာ မူလတည်းက ပါတဲ့ old templates တစ်ခုကို အရင်ရွေးပေးရပါလိမ့်မယ်။ ဒါပေမယ့် စိတ်မညစ်ပါနဲ့ Template Designer ကနေ ကျွန်တော်တို့ စိတ်ကြိုက် ပြန်ရွေးလို့ ရပါတယ်။

Template Designer ဘယ်လို လုပ်ဆောင်တယ်ဆိုတာ ကျွန်တော် ရှင်းပြတာကို လိုက်ဖတ်နေရရင် မျက်စိညောင်းပါတယ်။ ဒီနေရာကနေ Youtube မှာ သွားကြည့်လိုက်ပါ။ ဒီလောက်နဲ့ မလုံလောက်သေးဘူး ဒီ့ထက် အသေးစိတ် သိချင်သေးတယ် ဆိုရင် ဒီနေရာကို သွားဖတ်ပေးပါ။

MF မိသားစုဝင် Blogger များ Templates အသစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ ... ။

KznT.

URL Shortening Service

Leave a Comment


လွန်ခဲ့တဲ့ ( ၂ ) လလောက်က ကျွန်တော် Google URL shortening service ဆိုတဲ့ Feedburner နဲ့  Google Toolbar အတွက် အသုံးဝင်တဲ့ URL shortening Service အသစ်တစ်ခု တွေ့ခဲ့ပါတယ်။ ဒီ Google URL shortening service က အရင် အသေအချာစဉ်းစား ပြင်ဆင်ပြီးမှ Toolbar ထဲကို ထည့်သွင်းရတဲ့ URL shorting code လောက် သိပ်အချိန်ပေး မပြင်ဆင်ခဲ့ရပါဘူး။ နောက်ပိုင်း စာမျက်နှာတစ်ခုမှာ YQL ကိုသုံးပြီး သူတို့ ( ၂ ) ကို ပေါင်းစပ်ဖန်တီးမှု တစ်ခု လုပ်ထားတယ် ဆိုတဲ့ အကြောင်း ကျွန်တော်ဖတ်ခဲ့ရ ပါတယ်။ 



YQL ဆိုတာ တကယ်ကို အံ့သြဖို့ ကောင်းလောက်အောင် စိတ်ဝင်စားစရာ ကောင်းတဲ့ web API တစ်ခုပါ။ သူ့မှာပါတဲ့ server-side JavaScript ကိုသုံးပြီး web တွေပေါ်မှာ ကျွန်တော်တို့ လိုချင်တဲ့  သတင်းအချက်အလက်တွေကို တိတိကျကျ ရနိုင်အောင် သူက စွမ်းဆောင်ပေးနိုင်ပါတယ်။ သူမလုပ်ဆောင်နိုင်တာဆိုလို့  တော်တော်နည်းမယ်ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ code တွေကို ပေါင်းစည်းတဲ့ နေရာမှာ ဒီ Platform ကိုရွေးချယ်ခဲ့ကြတာနေမှာပါ။ Google Toolbar ဆိုတာ နဂိုတည်းက Javascript နဲ့ ရေးထားပြီးသားပါ။ ဒါကြောင့် သူ့ကို server-side JavaScript နဲ့ အတူ YQL မှာ လာပေါင်းဖို့ဆိုတာ ဘာမှ သိပ်တော့ မခက်လှပါဘူး။

ခုနောက်တော့ ဒီ URL ချုံ့တဲ့ နည်းတွေက မနည်းမနော ပေါ်လာခဲ့ပြီး ခုဆို Mozilla မှာရော ၊ Google မှာရော URL ကိုချုံ့ဖို့ Add-ons တွေ ရှိနေပါပြီ။

Mozilla အတွက်က ဒီကနေ သွားပါ။

Chrome အတွက်တော့ ဒီကနေ သွားပါ။

Goo.gl ကို သုံးပြီး ရှည်လျားလွန်းတဲ့ URL တွေကို ဘယ်လို ချုံ့ပစ်မယ် ဆိုတာ လေ့လာကြည့်ရအောင် ... အရင်ဆုံး အောက်ဖော်ပြပါ Links တွေကို တစ်ချက် စစ်ကြည့်ပါ။

Taylor Swift - You Belong With Me > http://www.youtube.com/watch?v=VuNIsY6JdUw&feature=channel > http://goo.gl/nc0g



စစ်ကြည့်ပြီးသွားရင် ဆိုရင် ယှဉ်လျှက် Links ( ၂ ) ခုက စာလုံးတွေ မတူပေမယ့် သူတို့ကို click ပေးလိုက်တဲ့ အချိန်မှာ သက်ဆိုင်ရာ သီချင်းတွေရှိတဲ့ Youtube က Link တစ်ခုတည်း ဆီကိုပဲ ရောက်သွားတာ တွေ့ရပါလိမ့်မယ်။ ဒါ ကျွန်တော်တို့ လိုချင်တဲ့ အချက်ပါပဲ။ ဘာလုပ်ဖို့လဲ လို့ မေးစရာ ရှိပါတယ်။ ကျွန်တော်တို့ တစ်ခါတစ်လေမှာ အင်တာနက် ထဲမှာ လှည့်လည်သွားလာရင်းနဲ့ webpage တစ်ခုက စာမျက်နှာ တစ်ခုကို သဘောကျလို့ နောက်တစ်ခါတည်း ပြန်သွားလို့ ရအောင် မှတ်ထားချင်ပြီ ဆိုပါစို့ ။ ဥပမာပေးရရင် ဒီ Link ကို ကြည့်ပေးပါ အရမ်းမရှည်လွန်းဘူးလား။ မှတ်ဖို့ဆိုတာ ခက်သလို တစ်ယောက်ယောက်ကို ဒီ Link Share ပေးချင်တယ် ဆိုရင်လည်း တသီတစ်တန်းကြီး ဖြစ်မနေဘူးလား။ ( ဒါ ဥပမာ ပေးတာနော် - gmail ကို တစ်ခြားနေရာကနေ လည်း သွားလို့ရတယ်ဆိုတာ အတော်များများ သိပြီးသားပါ )    https://www.google.com/accounts/ServiceLogin?service=mail&passive=true&rm=false&continue=http://mail.google.com/mail/%3Fhl%3Den%26tab%3Dwm%26ui%3Dhtml%26zy%3Dl&bsv=zpwhtygjntrz&scc=1&ltmpl=default&ltmplcache=2&hl=en ဒီတော့ ဒါကို Goo.gl သုံးပြီး ချုံပစ်လိုက်ပါတယ်။ ဒီလို ဖြစ်သွားပါပြီ။ http://goo.gl/iZm4 ကြည့်လို့လည်း ကောင်း။ သူများကို Share ပေးရင်ပဲ ဖြစ်ဖြစ် Site ရေးတဲ့ သူတစ်ယောက်ဆို သူများကို ပြဖို့လည်း အဆင်ပြေ။ ဒီ ရလာဒ်ကို ကျွန်တော် ထောက်ပြချင်တာပါ။

URL Shorting Service အတွက် Goo.gl ပဲ ရှိတာလားလို့ မေးစရာရှိပါတယ်။ သူတစ်ခုတည်း မဟုတ်ပါဘူး။ ဒီ အောက်က Chrome အတွက် Extension လေးကို တစ်ချက်ကြည့်ကြည့်ပါ။

Check this out !! > http://goo.gl/gHdC

သူ့မှာ ဆိုရင် အဲ့ဒီ့ Extension ကို Chrome မှာ install လုပ်လိုက်တာနဲ့ ကိုယ် ချုံ့ချင်တဲ့ Link ကို Goo.gl တစ်ခုတည်းတင် မဟုတ်ပဲ အမျိုး ၂၀ ကျော် နာမည်ပြောင်းပြီး ချုံ့လို့ ရပါတယ်။

ဒါကတော့ bookmarklet ထဲကလာတဲ့ Javascript code ပါ။

javascript:
var YQL_url='https://query.yahooapis.com/v1/public/yql?format=json&env=store://datatables.org/alltableswithkeys&q=';
var YQL_statement='SELECT * FROM google.goo.gl WHERE url=\''+document.location.href+'\'';
var YQL_script_url=YQL_url+encodeURIComponent(YQL_statement)+'&callback=yql_cb';
function yql_cb(response){
short_url=response.query.results.result;
prompt('Here is your short URL (be sure to copy to your clipboard): ', short_url);
}
var yql_script=document.createElement('script');
yql_script.src=YQL_script_url;
document.getElementsByTagName('head')[0].appendChild(yql_script);void(0);

သူ့ကို သုံးဖို့ကတော့ bookmark bar မှာ Right-click ထောက်ပြီး New bookmark ကနေ တစ်ဆင့် Location နေရာမှာ အပေါ်က ကုဒ်ကို ထည့်ပေးရမှာပါ။

ကျွန်တော်တို့ နေ့စဉ်နေ့စဉ် ရှင်သန်ရပ်တည်နေတဲ့ ပတ်ဝန်းကျင်မှာ တကယ်မလိုအပ်ပဲ အပိုစာသား လုပ်ဆောင်နေရတာတွေ ၊ လတ်တလောမှာ ကိုယ့်အတွက် မလိုအပ်သေးတာတွေကို သိမ်းထားရတာတွေ စသဖြင့် သေသေချာချာ စီစစ်ကြည့်ရင် တော်တော်များပါတယ်။ ဘာလုပ်မှာလဲ။ အချိန်ကုန်ပါတယ်။ လူပင်ပန်းပါတယ်။ နောက်တစ်ခုဆီ တက်လှမ်းဖို့ ခြေတစ်လှမ်းနောက်ကျစေပါတယ်။ ဒါပေမယ့် မလိုဘူးဆိုပြီး လွှင့်တော့ မပစ်လိုက်နဲ့ဦးပေါ့။ နောင်တစ်ချိန်မှာ လိုကောင်းလည်း လိုနိုင်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ မလိုအပ်တာတွေအတွက် တစ်ခုတော့ လုပ်ကြည့်ပါ။ မလိုတာတွေကို ချုံ့ပစ်လိုက်ပါ။

MF မိသားစုဝင်များ အတွက် ...

KznT.

Hands on with Internet Explorer 9

Leave a Comment
အခုနောက်ပိုင်း အတည်မထွက်ခင်တည်းက တဖြည်းဖြည်း Hot လာတဲ့ Internet Explorer 9 ကိုများ ဘယ်လိုနေမလဲ စမ်းသပ်ကြည့်ချင်ကြမလား ??
နောက် အတည်ထွက်ရှိလာမယ့် Internet Explorer 9 နဲ့အတူ ပါရှိလာမယ့် New features တွေကိုများ ဘယ်လိုရှိမလဲ မြင်ဖူးချင်ကြမလား ??

Browsers အားလုံးရဲ့ ကြားမှာ အများနဲ့ အတူ မတူထူးခြားတဲ့ စွမ်းဆောင်ချက်တွေနဲ့ ထွက်ရှိလာတော့မယ့် Internet Explorer 9 ကို ယခုကတည်းက စမ်းသပ်ကြည့်ချင်သူများ အတွက် Internet Explorer 9 Platform Preview ရှိနေပါပြီ။ အခုပဲ ရယူ စမ်းသပ်ကြည့်ကြရအောင်။





ဒီနေရာ ကတော့ Internet Explorer 9 မှာ ဘာတွေ အသစ်အဆန်း စိတ်ဝင်စားစရာတွေ ပါဝင်လာမလဲ .. သူ့မှာ တစ်ခြား Browser တွေနဲ့ မတူအောင် ဘာစွမ်းဆောင်ရည်တွေများ ဖြည့်ဆည်းပေးထားမလဲ ဆိုတာ စမ်းသပ်ကြည့်လို့ ရမယ့် နေရာပါ။

အင်တာနက် မကောင်းလို့ သို့တည်းမဟုတ် အပိတ်ခံထားရလို့ သွားလို့ မရတာတွေ ဘာတွေ ရှိနေနိုင်သူများ အတွက် အနည်းအကျဉ်း နိုင်သလောက်လေး Internet Explorer 9 ကို မိတ်ဆက်ပေးချင်ပါတယ်။

IE9 Test drive စာမျက်နှာမှာ ဘာတွေ စမ်းသပ်လို့ ရမှာလဲ ဆိုရင် လတ်တလောကာလမှာ စမ်းသပ်ပြင်ဆင်နေဆဲ Internet Explorer 9 မှာ ပါဝင်လာမယ့် Features တွေကို ခုလို အပိုင်း ( ၃ ) ပိုင်း ခွဲပြီး မိတ်ဆက်ပေးထားပါတယ်။ အဲတာတွေကတော့ -

  • Speed Demos - JavaScript နဲ့ ပေါင်းစပ်ထားပြီး ဆန်းသစ်တဲ့ Internet Explorer 9 ရဲ့ စွမ်းဆောင်ရည်တွေ ဒီနေရာမှာ လေ့လာကြည့်လို့ ရမယ်။ ဥပမာပြောရရင် - Flying Images လို့ခေါ်တဲ့ Images တွေက အသေတွေ မဟုတ်တော့ပဲ လေထဲမှာ ပျံနေတာ ၊ Text Size Animated လို့ ခေါ်တဲ့ ကလစ်ပေးလိုက်ရင် စာလုံးတွေက အလိုလို အသက်ဝင်လှုပ်ရှားလာတာ ၊ Test Justification Animated လို့ခေါ်တဲ့ Letter Spacing တွေကို ကျဉ်းနေရင် ကြီးနေတာတွေကို အလောတော် ဖြစ်အောင် လုပ်ပေးတာ၊ Map Zooming လို့ခေါ်တဲ့ မြေပုံကို အသေးစိတ် ချုံ့ချဲ့ ကြည့်နိုင်တာ ... စသဖြင့် အဲ့ခေါင်းစဉ်အောက်မှာ စမ်းသပ်နိုင်ပါတယ်။

  • HTML5 Demos - သူ့ခေါင်းစဉ်အောက်မှာတော့ စံမှီတဲ့ web နည်းပညာတွေကို ဘယ်လို မျှဝေပေးထားတယ် ဆိုတာ လေ့လာစမ်းသပ်ကြည့်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် - သူ့မှာ Border Radius လို့ခေါ်တဲ့ border-width နဲ့ border-style တွေကို ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတာတွေ၊ CSS3 Selectors လို့ခေါ်တဲ့ nodes တွေကို CSS သုံးပြီး ဘယ်လို အလွယ်တကူ ရွေးချယ်နိုင်မလဲ ဆိုတာတွေ၊ DOM Events လို့ခေါ်တဲ့ Links တစ်ခုနဲ့ ပတ်သတ်ပြီး အဲ့ဒီ့ Links ပေါ်မှာတင် သက်ဆိုင်ရာ အချက်အလက်တွေ အတိုချုံး ဖော်ပြချက်တွေ၊ .. စတာတွေ စမ်းသပ်ကြည့်နိုင်ပါတယ်။

  • Graphics Demos - သူ့အောက်မှာတော့ ထူးခြားတဲ့ ဆန်းသစ်မှုတွေနဲ့ HTML5 Graphics တွေကို ဘယ်လို Create  လုပ်ထားလဲဆိုတာ စမ်းသပ်လေ့လာနိုင်ပါတယ်။ ဥပမာ ဆိုရရင် - Falling Balls ၊ SVG–oids ၊ Business Charts ၊ Organization Chart ဆိုတာတွေ အတွက် ဘယ်လို စွမ်းဆောင်ပေးထားလဲ ဆိုတာ လေ့လာနိုင်ပါတယ်။

သူ့ကို ဘာလို့ Internet Explorer 9 လို့ မခေါ်ပဲ Internet Explorer 9 Platform Preview လို့ ခေါ်ရပါသလဲ ??

ဘာကြောင့်လဲ ဆိုရင် Internet Explorer 9 Platform Preview ဆိုတာ full web browser တစ်ခု မဟုတ်သေးပါဘူး။ သူထုတ်ပေးလိုက်တဲ့ ရည်ရွယ်ချက်က Web developers တွေအတွက် နောက်ထွက်လာမယ့် Internet Explorer နဲ့အတူ ပါဝင်လာမယ့် Web platform ကို ကြိုတင်သိရှိထားနိုင်ဖို့နဲ့ ကောင်းကွက် ဆိုးကွက်တွေကို အစောတည်းက ကြိုတင်ထောက်ပြထားနိုင်စေဖို့ ရည်ရွယ်ထားလို့ ဖြစ်ပါတယ်။ နောက်ပြီး Platform Preview ဆိုတာ beta version လိုမျိုး Customer တွေရဲ့ စိတ်ကြိုက် အခြေအနေကို ရောက်တဲ့ ထိ Build တွေကို တဖြည်းဖြည်း ပေါင်းသွားပြီး နောက်ဆုံး အားလုံး သဘောကျပြီ ဆိုတော့မှ Full browser အဖြစ် ရပ်တည်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ရည်ရွယ်ပြီး ထုတ်ထားတာမျိုးလည်း မဟုတ်ပါဘူး။


ကျွန်တော်လား ?? ဟုတ်ကဲ့ ကျွန်တော်လည်း စမ်းသပ်နေပါပြီ။ ပုံလေး ( ၂ ) ပုံလောက်နဲ့ Shortcuts လေးနည်းနည်း ပြလိုက် ၊ ပေးလိုက်ချင်ပါတယ်။ စမ်းတဲ့ အချိန်မှာ ပို အဆင်ပြေအောင်လို့ပါ။


ဒီအောက်က ပုံကတော့ ကျွန်တော် Internet Explorer 9 Platform Preview ကို သုံးပြီး ကျွန်တော့်အိမ်ကို ဖွင့်ထားတာပါ။ အဆင်တော့ ပြေပါတယ်။




လတ်တလော စစချင်းကြည့်ရင် Browser သာဆိုတယ် Address Bar ပျောက်နေပါလိမ့်မယ်။ စိတ်မပူပါနဲ့ Shortcut keys Ctrl+O နဲ့ ဖွင့်လို့လည်း ရသလို ၊ Page > Open ကနေလည်း မိမိ အလိုရှိရာ Address ကို ရိုက်ပြီး သွားနိုင်ပါတယ်။



Internet Explorer 9 Platform Preview ကို Install လုပ်လိုက်လို့ အရင် စက်ထဲမှာ ရှိနေတဲ့ Internet Explorer အဟောင်းက ပျောက်မသွားပါဘူး။ သူတို့ ( ၂ ) ခုက Side by Side တည်ရှိနေမှာ ဖြစ်ပါတယ်။ Internet Explorer 9 Platform Preview  ကို Install လုပ်ဆောင်ဖို့ အတွက် ကျွန်တော်တို့ စက်တွေက Windows 7 (x86 or x64)  ဒါမှမဟုတ် Windows Vista SP2 (x86 or x64) ဖြစ်ဖို့ လိုပါတယ်။

Internet Explorer 9 Platform Preview ကို စမ်းသပ်ကြည့်ပြီး မိမိမကျေလည်တာလေးတွေ သဘောမကျတာလေးကို Microsoft ဆီ တင်ပြချင်မယ် ဆိုရင်တော့ ဒီအောက်က Link ကနေ Download ချပြီး Internet Explorer 9 ကို စမ်းသပ်ကြည့်နိုင်ပါပြီ။

Download Here !!

Download Internet Explorer 9 Platform Preview

တကယ်လို့ ကျွန်တော်တို့တွေဟာ Vista သုံးနေတဲ့ သူတွေ ဖြစ်မယ် ဆိုရင်တော့ Internet Explorer 8 နဲ့ DirectX 2D (D2D) ကို စက်မှာ အရင်ဆုံး Install လုပ်ဖို့လိုပါလိမ့်မယ်။ Internet Explorer 8 ကိုတော့ ဒီနေရာကနေ ဒေါင်းလုပ်ချပြီး အရင် Install လုပ်ဆောင်ထားပါ။ ပြီးရင် DirectX 2D ကို Install လုပ်ဖို့အတွက်တော့ Platform Update for Windows Vista ကို ဒီနေရာကနေ ဒေါင်းလုပ်ချပြီး Install လုပ်ဆောင်ပါ။

အသုံးပြုရာမှာ လွယ်ကူစေဖို့ Internet Explorer 9 Platform Preview အတွက် Shortcuts တွေကတော့ ဒီမှာပါ။

  • Ctrl + O: Open a webpage
  • F5: Refresh
  • F10: Home
  • F12: Developer Toolbar
  • Alt + 5: Force IE5 rendering mode
  • Alt + 7: Force IE7 rendering mode
  • Alt + 8: Force IE8 rendering mode
  • Alt + 9: Force IE9 rendering mode
  • Alt + 0: Reset Document Mode to the page default
  • Ctrl +/-: zoom in and out
  • Alt + ?: Help
  • Ctrl + S: Save Webpage As…
  • Alt + /: About

MF မိသားစုဝင်များ နယ်မြေသစ်မှာ ပျော်ရွှင်နိုင်ပါစေ။

KznT.

Differences between 64 bits and 32 bits OS

Leave a Comment

တကယ်လို့ ကျွန်တော်တို့တွေဟာ လတ်တလော အခြေအနေမှာ ရှိနေတဲ့ operating system တွေရဲ့ 64-bit နဲ့  32-bit အကြောင်းကို တိတိကျကျ သိရှိမထားလို့ သူတို့ ( ၂ ) ဦးမှာ ဘယ်ဟာက ဘယ်သူ့ထက်ပိုကောင်းသလဲ ဆိုတာ ခွဲခြားရခက်နေမယ့် အခြေအနေမျိုး ရှိနေပြီဆိုရင် ဒီ မရေရာနဲ့ အသိစိတ်နဲ့ အတူ တဆက်တစပ်တည်း ပူးတွဲခံစားလာရတဲ့ မေးခွန်းတစ်ခုက " 64-bit version Windows ကို တကယ်ရော ကျွန်တော်တို့ အသုံးပြုသင့်ရဲ့လား ? " ဆိုတဲ့ မေးခွန်းပါ။ တကယ်လို့ အသုံးပြုသင့်ပြီ ဆိုရင်ရော " ဘာကြောင့် 64-bit version Windows ကို အသုံးပြုသင့်တာလဲ ? " ။ ဒီမေးခွန်းတွေအတွက် သင့်တော်မယ့် အဖြေတစ်ခုဆီ ကျွန်တော်တို့ချဉ်းကပ်ကြည့်ပါမယ်။



လတ်တလော အခြေအနေမှာ Users တွေ အတော်များများကတော့ operating system အတွက်ရွေးချယ်တဲ့ နေရာမှာ အရင်က အသုံးများခဲ့ကြတဲ့ 32-bit version ကိုကျော်လွန်ပြီး အခုဆိုရင် 64-bit version ကိုပဲ သူတို့ရဲ့ စက်တွေမှာ ထည့်သွင်းဖို့ ရွေးချယ်လာကြပါပြီ။ ဒါပေမယ့် အတော်များများကတော့ 64-bit နဲ့  32-bit နှစ်ခုမှာ သူတို့ ( ၂ ) ခုက ဘယ်လိုကွာခြားလဲဆိုတာ ခုချိန်ထိ ရေရေရာရာ မသိရှိကြသေးပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့တွေ ခုဒီ Thread မှာ တကယ်လို့ ကျွန်တော်တို့ရဲ့ OS အတွက် 64-bit version ကိုရွေးချယ်ခဲ့မယ် ဆိုရင် အဓိက အကျဆုံး အရေးကြီးဆုံး ဘယ်ကွာခြားချက်တွေ ကျွန်တော်တို့အတွက် ရရှိနိုင်မလဲ ဆိုတာ အလွယ်ကူဆုံးနားလည်နိုင်ဖို့ ကြိုးစားကြည့်ပါမယ်။ 


ဘယ်လို Version မျိုးများ ကျွန်တော်တို့ဆီမှာ ရှိနေပါသလဲ ??

ကျွန်တော်တို့ ကွန်ပြူတာမှာ ဘယ်လို Version မျိုး Run နေသလဲဆိုတာသိရှိနိုင်ဖို့ Control Panel ထဲက System properties မှာ သွားရောက်ကြည့်ရှုနိုင်သလို တစ်ခြားနည်းအားဖြင့်လည်း start menu ဒါမှမဟုတ် Desktop ပေါ်မှာ ရှိနေတဲ့ Computer icon ပေါ်မှာ Right-click ထောက်ပြီး Menu မှာ ပါဝင်နေတဲ့ Properties ကနေ တဆင့်လည်း ကြည့်ရှုလို့ ရပါတယ်။ Windows 7 နဲ့ Vista Users တွေကတော့ System type ရဲ့အောက်မှာ ကြည့်ရှု့လို့ ရပါတယ်။


ဒီနေရာမှာ မဖြစ်မနေသိထားသင့်တာ တစ်ခုက ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ 64-bit operating system Run နိုင်ဖို့ အတွက် ကျွန်တော်တို့့ရဲ့ CPU ဟာ 64-bit ကို Suppot ဖြစ်ဖို့ လိုတယ်ဆိုတာပါ။ တကယ်လို့ ကျွန်တော်တို့တွေဟာ အရည်အသွေးမြင့်တဲ့ modern CPU တွေကို သုံးမယ် ဆိုရင်တော့ 64-bit operating system ကို Run နိုင်ဖို့ အတွက် အထူးအထွေ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တစ်ချို့ ဈေးနှုန်းချိုသာပြီး Quality ချထားတဲ့ ကွန်ပြူတာတွေမှာတော့ 64-bit processor တွေ ရှိမနေတတ်တာတွေလည်း တွေ့ရတတ်ပါတယ်။

32-bit မှာ တကယ်ပဲ Memory Limit ကန့်သတ်ချက် ရှိနေသလား ??



ဘယ် OS မှာ မဆို ကျွန်တော်တို့တွေ အတွက် RAM ပမာဏကို 4096MB ထိပဲ နောက်ဆုံး တိုးမြှင့်နိုင်ဖို့ ကန့်သတ်ထား ပါတယ်။ ဘာကြောင့်လဲ ဆိုတာ အလွယ်ကူဆုံး ပြောရမယ် ဆိုရင်တော့ 32-bit မှာ ကန့်သတ်ထားတဲ့ တန်ဖိုးပမာဏ အရ သူဟာ နောက်တိုး ပမာဏကို လက်မခံနိုင်တော့လို့ ပါပဲ။ နားလည်တတ်ကျွမ်းတဲ့ စာဖတ်သူတစ်ချို့ကတော့ ဒီနေရာမှာ PAE ( PAE ဆိုတာ processor technology တစ်ခု ဖြစ်ပြီး လက်ရှိသုံးနေတဲ့ OS မှာ Memory ကို အနည်းငယ် ထပ်မံတိုးမြှင့်ပြီး သုံးနိုင်အောင် စွမ်းဆောင်နိုင်တဲ့ နည်းပညာကို ခေါ်ပါတယ်။ ) ကို Support ပေးတဲ့ Modern Chips တွေကို ထောက်ပြပြီး စောဒက တက်စရာ ရှိပါတယ်။ ဒါပေမယ့်လည်း အဲလို သုံးမယ်ဆိုရင် ကျွန်တော်တို့ သုံးနေကျ applications တော်တော်များများကနေ အတည်မပြုကြသေးတဲ့ ရှာရခက်ခဲမယ့် special application support မျိုးတွေ အရေးတကြီး လိုအပ်လာမှာ ဖြစ်ပါတယ်။ Windows, Linux နဲ့ Mac OS X တွေမှာ အသီးသီး မတူညီကြတဲ့ ပြဿနာ ရပ်တစ်ခု ရှိပါတယ်။ အဲတာကတော့ Windows-specific problem ပါ။ 32-bit Linux နဲ့ Mac OS X မှာလည်း သူတို့အတွက် တူညီတဲ့ ကန့်သတ်ချက်တွေ ဆိုတာ ရှိနေပါတယ်။ 32-bit Linux က extra memory ကို ထပ်မံတိုးမြှင့် အသုံးနိုင်ဖို့ လမ်းညွှန်မှု တြွေကည့်ပြီး သွားနေရတဲ့ အချိန်မှာ Mac ရဲ့ OS X Snow Leopard ကလည်း older systems တွေမှာပါတဲ့ default 32-bit kernel မှာ Memory ထပ်တိုးနိုင်ဖို့ ကြိုးစားနေဆဲပါပဲ ၊ ဒါပေမယ့်လည်း လုပ်ဆောင်နေရင်းနဲ့ ခုချိန်မှာတော့ သူ့ရဲ့ OS ကို 64-bit Run နိုင်ဖို့ကိုပဲ ဦးတည်နေတာ တွေ့ရပါတယ်။

32-bit နှင့် အခြားသော ပြဿနာရပ်များ

32-bit မှာ Memory တိုးနိုင်ဖို့ ကန့်သတ်ချက် တစ်ခုတည်း ရှိတာတင် ပြဿနာ မဟုတ်ပါဘူး သူ့မှာ တခြား ပြဿနာရပ်တွေလည်း ရှိနေပါသေးတယ်။ အဲတာကတော့ ကျွန်တော်တို့ရဲ့ video card နဲ့ motherboard BIOS တွေက သူတို့ရဲ့ Space ကို 4GB ထိရောက်အောင် နေရာယူနိုင်တယ် ဆိုတဲ့ ပြဿနာပါ ဒီပြဿနာကြောင့် ဘာဖြစ်လာနိုင်သလဲ ဆိုရင် operating system ကနေ အမှန်တကယ် သုံးရမယ့် RAM ပမာဏက လက်ရှိ မိမိစက်မှာ ရှိနေတဲ့ RAM ပမာဏထက် လျော့နည်း လာနိုင်တယ် ဆိုတာပါပဲ။



ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ဥပမာပေးရရင် Windows ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ Mark Russinovich က သူ့ရဲ့ 32-bit Windows  မှာ RAM 4 GB နဲ့ 1 GB Video cards ၂ ခု စိုက်ထားခဲ့ပေမယ့် သူ့ကွန်ပြူတာကို သူ ပြန်လေ့လာကြည့်တော့ OS အတွက် ပေးနိုင်မယ့် RAM ပမာဏက 2.2 GB ကျန်တော့တယ် ဆိုတာကို သူရှာဖွေသိရှိခဲ့ပါတယ်။ ဒါဟာ ဘာကို ဆိုလိုတာလဲ ဆိုရင် ကျွန်တော်တို့ machine မှာ Quality ကောင်းကောင်းနဲ့ စွမ်းဆောင်ရည် မြင့်တဲ့ video cards တွေရှိလာတာ နဲ့ အမျှ မိမိ  operating system ကနေ အမှန်တကယ်သုံးရမယ့် RAM ပမာဏဟာ 32-bit system မှာ လျော့နည်းလာနိုင်မယ် ဆိုတဲ့ အချက်ပါပဲ။

64-bit က ဘာတွေများ ကွာခြားသလဲ ??

32-bit က RAM ပမာဏ 4 GB ကိုပဲ လက်ခံနိုင်တယ်လို့ ပြောခဲ့ပြီးတဲ့ နောက်မှာ 64-bit machine တွေကရော system memory ဘယ်လောက်များများ လက်ခံနိုင်ပါသလဲ။ ဟုတ်ကဲ့ 64-bit machine တွေက 17.2 BILLION gigabytes ထိ လက်ခံနိုင်ပါတယ်။ အနာဂတ်မှာဆို ဒီ့ထက်ပိုပြီးတောင် ကျယ်ပြန့်လာဦးမှာပါ။ ဒါက ဘာကို ဖြေရှင်းပေးနိုင်သလဲ ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ video cards နဲ့ အခြားသော devices တွေကနေ OS က သုံးရမယ့် memory space ကို ခိုးယူစရာ မလိုတော့ဘူးဆိုတဲ့ သဘောနဲ့ တူတူပါပဲ။ ဒီနေရာမှာ တစ်ခု ရှိတာက Windows 64-bit Home editions တွေမှာ Licensing ကန့်သတ်ချက်ကြောင့် RAM ပမာဏကို အများကြီး 16 GB ထိ ကန့်သတ်ထားတယ် ဆိုတာပါ။ ဒါပေမယ့်လည်း တခြားသော Professional နဲ့ Ultimate versions တွေမှာတော့ RAM ပမာဏကို 192 GB ထိ တိုးမြှင့် အသုံးချပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် RAM ပမာဏ သုံးစွဲမှု များတဲ့ video editing လို virtual machines တွေလို Applications မျိုးတွေကို အသုံးချတဲ့ အချိန်မှာ 64-bit Windows က virtual memory ကို 8 TB ထိ တိုးမြှင့် အသုံးချနိုင်တာမို့လို့ ကိုယ် အသုံးပြုချင်တဲ့ Applications တွေကို ပိုပြီး သက်တောင့် သက်သာနဲ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။


32-bit Applications များ 64-bit တွင် အလုပ်လုပ်ပါ သလား ??


ကြီးမားတဲ့ ပြောင်းလဲမှု တစ်ရပ်အနေနဲ့ကတော့ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ 32-bit applications တွေဟာ 64-bit Windows မှာလည်း အဆင်ပြေစွာနဲ့ ဆက်လက် ရှင်သန်နေဦးမယ် ဆိုတာပါ။ ဘာဖြစ်လို့လဲ ဆိုရင် 64-bit Windows မှာပါတဲ့ WoW64 လို့ ခေါ်တဲ့ compatibility layer ကနေပြီး ကျွန်တော်တို့ရဲ့ Processor ကို 32-bit ရှိရာဆီ နောက်ပြန်ဆွဲခေါ်သွားပြီး 32-bit နဲ့ 64-bit ကြားမှာ ဘယ်လိုအချိန်းအပြောင်း လုပ်ဆောင်ရမယ် ဆိုတာ သူက စီမံပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ 64-bit environment တွေမှာ 32-bit software တွေကိုလည်း ကျွန်တော်တို့ အဆင်ပြေပြေနဲ့ Run နိုင်မှာ ဖြစ်ပါတယ်။


ဒါပေမယ့်လည်း ဒီနေရာမှာ တစ်ချို့ ချွင်းချက်လေးတွေတော့ ရှိနေပါသေးတယ်။ 32-bit device drivers တွေနဲ့ low-level system applications တြွေဖစ်တဲ့ Antivirus လိုမျိုး နောက်ပြီး တခြား Windows မှာရှိနေတဲ့ software မျိုးတွေ ၊ တစ်ချို့ media applications တွေကတော့ 64-bit နဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒီပြဿနာအတွက်ကတော့ ကျွန်တော်တို့ 64-bit version ကို မသုံးခင်မှာ ကျွန်တော်တို့ မဖြစ်မနေ အသုံးပြုရမယ့် favorite applications တွေကို ကျွန်တော်တို့ အသုံးပြုမယ့် 64-bit version မှာ အသုံးပြုလို့ ရမရ ဆိုတာ ကျွန်တော်တို့ ကြိုတင်စစ်ဆေးလေ့လာ ပြီးမှ အသုံးပြုသင့်မသင့် ဆုံးဖြတ်သင့်ပါတယ်။

64-bit က RAM ကို နှစ်ဆ အသုံးပြုတယ်ဆိုတာ ဟုတ်ပါသလား ??

64-bit Windows  တွေမှာ RAM တစ်ခုရဲ့ လုပ်ဆောင်မှုပေါ်မူတည်ပြီး လွဲမှားနေကြတဲ့ အခြေခံအယူအဆ တစ်ချို့ ရှိပါတယ်။ အဲတာကတော့ -
တစ်ချို့ကတော့ 64-bit Windows  တွေဟာ 32-bit Windows တွေထက် နှစ်ဆလောက် ပိုမြန်တယ်လို့ ယူဆနေကြတဲ့ အချိန်မှာ တစ်ချို့ သူတွေက 64-bit Windows တွေဟာ RAM ကို နှစ်ဆတိုးပြီး အသုံးပြုတယ်လို့ယူဆနေကြ ပါတယ်။

ဒီယူဆချက်ကို အတွက် ရှင်းရရင် 64-bit Windows တွေဟာ extra memory ကို နဲနဲ ပိုယူတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုပိုယူတယ်ဆိုတာကလည်း များပြားလှတဲ့ RAM ပမာဏ အတွက် ညွှန်းဆိုနိုင်ဖို့ memory pointers က နဲနဲ ပိုယူထားတဲ့ သဘောပါပဲ .. နှစ်ဆလောက် သုံးတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဘာနဲ့ သဘောတရားတူမလဲ ဆိုရင် ရှေးကျတဲ့ စာကြည့်တိုက် တစ်ချို့ဆီ ကျွန်တော်တို့ သွားကြည့်တဲ့ အခါ ( မြန်မာနိုင်ငံတွင်တော့ ဤစနစ်မျိုး မရှိပါ ) library ထဲက ဘယ်နေရာတွေမှာ ဘယ်စာအုပ်တွေထားရှိတယ်ဆိုတာ ညွှန်းဆို ဖော်ပြတဲ့ ကဒ်တွေ ထည့်သွင်းထားတဲ့ ဖိုင်မျိုးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ လက်ထဲမှာ အဲလိုကဒ်ပေါင်း တစ်ခုမက ရာနဲ့ချီရှိနေလည်း library ဆိုတာကြီးက နှစ်ဆပိုကြီး မသွားဘူး မလား။ ကိုယ့်ဆီမှာ အဲလိုကဒ်ပေါင်း ရာနဲ့ ချီရှိနေရင် library ထဲက ဘယ်နေရာမှာ ဘယ်စာအုပ်ကို ဘယ်လို သွားရောက်ဖတ်ရှုလို့ ရပြီ ဆိုတာ အလွယ်တကူ ပိုပြီးတော့တောင် သိနိုင်ပါသေးတယ်။ ဆိုလိုတာက RAM ဆိုတဲ့ ကဒ် ပမာဏ များလာလို့ Extra memory ဆိုတဲ့ Library ကြီးက ၂ ဆတိုး ကြီးမသွားပါဘူး။ ကွန်ပြူတာ သဘောအရ extra memory ကို နဲနဲ ပိုယူတယ် ဆိုပေမယ့် အသုံးချဖို့ ပိုပြီး လွယ်ကူလာစေပါတယ်။ ဒီသဘောပါပဲ။

64-bit Windows တွေဟာ operating system အတွက် drive space ပမာဏ ပိုတိုးယူဖို့ လိုမယ် ဆိုတာရော ဖြစ်နိုင်ရဲ့လား။ အဲတာတော့ ဟုတ်ပါတယ်။ 64-bit Windows ရဲ့ လိုအပ်ချက်အရ သူ့ရဲ့ အခြေခံ OS လည်ပတ်နိုင်ဖို့ အတွက် GBs ပမာဏ အနည်းငယ် ထပ်မံတိုးမြှင့် အသုံးချပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း ကာလတွေမှာ ပမာဏ အရမ်းများတဲ့ HD တွေ ရှိနေတာ မှန်ပေမယ့် မိမိလည်ပတ်နေရတဲ့ ဝင်ငွေပမာဏနဲ့ ချိန်ဆပြီး ဒီအကြောင်းအရာကိုလည်း ထည့်သွင်းစဉ်းစား ရပါလိမ့်မယ်။

ဆိုတော့ ... အခြေခံအားဖြင့် 64-bit Windows နဲ့ 32-bit Windows နှစ်မျိုးမှာ ကျွန်တော်တို့ ဘယ်ဟာကို သုံးသင့်ပါသလဲ ??

တကယ်လို့ ကျွန်တော်တို့ဟာ PC အသစ် တစ်လုံးကို RAM 4GB နှင့်အထက် ကျော်လွန်ပြီး မှာယူမယ် နောက်ပြီး စက်မှာ video card ကောင်းကောင်းကိုလည်း ဆင်မယ်လို့ စိတ်ကူးထားမယ် ဆိုရင်တော့ စက်မှာ တပ်ဆင်ထားတဲ့ Memory ရဲ့ စွမ်းပကားကို အပြည့်အဝ အသုံးချခွင့် ရနိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ Windows မှာ 64-bit version ကို အသုံးပြုသင့်တယ်လို့ အကြံပြုလိုပါတယ်။ ဒါပေမယ့် တစ်ခုတော့ မှတ်ထားပေးပါ 64-bit မှာမှ Home versions ကို အသုံးပြုမယ် ဆိုရင် RAM ပမာဏကို 16GB ထိပဲ support ပေးမှာ ဖြစ်ပါတယ်။ ( အတော်များများ အတွက်တော့ 16GB ဆိုတာလည်း နဲတော့ မနဲပါဘူး။ )

တကယ်လို့ ကျွန်တော်တို့တွေက Mac OS X ကို အသုံးပြုနေတဲ့ သူဆိုရင်တော့ 32-bit နဲ့ 64-bit အကြောင်းအရာက ထည့်သွင်းစဉ်းစားစရာ မလိုပါဘူး. တကယ်လို့ Linux သုံးနေတဲ့ user ဆိုရင်တော့ ဒီအကြောင်းအရာက နားလည်ပြီးလောက်ပြီ ထင်ပါတယ်။


Processor က 32-bit လား 64-bit လား ??
လတ်တလော 32-bit ဆိုတာ သိထားရင် မိမိ Processor က 64-bit ကိုရော Capable ဖြစ်သလား ဆိုတာ ဘယ်လို သိနိုင်မလဲ ??

ပထမမေးခွန်း အတွက် အကြောင်းအရာက ပြည့်စုံစေချင်လို့ ထည့်သွင်းလိုက်ပေမယ့် အတော်များများတော့ မိမိကွန်ပြူတာဟာ x86 (32-bit) လား x64 (64-bit) ဆိုတာ ခွဲခြားတဲ့နည်းကို သိကြပါတယ်။ Windows XP မှာတော့ တော်ယုံ ဘယ်သူမှ 64-bit ကို သုံးတာ သိပ်မတွေ့ရပါဘူး။ နောက်ပိုင်း Windows Vista ပေါ်လာတော့မှ drivers တွေ Compatibility ပြဿနာရပ်တွေနဲ့ အတူ 64-bit Processor ကို သတိပြုမိလာကြပြီး ခုနောက်ပိုင်း Windows 7 ခေတ်မှာတော့ လူအတော်များများ 64-bit processing ကို ကူးပြောင်းဖို့ စဉ်းစားနေကြပါပြီ။ 

တကယ်လို့ ကျွန်တော်တို့တွေဟာ Windows XP ကနေ Vista ကို ပဲ ဖြစ်ဖြစ် Windows XP ကနေ  Windows 7 ကိုပဲ ဖြစ်ဖြစ် ကူးပြောင်းတော့မယ် လို့ ဆုံးဖြတ်မိတဲ့ အခါမှာ ကျွန်တော်ကတော့ 64-bit ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲ ??

ပထမဆုံး အနေနဲ့ 32 နဲ့ 64 ဆိုတဲ့ ဂဏန်းတွေက ဘာတွေလဲ ဆိုတာ ကျွန်တော်တို့ တိတိကျကျ လေ့လာကြည့်ရအောင်။ ဒီ 32-bit နဲ့  64-bit ဆိုတဲ့ ဂဏန်းတွေက Memory ( RAM ) နဲ့ Processor ကြားမှာ ရှိနေတဲ့ Data Bus Width ကို ကိုယ်စားပြုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ မြင်နေရတဲ့ အတိုင်း 64-bit ရဲ့ စွမ်းဆောင်ရည်ဟာ Data တွေကို Transfer လုပ်တဲ့ အခါမှာ 32-bit ထက် ၂ ဆလောက်နီးပါး စွမ်းဆောင်နိုင်ရည်ပိုရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ 32-bit Vista ဒါမှမဟုတ် တစ်ခြား ဘာပဲ သုံးသုံး ၊ Memory ကို ထပ်မြှင့်ချင်မယ် ဆိုရင် အများဆုံး 3 GB ထိ ( ကိုယ့်စက်မှာ 4 GB ရှိမယ် ဆိုရင်တောင် ) ပဲ တိုးမြှင့်လို့ ရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာက အပေါ်မှာ ပြောခဲ့ပြီးသားပါ။ 64-bit Windows တွေမှာတော့ Memory ကို 128 GB ထိ တိုးမြှင့်ပိုင်ခွင့်ရှိပါတယ်။ ( ခြွင်းချက်တွေတော့ ရှိပါတယ် အပေါ်မှာ ဖော်ပြပြီးသားမို့ မဖော်ပြတော့ပါ။ ) Standard Users တွေ Developers တွေ နောက်ပြီး Service providers တွေဆိုတာလည်း  64-bit processors တွေအတွက် drivers တွေနဲ့ တစ်ခြား support တွေကို ခုမျက်မှောက်ခေတ်မှာ ဦးစားပေးလုပ်ဆောင်လာကြပါပြီ။ ဒါကြောင့် 64-bit processor ဆိုတာ မရှေးမနှောင်းမှာ ပိုပြီး ကျယ်ပြန့်လာနိုင်စရာ အလားအလာ များစွာ ရှိနေပါတယ်။

ဒါကြောင့် လတ်တလောမှာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ old Windows XP ဒါမှမဟုတ် Vista နဲ့ ဖြစ်နေခဲ့မယ် ဆိုရင် ကျွန်တော်တို့ရဲ့ processor တွေဟာ 64-bit ကို capable ဖြစ်မဖြစ် ဘယ်လို ရှာဖွေသိရှိနိုင်ပါမလဲ ??

ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ 64-bit ကို capable ဖြစ်မဖြစ် သိရှိနိုင်မယ့် နည်းလမ်းပေါင်း မနည်း ရှိနေပါတယ်။

နည်းလမ်း ( ၁ ) - လွယ်ကူသော နည်းလမ်း။

Start > Computer ပေါ်တွင် Right-click > Properties . အဲ့နောက်မှာ Windows Experience Index ကို click ပေးပါ။ ခုလိုပုံ မြင်ရပါလိမ့်မယ်။ ( Windows 7 နှင့် Windows Vista )



အဲကနေမှ တဆင့် View and Print detailed performance and system information
ဆိုတာကို click ပေးပါ။


ဒီနေရာမှာ ကျွန်တော်တို့ စက်ရဲ့ လတ်တလော system type ကို မြင်ရပါပြီ။ ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ 64-bit capable ကို Yes လို့ ပြထားတာ မြင်ပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ဟာ လတ်တလော အခြေအနေမှာ 64-bit  ကို သုံးနေပြီးသား ဆိုရင်တော့ System type မှာပဲ 64-bit operating system ဆိုပြီး ဖော်ပြထားမှာ ဖြစ်ပြီး 64-bit ကို capable ဖြစ်လား မဖြစ်ဘူးလား ဆိုတာတော့ ဖော်ပြထားပါရှိမှာ မဟုတ်ပါဘူး။

ဒီနည်းနဲ့ အဆင်မပြေသေးဘူး ဆိုရင် နောက်ထပ်နည်းတွေလည်း ကျန်ရှိပါသေးတယ်။

နည်းလမ်း ( ၂ ) - Regedit အား အသုံးပြုခြင်း။

Start > regedit ကို ရိုက်ပြီး Registry Editor ကို သွားပါ။
HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor\0 ရှိရာဆီ တဆင့်ပြီး တဆင့် ဝင်ပါ။ ProcessorNameString ကျွန်တော်တို့ Processor ရဲ့ Name ကို မြင်နိုင်ပြီး Identifier မှာတော့ 64 ဆိုပြီး ပြနေရင် ဒါ 64-bit ကို Run နေတယ် တစ်နည်းအားဖြင့် ဆိုရရင် 64-bit capable ဆိုတာ သိသာပါပြီ။


ဒီနည်းက တကယ်လို့ လတ်တလော ကိုယ့်စက်မှာ 32-bit run နေတာ ဆိုရင်တော့ Identifier မှာ x86 Family ဘာညာ ဆိုပြီးပဲ ပြပါလိမ့်မယ်။ 64 ဆိုပြီး ပြမှာ မဟုတ်ပါဘူး။ ဒီနည်းက သိပ်အဆင်မပြေဘူး ထင်ပါတယ်။ နောက်တစ်နည်း ကို ဆက်သွားကြရအောင်။


နည်းလမ်း ( ၃ ) - MSINFO32 အား အသုံးပြုခြင်း။


ဒီနည်း အတွက်ကတော့ Start > msinfo32.exe ဆိုပြီး ရိုက်လိုက်ပါ။ System Information page ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့ထဲက System Type ဆိုတာမှာ x64 ကို Run နေသလား x86 ကို Run နေသလား ဆိုတာ ဖော်ပြထားပါတယ်။ ဒီနည်းကလည်း အပေါ်မှာ ပြောခဲ့သလို မိမိစက်မှာ 32-bit လား 64-bit လား သေသေချာချာ ကွဲကွဲပြားပြား မသိသူတွေ အတွက် ကြည့်ရှုနိုင်ဖို့ပါ။ 64-bit capable ဖြစ်မဖြစ်ဆိုတာ အတွက်တော့ အဆင်မပြေပြန်ပါဘူး။ အဲတာကြောင့် ကျွန်တော်တို့ နောက် တစ်နည်းကို ဆက်သွားကြည့်ပါဦးမယ်။





နည်းလမ်း ( ၄ ) CPUZ အား အသုံးပြုခြင်း



CPUZ ဆိုတာ ပေါ့ပါးတဲ့ utility တစ်ခု ဆိုပေမယ့် ကျွန်တော်တို့ စက်မှာ ရှိနေတဲ့ CPU (Processor), Cache, Mainboard, Memory, SPD စတာတွေနဲ့ ပတ်သတ်ပြီး တိကျတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ CPU tab အောက်မှာ ရှိနေတဲ့ instruction ကနေ တဆင့် EM64T ဒါမှမဟုတ် AMD64  ဆိုတဲ့ စာလုံးတွေ ပါမပါရှာပါ့မယ်။ တကယ်လို့ ကျွန်တော်တို့ Processor က Intel Processor ဖြစ်မယ် ဆိုရင် EM64T လို့ ဖော်ပြပြီး AMD ဖြစ်မယ် ဆိုရင်တော့ AMD64 ဆိုပြီး ပြပါလိမ့်မယ်။ ဒီလိုပြထားတာ တွေ့ရင် ကျွန်တော်တို့ Processor က 64-bit ကို Capable ဖြစ်ပါပြီ။ 





Download CPU-Z version 1.54 with installer (setup).


ခု ကျွန်တော် ဆွေးနွေးခဲ့သလောက်ဆို 64 bits နဲ့ 32 bits OS တွေရဲ့ စွမ်းဆောင်ရည်တွေကိုလည်း သိပြီ ၊ ကွာခြားချက်တွေကိုလည်း သိနိုင်ပြီ။ ကိုယ့်ကွန်ပြူတာက CPU ဟာ 64-bit Capable ဖြစ်လား မဖြစ်ဘူးလား ဆိုတာလည်း သိနိုင်ပြီ။ နောက်ဆုံး တစ်ခု စဉ်းစားဖို့ ကျန်ပါတော့တယ်။ ဒါကတော့ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။


ကျွန်တော်တို့ရော 64-bit operating system ကို ကူးပြောင်းဖို့ သင့်ပြီလား ??


MF မိသားစုဝင်များ အားလုံး နည်းပညာကဏ္ဍမှာ ပျော်မွေ့နိုင်ကြပါစေ။


KznT.

Related Posts