Hands on with Internet Explorer 9

Leave a Comment
အခုနောက်ပိုင်း အတည်မထွက်ခင်တည်းက တဖြည်းဖြည်း Hot လာတဲ့ Internet Explorer 9 ကိုများ ဘယ်လိုနေမလဲ စမ်းသပ်ကြည့်ချင်ကြမလား ??
နောက် အတည်ထွက်ရှိလာမယ့် Internet Explorer 9 နဲ့အတူ ပါရှိလာမယ့် New features တွေကိုများ ဘယ်လိုရှိမလဲ မြင်ဖူးချင်ကြမလား ??

Browsers အားလုံးရဲ့ ကြားမှာ အများနဲ့ အတူ မတူထူးခြားတဲ့ စွမ်းဆောင်ချက်တွေနဲ့ ထွက်ရှိလာတော့မယ့် Internet Explorer 9 ကို ယခုကတည်းက စမ်းသပ်ကြည့်ချင်သူများ အတွက် Internet Explorer 9 Platform Preview ရှိနေပါပြီ။ အခုပဲ ရယူ စမ်းသပ်ကြည့်ကြရအောင်။





ဒီနေရာ ကတော့ Internet Explorer 9 မှာ ဘာတွေ အသစ်အဆန်း စိတ်ဝင်စားစရာတွေ ပါဝင်လာမလဲ .. သူ့မှာ တစ်ခြား Browser တွေနဲ့ မတူအောင် ဘာစွမ်းဆောင်ရည်တွေများ ဖြည့်ဆည်းပေးထားမလဲ ဆိုတာ စမ်းသပ်ကြည့်လို့ ရမယ့် နေရာပါ။

အင်တာနက် မကောင်းလို့ သို့တည်းမဟုတ် အပိတ်ခံထားရလို့ သွားလို့ မရတာတွေ ဘာတွေ ရှိနေနိုင်သူများ အတွက် အနည်းအကျဉ်း နိုင်သလောက်လေး Internet Explorer 9 ကို မိတ်ဆက်ပေးချင်ပါတယ်။

IE9 Test drive စာမျက်နှာမှာ ဘာတွေ စမ်းသပ်လို့ ရမှာလဲ ဆိုရင် လတ်တလောကာလမှာ စမ်းသပ်ပြင်ဆင်နေဆဲ Internet Explorer 9 မှာ ပါဝင်လာမယ့် Features တွေကို ခုလို အပိုင်း ( ၃ ) ပိုင်း ခွဲပြီး မိတ်ဆက်ပေးထားပါတယ်။ အဲတာတွေကတော့ -

  • Speed Demos - JavaScript နဲ့ ပေါင်းစပ်ထားပြီး ဆန်းသစ်တဲ့ Internet Explorer 9 ရဲ့ စွမ်းဆောင်ရည်တွေ ဒီနေရာမှာ လေ့လာကြည့်လို့ ရမယ်။ ဥပမာပြောရရင် - Flying Images လို့ခေါ်တဲ့ Images တွေက အသေတွေ မဟုတ်တော့ပဲ လေထဲမှာ ပျံနေတာ ၊ Text Size Animated လို့ ခေါ်တဲ့ ကလစ်ပေးလိုက်ရင် စာလုံးတွေက အလိုလို အသက်ဝင်လှုပ်ရှားလာတာ ၊ Test Justification Animated လို့ခေါ်တဲ့ Letter Spacing တွေကို ကျဉ်းနေရင် ကြီးနေတာတွေကို အလောတော် ဖြစ်အောင် လုပ်ပေးတာ၊ Map Zooming လို့ခေါ်တဲ့ မြေပုံကို အသေးစိတ် ချုံ့ချဲ့ ကြည့်နိုင်တာ ... စသဖြင့် အဲ့ခေါင်းစဉ်အောက်မှာ စမ်းသပ်နိုင်ပါတယ်။

  • HTML5 Demos - သူ့ခေါင်းစဉ်အောက်မှာတော့ စံမှီတဲ့ web နည်းပညာတွေကို ဘယ်လို မျှဝေပေးထားတယ် ဆိုတာ လေ့လာစမ်းသပ်ကြည့်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် - သူ့မှာ Border Radius လို့ခေါ်တဲ့ border-width နဲ့ border-style တွေကို ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတာတွေ၊ CSS3 Selectors လို့ခေါ်တဲ့ nodes တွေကို CSS သုံးပြီး ဘယ်လို အလွယ်တကူ ရွေးချယ်နိုင်မလဲ ဆိုတာတွေ၊ DOM Events လို့ခေါ်တဲ့ Links တစ်ခုနဲ့ ပတ်သတ်ပြီး အဲ့ဒီ့ Links ပေါ်မှာတင် သက်ဆိုင်ရာ အချက်အလက်တွေ အတိုချုံး ဖော်ပြချက်တွေ၊ .. စတာတွေ စမ်းသပ်ကြည့်နိုင်ပါတယ်။

  • Graphics Demos - သူ့အောက်မှာတော့ ထူးခြားတဲ့ ဆန်းသစ်မှုတွေနဲ့ HTML5 Graphics တွေကို ဘယ်လို Create  လုပ်ထားလဲဆိုတာ စမ်းသပ်လေ့လာနိုင်ပါတယ်။ ဥပမာ ဆိုရရင် - Falling Balls ၊ SVG–oids ၊ Business Charts ၊ Organization Chart ဆိုတာတွေ အတွက် ဘယ်လို စွမ်းဆောင်ပေးထားလဲ ဆိုတာ လေ့လာနိုင်ပါတယ်။

သူ့ကို ဘာလို့ Internet Explorer 9 လို့ မခေါ်ပဲ Internet Explorer 9 Platform Preview လို့ ခေါ်ရပါသလဲ ??

ဘာကြောင့်လဲ ဆိုရင် Internet Explorer 9 Platform Preview ဆိုတာ full web browser တစ်ခု မဟုတ်သေးပါဘူး။ သူထုတ်ပေးလိုက်တဲ့ ရည်ရွယ်ချက်က Web developers တွေအတွက် နောက်ထွက်လာမယ့် Internet Explorer နဲ့အတူ ပါဝင်လာမယ့် Web platform ကို ကြိုတင်သိရှိထားနိုင်ဖို့နဲ့ ကောင်းကွက် ဆိုးကွက်တွေကို အစောတည်းက ကြိုတင်ထောက်ပြထားနိုင်စေဖို့ ရည်ရွယ်ထားလို့ ဖြစ်ပါတယ်။ နောက်ပြီး Platform Preview ဆိုတာ beta version လိုမျိုး Customer တွေရဲ့ စိတ်ကြိုက် အခြေအနေကို ရောက်တဲ့ ထိ Build တွေကို တဖြည်းဖြည်း ပေါင်းသွားပြီး နောက်ဆုံး အားလုံး သဘောကျပြီ ဆိုတော့မှ Full browser အဖြစ် ရပ်တည်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ရည်ရွယ်ပြီး ထုတ်ထားတာမျိုးလည်း မဟုတ်ပါဘူး။


ကျွန်တော်လား ?? ဟုတ်ကဲ့ ကျွန်တော်လည်း စမ်းသပ်နေပါပြီ။ ပုံလေး ( ၂ ) ပုံလောက်နဲ့ Shortcuts လေးနည်းနည်း ပြလိုက် ၊ ပေးလိုက်ချင်ပါတယ်။ စမ်းတဲ့ အချိန်မှာ ပို အဆင်ပြေအောင်လို့ပါ။


ဒီအောက်က ပုံကတော့ ကျွန်တော် Internet Explorer 9 Platform Preview ကို သုံးပြီး ကျွန်တော့်အိမ်ကို ဖွင့်ထားတာပါ။ အဆင်တော့ ပြေပါတယ်။




လတ်တလော စစချင်းကြည့်ရင် Browser သာဆိုတယ် Address Bar ပျောက်နေပါလိမ့်မယ်။ စိတ်မပူပါနဲ့ Shortcut keys Ctrl+O နဲ့ ဖွင့်လို့လည်း ရသလို ၊ Page > Open ကနေလည်း မိမိ အလိုရှိရာ Address ကို ရိုက်ပြီး သွားနိုင်ပါတယ်။



Internet Explorer 9 Platform Preview ကို Install လုပ်လိုက်လို့ အရင် စက်ထဲမှာ ရှိနေတဲ့ Internet Explorer အဟောင်းက ပျောက်မသွားပါဘူး။ သူတို့ ( ၂ ) ခုက Side by Side တည်ရှိနေမှာ ဖြစ်ပါတယ်။ Internet Explorer 9 Platform Preview  ကို Install လုပ်ဆောင်ဖို့ အတွက် ကျွန်တော်တို့ စက်တွေက Windows 7 (x86 or x64)  ဒါမှမဟုတ် Windows Vista SP2 (x86 or x64) ဖြစ်ဖို့ လိုပါတယ်။

Internet Explorer 9 Platform Preview ကို စမ်းသပ်ကြည့်ပြီး မိမိမကျေလည်တာလေးတွေ သဘောမကျတာလေးကို Microsoft ဆီ တင်ပြချင်မယ် ဆိုရင်တော့ ဒီအောက်က Link ကနေ Download ချပြီး Internet Explorer 9 ကို စမ်းသပ်ကြည့်နိုင်ပါပြီ။

Download Here !!

Download Internet Explorer 9 Platform Preview

တကယ်လို့ ကျွန်တော်တို့တွေဟာ Vista သုံးနေတဲ့ သူတွေ ဖြစ်မယ် ဆိုရင်တော့ Internet Explorer 8 နဲ့ DirectX 2D (D2D) ကို စက်မှာ အရင်ဆုံး Install လုပ်ဖို့လိုပါလိမ့်မယ်။ Internet Explorer 8 ကိုတော့ ဒီနေရာကနေ ဒေါင်းလုပ်ချပြီး အရင် Install လုပ်ဆောင်ထားပါ။ ပြီးရင် DirectX 2D ကို Install လုပ်ဖို့အတွက်တော့ Platform Update for Windows Vista ကို ဒီနေရာကနေ ဒေါင်းလုပ်ချပြီး Install လုပ်ဆောင်ပါ။

အသုံးပြုရာမှာ လွယ်ကူစေဖို့ Internet Explorer 9 Platform Preview အတွက် Shortcuts တွေကတော့ ဒီမှာပါ။

  • Ctrl + O: Open a webpage
  • F5: Refresh
  • F10: Home
  • F12: Developer Toolbar
  • Alt + 5: Force IE5 rendering mode
  • Alt + 7: Force IE7 rendering mode
  • Alt + 8: Force IE8 rendering mode
  • Alt + 9: Force IE9 rendering mode
  • Alt + 0: Reset Document Mode to the page default
  • Ctrl +/-: zoom in and out
  • Alt + ?: Help
  • Ctrl + S: Save Webpage As…
  • Alt + /: About

MF မိသားစုဝင်များ နယ်မြေသစ်မှာ ပျော်ရွှင်နိုင်ပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts