Paragon Partition Manager

Leave a Comment
Hard Drive တစ်ခုကို Partition လုပ်တဲ့နေရာမှာ လွယ်လွယ်ကူကူနဲ့ စွမ်းဆောင်ရည်ပြည့် အသုံးချနိုင်တဲ့ Software ကိုပြပါဆိုရင် Paragon Partition Manager ကိုပဲ လမ်းညွှန်ရမယ် ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တာချင်း မတူလို့ ဒါက ပိုကောင်းပါတယ်ရယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် သုံးဖြစ်သွားရင်တော့ သဘောကျသွားမှာပါ။ ဖိုရမ်မှာလည်း တောင်းထားတာ တွေ့လို့ ကျွန်တော့်မှာ ရှိနေတဲ့ Paragon Partition Manager Professional 9.5 Build 8622 Portable  နဲ့ Paragon Partition Manager 10.0 Express Portable တင်ပေးလိုက်ပါတယ်။ သုံးရတာ အဆင်ပြေပါတယ်။ တစ်ခုကြို အသိပေးချင်တာက Paragon Partition Manager Professional 9.5 Build 8622 Portable က ပိုကောင်းတယ် ဆိုတာပါ။ Paragon Partition Manager 10.0 Express Portable က ကောင်းပေမယ့် Professional Edition မဟုတ်လို့ Features တွေ မစုံလင်ပါဘူး။ Paragon Partition Manager Professional 9.5 Build 8622 Portable က Paragon Partition Manager 10.0 Express Portable ထက် Version တစ်ဆင့်နိမ့်တယ် ဆိုပေမယ့် စွမ်းဆောင်ရည်က Version 10 နဲ့ အပြင်အဆင်ရော စွမ်းဆောင်နိုင်ရည်ရော ဘာမှ ထူးပြီး မကွာလှတာမို့ ဖြစ်နိုင်ရင် Paragon Partition Manager Professional 9.5 Build 8622 Portable ကိုပဲ ကျွန်တော်ကရွေးချယ်စေချင်ပါတယ်။ Portable မို့လို့ Install လုပ်စရာ မလိုသလို တကယ်လို့ Bootable CD လုပ်ချင်ရင်လည်း iso ဖိုင် တစ်ခါတည်း ပါပြီးသားမို့လို့ အခွေရိုက်လိုက်ယုံပါပဲ။ အခွေရိုက်နည်းကတော့ ( ၂ ) နည်းရှိပါတယ်။

( ၁ ) Built-in ပါတဲ့ Function ကနေပြီး Step by Step အခြွေပုလုပ်ခြင်း  နဲ့
( ၂ ) ISO Burner တစ်ခု အသုံးပြု၍ အခြွေပုလုပ်ခြင်း တို့ပဲ ဖြစ်ပါတယ်။



တစ်ခုချင်းစီကို ဒီနေရာကနေ အသေးစိတ် ပြောပြသွားပါ့မယ်။

( ၁ ) Built-in ပါတဲ့ Function ကနေပြီး Step by Step အခွေရိုက်ခြင်း

အဆင့် ( ၁ ) ဒေါင်းလုပ်ချလို့ ရလာတဲ့ ဖိုင်ကို Rar ကနေ ဖြည်လိုက်ပါ။ WinRaR မရှိရင် အောက်ဆုံးမှာ ပေးထားတဲ့ Link ကနေ Download ချလိုက်ပါ။ ဒီအတိုင်း Windows ကနေ ပါလာတဲ့ Function ကနေလည်း ဖြည်လို့ရပါတယ်။
အဆင့် ( ၂ ) Paragon Partition Manager Professional 9.5 Build 8622 ဆိုတဲ့ ဖိုင်ကိုတွေ့ရင် အဲ့ထဲမှာ ပါလာတဲ့ launcher.exe ဆိုတဲ့ ဖိုင်ကို Double-click ပေးပါ။ ဒါဆိုရင် အောက်ကပုံစံ Box တစ်ခု တက်လာပါလိမ့်မယ်။


အဆင့် ( ၃ ) အဲကနေမှ ဘယ်ဘက်မှာ ရှိတဲ့ Menu ကနေ Backup and Rescue ကို Click ပေးလိုက်ပါ။ ဒီအောက်က ပုံ မြင်ရပါလိမ့်မယ်။ အဲကနေမှ တစ်ဆင့် Burn Rescue kit ကို နှိပ်ပါ။


အဆင့် ( ၄ ) အပေါ်က အဆင့်မှာ Burn Rescue Kit ကို နှိပ်လိုက်မယ် ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ ပုံကို တွေ့ရပါလိမ့်မယ်။ Next ကို ဆက်နှိပ်ပါ။


အဆင့် ( ၅ ) အထက်က အဆင့်မှာ Next ကို ဆက်နှိပ်ရင် အောက်ဖော်ပြပါ ပုံကို မြင်ရပါလိမ့်မယ်။ အဲဒီ့ကနေမှ တစ်ဆင့် CD/DVD ဆိုတာကို ရွေးပေးပါ့မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က BootCD လုပ်မှာ မို့လို့ပါ။ တကယ်လို့ ကိုယ့်စက်မှာ CD/DVD ROM မရှိဘူး ဆိုရင်တော့ အပေါ်က Flash Memory ကို ရွေးချယ်ပြီး Bootable Flash တစ်ခုဖြစ်အောင်ဖန်တီးပြီးတော့ သူကနေ တစ်ဆင့် Boot တက်ခိုင်းရမှာ ဖြစ်ပါတယ်။



အဆင့်  ( ၅ ) ဒီအဆင့်မှာ ပုံမှန် လုပ်ထုံးလုပ်နည်းက Typical ကိုပဲ ရွေးချယ်ရမှာပါ။ တကယ်လို့ Advance ကိုရွေးချယ်မယ် ဆိုရင်တော့ လတ်တလောရိုက်ထုတ်မယ့် BootCD အတွင်းမှာ Recovery Options အတွက် တစ်ခြားလိုအပ်မယ့် ဖိုင်တွေ ဖိုဒါတွေကိုပါ ထပ်ဖြည့်သွင်းပြီး ပေါင်းစည်းသွားလို့ ရမှာ ဖြစ်ပါတယ်။ User specified CD/DVD image ( .iso file ) ဆိုတာကတော့ တကယ်လို့ ကိုယ့်မှာ Paragon Partition Manager BootCD တစ်ခု သီးသန့်ရှိနေပြီး သူ Default ပေးထားတဲ့ နေရာမှာ မဟုတ်ပဲ တစ်ခြားတစ်နေရာမှာ ကိုယ်က ထားထားတာ ဆိုရင် Browse ကနေ တစ်ဆင့် ရွေးချယ်ထည့်သွင်းနိုင်ဖို့ပါ။ Copy from a CD/DVD ဆိုတာကတော့ ကိုယ့်မှာ BootCD ရှိပြီးသား တစ်ခုကို နောက်ထပ် ကော်ပီ BootCD တစ်ခု အဖြစ် ပွားယူချင်တဲ့ အခါမှာ သုံးဖို့ပါ။ လောလောဆယ် ကျွန်တော်တို့က ခုနက ဒေါင်းလုပ်ချလို့ ရထားတဲ့ Paragon Partition Manager Professional 9.5 Build 8622 Portable ကို BootCD ဖြစ်အောင် ဖန်တီးမှာ မို့လို့ Typical ကိုပဲ ရွေးချယ်ပြီး Next ကို သွားပါ့မယ်။


အဆင့် ( ၆ ) ကိုယ့်စက်မှာ ရှိတဲ့ Drive ထဲကို BootCD အဖြစ် ရိုက်ထုတ်ဖို့ CD ခွေ အလွတ်တစ်ခု ထည့်လိုက်ပါ။

အဆင့် ( ရ ) ဒီအောက်က အဆင့်ကတော့ အခွေရိုက်ထုတ်ဖို့ အတွက် Destination Drive ရွေးချယ်ပေးတဲ့ အဆင့်ပါ။ တကယ်လို့ ကိုယ့်မှာ Drive က ၂ ခု သုံးခု ရှိနေတယ် ဆိုရင် ကိုယ် CD ထည့်ထားတဲ့ Drive ကို မှန်ကန်အောင်ရွေးချယ်ပေးပြီး Next ကို သွားပါ။


အဆင့် ( ၈ ) ဒီအောက်က အဆင့်ရောက်ရင်တော့ BootCD ရိုက်ထုတ်ဖို့ Drive ရဲ့ Speed ကိုရွေးချယ်ပေးရပါမယ်။ Default အနေနဲ့ Maximum ပေးထားပေမယ့် ဖြစ်နိုင်မယ် ဆိုရင် Speed ကို Minimum နဲ့ ရိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ Maximum နဲ့ ရိုက်မယ်ဆိုရင် အခွေရိုက်နှုန်း မြန်ပေမယ့် CD ရဲ့ Quality ကျတတ်ပါတယ်။ ဆိုလိုတာက ကြာရှည်အသုံးမခံတာ ၊ သုံးတာ များလာရင် Error တက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ Minimum ထားပြီးရင်တော့ Eject the disc after writing ရဲ့ ဘေးက Check box လေးကို အမှန်ခြစ်လေး ပေးထားပါ့မယ်။ ဒါမှ အခွေရိုက်ပြီးကြောင်း သိသာစေမှာပါ။ ဒါက အရေးတော့ မကြီးပါဘူး။ အမှန်ခြစ် မပေးထားလည်း ရပါတယ်။ သဘောပါ။


အဆင့် ( ၉ ) အားလုံးပြီးရင်တော့ Next ပေးပြီး စတင် အခွေရိုက်နိုင်ပါပြီ။ ဒါဆို ကျွန်တော်တို့ လိုချင်တဲ့ Paragon Partition Manager Professional 9.5 Build 8622 BootableCD ရပါပြီ။

( ၂ ) ISO Burner တစ်ခု အသုံးပြု၍ အခြွေပုလုပ်ခြင်း

ဒီနည်းကတော့ တကယ်တမ်း လိုကို မလိုပါဘူး ဘာလို့လည်း ဆိုတော့ ခုနက ပြောခဲ့တဲ့ နည်းမှာပဲ အဆင့် ( ၅ ) မှာ ကြိုက်သလို လုပ်နိုင်တဲ့ နည်းလမ်းတွေ ပါနေတာမို့လို့ပါ။ ဒါပေမယ့် တစ်ချို့ အသုံးပြုသူတွေက အခွေတစ်ခုခု Burn မယ်ဆို Burner လေးနဲ့မှ Burn ချင်ကြပါတယ်။ ဒီ့ အတွက် ဒီအကြောင်းကို ထည့်လိုက်ရတာပါ။ Burner သုံးပြီး ISO ဖိုင်ကို ရိုက်ဖို့ အတွက် အရင်ဆုံးက ဘယ် Burner ကို သုံးမှာလဲ ဆိုတာ အရင် ရွေးချယ်ရပါမယ်။ လူတော်တော်များများ အသုံးများကြတာကတော့ Nero ပါ။ သူက Functions စုံတယ်။ နောက်ပြီး လူအတော်များများ သုံးနေကြတာဆိုတော့ ဘယ်လို အသုံးပြုရမယ် ဆိုတာ ညွှန်ကြားနိုင်တဲ့ သူလည်း များတယ်။ ဒါကြောင့် Nero ကို လူကြိုက်များကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ Nero ကို သိပ်မသုံးဖြစ်ပါဘူး။ ဘာလို့လည်း ဆိုရင်တော့ Nero က Lite Version တွေ သုံးပြန်ရင်ကျတော့လည်း Function က မစုံ။ အပြည့်သုံးပြန်ရင်ကျတော့လည်း Function စုံပေမယ့် HD မှာ နေရာယူတာကများ။ Custom ရွေးတင်လို့ ရပေမယ့်လည်း တစ်ခြား Burner တွေထက်စာရင် နေရာက ပိုယူနေမြဲမို့ ISO ကို Burn မယ်ဆိုရင် ကျွန်တော်ကတော့ သူ့ အစား တစ်ခြား Burner ကို သုံးပါတယ်။ ကျွန်တော် အကြံပေးချင်တာကတော့ ISO ခွေရိုက်မယ်ဆို Magic ISO ဒါမှမဟုတ် Ultra ISO ၊ Power ISO တွေ ကောင်းပါတယ်။ ပေါ့လည်း ပေါ့တယ်။ သုံးလို့လည်း လွယ်တယ်။ စွမ်းဆောင်ရည်လည်း ကောင်းပါတယ်။ ဖိုင်တွေ ဖိုဒါတွေ Data တွေ ရိုက်မယ် ဆိုရင်တော့ Ashampoo တို့  .. စသဖြင့် အဲတာလေးတွေက Free ပေးပြီး သုံးရတာ အဆင်လည်း ပြေပါတယ်။ လောလောဆယ်တော့ ကျွန်တော် MagicISO ကို ညွှန်းပါတယ်။ အောက်ဆုံးက Link ကနေ Download ချပြီး ယူသွားလို့ ရပါတယ်။ အသုံးပြုနည်းကတော့ ..


အဆင့် ( ၁ ) MagicISO ဖိုင်ကို ဒေါင်းလုပ်ချ ဖြည်ပြီး တင်လိုက်ပါ။ ပါလာတဲ့ notepad ကနေ ကီးကိုဖြည့်ပါ။
အဆင့် ( ၂ ) Paragon Partition Manager Professional 9.5 Build 8622 Portable ကို BootCD ဖြစ်အောင် ဖန်တီးဖို့ ဒေါင်းလုပ်ချလို့ ရလာတဲ့ ဖိုင်ကို ပထမဆုံး Rar ကနေ ဖြည်လိုက်ပါ။
အဆင့် ( ၃ ) ပြီးရင် Launcher.exe ကို Double-click ပေးလိုက်တဲ့ အခါ Data ဆိုတဲ့ ဖိုင်တစ်ခု ထွက်ကျလာပါလိမ့်မယ်။ အဲ့အထဲကနေ ဒီ Directory ကိုရောက်အောင် သွားပါ။ ..... \Data\Virtual\MODIFIED\@PROGRAMFILES@\Paragon Software\Partition Manager 9.5 Professional\iso .. ( ဒီနေရာမှာ တစ်ခုသိထားရမှာက အခုညွှန်ပြပေးလိုက်တဲ့ iso ဖိုင်ဟာ အပေါ်မှာ ပြောပြခဲ့တဲ့ ( ( ၁ ) Built-in ပါတဲ့ Function ကနေပြီး Step by Step အခွေရိုက်ခြင်း ) ဆိုတဲ့အဆင့်တွေထဲကနေ အဆင့် ( ၁ ) က ( ရ ) အထိ လုပ်ဆောင်ပြီးမှ iso ဖိုင်အဖြစ် အခုညွှန်ပြထားတဲ့ နေရာမှာ ပေါ်လာမှာ ဖြစ်ပါတယ်။ အစကတည်းက တစ်ခါတည်း ထည့်ပေးလိုက်ပါလား ရှုပ်တီးရှုပ်ရှက်လို့တော့ပြောစရာ ရှိပါတယ်။ ကျွန်တော်က အင်တာနက် သိပ်မကောင်းတဲ့သူတွေ အတွက် ဒေါင်းလုပ်ချရတာ အဆင်မပြေ ဖြစ်မှာ စိုးလို့ပါ။ )
အဆင့် ( ၃ ) အဲနေရာကိုရောက်ရင် bootcd.iso ကို Double-click ပေးပါ။ MagicISO နဲ့ အသင့်တက်လာပါလိမ့်မယ်။ တကယ်လို့ မတက်လာရင်လည်း MagicISO ကိုဖွင့်ထားပြီး File>Open ကနေ တစ်ဆင့် အပေါ်မှာညွှန်ပြခဲ့တဲ့ Directory ရှိရာကို သွားပြီး iso ဖိုင်ကို ရွေးပြီး ဖွင့်ခိုင်းလိုက်ပါ။
အဆင့် ( ၄ ) BootCD ရောက်လာပြီ ဆိုရင် Tools ကနေ Burn CD/DVD with ISO ကိုရွေးပါ။



အဆင့် ( ၅ ) အထက်ဖော်ပြပါ အတိုင်းလုပ်ဆောင်လိုက်ရင် အောက်ဖော်ပြပါ box တစ်ခု တက်လာပါလိမ့်မယ်။ သူကနေမှ တဆင့် အပေါ်ဘက် အနီရောင် စက်ဝိုင်းရဲ့ နေရာကနေ bootcd ရဲ့ တည်နေရာကို ပြန်ညွှန်ပေးပြီး အောက် အနီရောက် အဝိုင်းကနေမှ တဆင့် ကိုယ်ရိုက်မယ့် Drive Speed ကိုရွေးပေးပါ။ ဖြစ်နိုင်ရင် minimum speed နဲ့ ရိုက်ဖို့ တိုက်တွန်းပါတယ်။ အားလုံးပြီးသွားရင် Burn it ကိုနှိပ်လိုက်ပါ။ ဒါဆို ရပါပြီ။



Download Links Here !!

( 1 ) Paragon Partition Manager Professional 9.5 Build 8622 Portable
( 2 ) Paragon Partition Manager 10.0 Express Portable
( 3 ) Magic ISO Maker with Serial

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts