Step by Step Windows 7 Backup

Leave a Comment
မှန်ရာကို ပြောရရင် ရေးချင်နေတာကတော့ တစ်ခြား အကြောင်း ၊ ဒါပေမယ့် အရင် ရေးထားခဲ့တဲ့ အကြောင်းအရာနဲ့က လတ်တလော ဆက်စပ်နေလို့ ဒီ အကြောင်းအရာကိုပဲ ဆက်ရေးဖြစ်လိုက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း တစ်ချိန်က စိတ်မဝင်စားခဲ့တဲ့ ခေါင်းစဉ် တစ်ခုမို့ လတ်တလောမှာလည်း ဘယ်သူမှ စိတ်မဝင်စားကြတာ ဆန်းတော့ မဆန်းပါဘူး .. နောက်ပြီး ဒီလို စာမျိုးတွေရေးရတာ တကယ်တော့လည်း သိပ်တော့ ခံတွင်းမတွေ့လှဘူး .. ဟိုစပ်စပ် ဒီစပ်စပ် ကလိတတ်ပြီး အင်္ဂလိပ်စာကို သာမန်လောက် ဖတ်ရှုနားလည် နိုင်တဲ့ အရည်အချင်းလောက်ရှိရင် ဒီ အကြောင်းအရာတွေက အင်တာနက်မှာ တောင်လိုပုံအောင် ရှာဖတ်နိုင်တဲ့ အကြောင်းအရာမျိုးတွေပါ .. လူတိုင်းလည်း ရေးနိုင်ကြတယ် .. ဒါပေမယ့် ကိုယ်တွေက မြန်မာလူမျိုးမလား .. အင်္ဂလိပ်ရေးထားတာကို ဘာသာပြန်နားလည်ရတာ ထက် မြန်မာလိုလေးရေးထားတာကို ဖတ်ရတာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ စိတ်အစာပြေပြီး တကယ် တတ်သွားသလို ခံစားရတယ်မလား .. ဒါကြောင့်မို့ပဲ တတ်သိနားလည်သူတစ်ယောက်လို မခံယူပဲ မျှဝေချင်တဲ့ စိတ်သက်သက်နဲ့ သိထားတာလေးတွေ ပြန်ပြီး ဝေဌပါတယ်။ စကြရအောင် ..



Windows တွေအတွက် Backup လုပ်ဖို့ ဆိုပြီး ထွက်လာတဲ့ Software တွေဆိုတာ အင်တာနက်မှာ တောင်လိုပုံနေအောင် များပါတယ်။ ( နဲနဲ အတိဿရ လိုက်တာပါ .. အဲလောက်တော့လည်း မများဘူးပေါ့ ) :D ဟိုအရင် ရှေ့မှာရေးခဲ့ပြီးသလို Backup ဆိုတာကို Windows မှာပါတဲ့ Functions ကနေ လုပ်လို့ ရသလို Freeware တစ်ခုခု သို့မဟုတ် Paid Product  သုံးပြီးလည်း လုပ်ပြီးလည်း လုပ်လို့ရပါတယ် .. အားသန်ရာ သန်ရာပေါ့ .. အရင် စာမှာ Windows XP Backup အကြောင်း သိပ်အပြည့်အစုံကြီး မဟုတ်ပေမယ့် အခြေခံအဆင့်လောက် ပြောထားခဲ့ပြီးပြီ မို့လို့ ခု ဆက်ပြီး Windows 7 Backup အကြောင်းလေး ဆက်ချင်ပါတယ်။

Windows 7 Backup ကို ဘယ်လို စတင်ကြမလဲ ??

ဟိုး အစကနေ စပြောရရင်တော့ Windows 7 Backup လုပ်ငန်းစဉ် စတင်ဖို့ အတွက် Start ကို စနှိပ်ပြီး Search programs and files ဆိုတဲ့ နေရာမှာ " backup " ဆိုတဲ့ စကားလုံးကို ရိုက်လိုက်ပါ။ အဲလို ရိုက်လိုက်တာနဲ့ Backup and Restore ဆိုတဲ့ Shortcut ပေါ်လာပြီး အဲတာကို ကလစ်လိုက်တာနဲ့ Backup and Restore tool ဆိုတာကိုပါတွေ့ရမှာ ဖြစ်ပါတယ်။ တစ်ချို့လူတွေက Search Options ကို ပိတ်ထားတတ်ကြလို့ Backup လို့ရိုက်တဲ့ အချိန် ဘာမှ မပေါ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကိုဖြေရှင်းဖို့ကတော့ Task bar မှာ Right click ထောက်ပြီး Properties ကိုဝင် Start Menu > Customize ကို သွားပြီး အောက်မှာရှိတာတွေထဲက Search Programs and Control Panel ဆိုတာကိုရှာပါ ပြီးရင် အဲ့ဘေးက Check box ကို ကလစ်ပေါးလိုက်ပါ ပြီးရင်တော့ Ok > Apply > Ok ပေါ့။ ဒါဆိုရပါပြီ။ ဒါကတစ်နည်းပါ။

နောက်တစ်နည်းကတော့ Desktop ညာဘက် အောက်ထောင့်နားက System Tray Icons မှာရှိနေတဲ့ အလံပုံလေးနဲ့ Action Center ကို တွေ့ရင် အဲကောင်ကို ကလစ်ပေးပြီး Open Action Center ကနေ Action Center ကို ဝင်ပါ။ အဲမှာ Maintenance ရဲ့ အောက်မှာ Setup Backup ကိုတွေ့ပါလိမ့်မယ်။ တကယ်လို့ မတွေ့သေးရင်လည်း တစ်ယောက်ယောက်က  Hide ခိုင်းထားလို့ပါ။ Maintenance ဘေးက Down arrow ကို နှိပ်ပြီး Turn on messages about Windows Backup ဆိုတာကို နှိပ်လိုက်ရင် ရပါတယ်။ ဒါဆို ဒီလိုပုံပေါ်လာပါပြီ။




နောက်ထပ် နည်းတွေလည်း ကျန်ပါသေးတယ် ထားပါတော့ အဲတာတွေလိုက်ပြောနေရင် လိုရင်း မရောက်ပဲ နေပါဦးမယ်။ အဲလိုနဲ့ ကျွန်တော်တို့ ပေါ်လာတဲ့ Set up backup ဆိုတာကို နှိပ်လျှင်နှိပ်ချင်း Progress Bar တစ်ခု ပေါ်လာပြီး များမကြာခင်မှာပဲ Set up Backup Windows လည်းပေါ်လာပါလိမ့်မယ်။


နောက် ကိုယ့် Backup Files တွေ သိမ်းဆည်းထားချင်တဲ့ Destination ကိုရွေးချယ်ပေးပါ။ ဒီနေရာမှာ ဘယ်လိုနေရာမျိုးကို ရွေးချယ်သင့်တယ် ဆိုတဲ့ အကြောင်းကို Google Docs မှာ ကျွန်တော် ရေးထားတာလေး ရှိပါတယ် .. အချိန်လုံလောက်မယ်ဆိုရင်တော့ သွားကြည့်ကြည့်ပါ။ ဒီနေရာကနေ သွားကြည့်ကြည့်ပါ။ ကျွန်တော် ပေးတဲ့ Link ကို သွားကြည့်ခဲ့ပြီးပြီ ဆိုရင်တော့ Backup Destination အဖြစ်ဘယ်နေရာကို ရွေးချယ်သင့်မယ်ဆိုတာ စဉ်းစားချင့်ချိန်နိုင်လောက်ပါပြီ။ DVD, USB Flash Drive, USB External Drive, ဒါမှမဟုတ် Network Location နှစ်သက်ရာ နေရာ တစ်ခုခုမှာ Backup လုပ်နိုင်တယ် ဆိုပေမယ့် ကျွန်တော်ကတော့ USB External Drive ကိုပဲ ရွေးချယ်ပါ့မယ်။ တစ်ခု မှတ်ထားဖို့က အဲ့ အဆင့်ရောက်မှ Backup လုပ်ဖို့ USB Device တစ်ခုခုကို ကွန်ပြူတာမှာ လာတပ်မယ် ဆိုရင် ဘယ်ဘက်အောက်နားလေးက Refresh ကို နှိပ်ဖို့ပါ။ ဒါမှလည်း Backup လုပ်လို့ ရနိုင်သမျှ Destination အားလုံးကို တိတိကျကျ မြင်နိုင်မှာ ဖြစ်ပါတယ်။

Backup လုပ်ငန်းစဉ် စတင်ခြင်း

Destination တစ်ခုခု စိတ်ကြိုက်ရွေးချယ်ပြီးလို့ Next ကို နှိပ်လိုက်တဲ့ အခါ တွေ့မြင်ရမယ့် အရာက Options ( ၂ ) ခုပါတဲ့ ဆုံးဖြတ်ချက် တောင်းခံမှုပါ။ What do you want to backup ? ရဲ့ အောက်မှာ ဒီ Options ၂ ခုကို မြင်ရပါလိမ့်မယ်။
( ၁ ) Let Windows Choose ( recommended ) နဲ့
( ၂ ) Let me choose

Let Windows Choose ( recommended ) ကိုရွေးချယ်မယ် ဆိုရင် Libraries ရဲ့ အောက်မှာ ရှိနေတဲ့ data files တွေ ၊ Desktop ပေါ်မှာ ရှိနေသမျှ အရာတွေ နောက်ပြီး Default Windows Folder တွေ အားလုံးကို Backup လုပ်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ Scheduled ဆွဲပြီး Backup ပေးထားမယ် ဆိုရင်လည်း Backup လုပ်ငန်း လုပ်ဆောင်ချိန်တိုင်းမှာ ခု ပြောထားခဲ့သမျှ နေရာက ဖိုင်တွေ အားလုံး Backup လုပ်ငန်းစဉ်ထဲမှာ အမြဲ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု မေးစရာ ရှိလာတာက Libraries ဆိုတာပါ။ Libraries ဆိုတာဘာလဲ ? Libraries ဆိုတာ Windows 7 ကျမှ အသစ်ပြောင်းထားတဲ့ အခေါ်အဝေါ် တစ်ခုပါ။ ပြောရရင် ဘာနဲ့ အနီးစပ်ဆုံးတူညီ မလဲဆို Windows XP မှာပါတဲ့ Windows Partition အောက်က Documents and Settings နဲ့ သဘောတရားချင်း ဆင်ဆင်တူသလို နဲ့ Vista မှာပါတဲ့ Windows Partition အောက်က Users  နဲ့ လည်း သဘောတရားချင်း ဆင်ဆင်တူပါတယ်။ ဆင်ဆင်တူပါတယ်ပဲ ပြောတာပါ အကုန်တော့ မတူပါဘူး။ ဘာလို့လည်း ဆိုတော့ Windows 7 မှာပါတဲ့ Libraries ဆိုတာက Windows XP နဲ့ Vista မှာပါတဲ့ အရာထက် ပိုပြီး ကိုင်တွယ်ရ လွယ်ကူအောင် စီစဉ်ပေးထားလို့ပါ။ Libraries အကြောင်းကို ဒီလောက်နဲ့ ပဲ ရပ်ထားလိုက်ဦးမယ်။ ပြောမှာက Backup အကြောင်း။ :D 

အဲဒီတော့ Let Windows Choose ( recommended ) ဆိုတာကို ရွေးချယ်လိုက်ရင် ကွန်ပြူတာက စက်တစ်လုံးကို Program ရေးပြီး ခိုင်းလိုက်သလိုမျိုး ဒါတွေဒါတွေလုပ် ဒါတွေဒါတွေ မလုပ်နဲ့ ဆိုတဲ့ ပုံစံကြီးနဲ့ပဲ သွားမှာပါ။ ဆိုတော့ ကျွန်တော်တို့ လိုအပ်တဲ့ ဖိုဒါတွေ ဖိုင်တွေ တစ်ခြားတစ်နေရာမှာ သိမ်းထားမိပြီး အဲ့ဖိုင်တွေက Libraries အောက်မှာ ရှိမနေခဲ့ဘူးဆိုရင် Backup လုပ်ငန်းစဉ်ထဲ ပါမသွားပဲ နေပါလိမ့်မယ်။ ဒီလို မဖြစ်ရအောင် Let Windows Choose ( recommended ) ကို မရွေးချယ်ပဲ ကျွန်တော်တို့ Let me choose ကို ရွေးချယ်သင့်မယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်။ Let me choose ကို ရွေးချယ်ခြင်းအားဖြင့် Let Windows Choose ( recommended ) မှာ default အဖြစ် Backup လုပ်ဖို့ သတ်မှတ်ထားတဲ့ ဖိုင်တွေကို ရွေးချယ်လို့ ရသလို ၊ ကိုယ်ထပ်ပေါင်းထည့်ပြီး backup လုပ်ချင်တဲ့ တစ်ခြား ဖိုဒါတွေကိုလည်း ဒီနေရာမှာ ထပ်ဖြည့်လို့ ရပါသေးတယ်။ ပုံကို ကြည့်ကြည့်ပါ။


ကိုယ် Backup လုပ်ချင်တဲ့ ဖိုဒါတွေ ဖိုင်တွေကို ရွေးချယ်ပြီးပြီ ဆိုရင်တော့ နောက်အဆင့်ကိုသွားဖို့ Next ကို နှိပ်လိုက်ပါမယ်။ နောက်တစ်ဆင့်မှာ မြင်ရမယ့် အနေအထားက အောက်က ပုံပါ။


အောက်နားက Save settings and run backup ဆိုတာကို မနှိပ်ခင် သူ့ အပေါ်နားက Change Schedule ကို နှိပ်ပြီး ဒီ Backup လုပ်ငန်းစဉ်ကို တစ်ပတ်မှာ ဘယ်နကြိမ် လုပ်ဆောင်မယ် ဆိုတာ တစ်ခါတည်း သတ်မှတ်ပေးလိုက်လို့လည်း ရပါတယ်။ ဒီအောက်က ပုံကိုကြည့်ကြည့်ပါ။


ကျွန်တော်ကတော့ အပတ်စဉ် တနင်္ဂနွေတိုင်း ည ရ နာရီ ကိုပေးထားပါတယ်။ ဒါကတော့ စိတ်ကြိုက်ပါ။ ရွေးချယ်ပြီးရင် Ok ကို နှိပ်ပြီး Save settings and run backup ကို နှိပ်ပေးလိုက်ပါ။ Backup စတင်လုပ်ဆောင်ပါပြီ။ ဒါဆို Windows 7 မှာ Backup လုပ်ဆောင်မှု ပြီးပါပြီ။


အခြားနည်းလမ်း တစ်ခုဖြင့် Windows 7 တွင် Backup လုပ်ဆောင်ခြင်း

အပေါ်မှာ ပြောခဲ့ပြီးတဲ့ နည်းအပြင် တစ်ခြား တစ်နေရာကနေလည်း Backup လုပ်ဆောင်လို့ ရပါသေးတယ်။ Start > Control Panel > System and Security > Backup and Restore ကိုသွားပါ နောက်ပြီး ဘယ်ဘက်ခြမ်း အပေါ်ဘက်နားမှာ ရှိနေတဲ့ Create a system image ကို click ပါ။ Where do you want to save the backup ? ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွေးချယ်ဖို့ ( ၂ ) ခုပေးပါလိမ့်မယ်။ အဆင်ပြေရာ တစ်ခုကို ရွေးပါ။ တစ်ခုရှိတာပါ Same HD မှာ Backup လုပ်ရင် အဲ့ HD ကြွတာနဲ့ Backup files တွေလည်း ကြွသွားပါလိမ့်မယ်။ သတိတော့ထားပါ။ Same HD မဟုတ်တာ ပိုကောင်းပါတယ်။


System Repair Disc ကိုလည်း လုပ်ထားဖို့ မမေ့ပါနဲ့ .. သူကတော့ ခုနက နှိပ်ခဲ့တဲ့ Create a system image အောက်မှာ ရှိတဲ့ Create a system repair disc ကို နှိပ်ပြီး လုပ်ရမှာပါ။ သူ့ကို လုပ်ထားခြင်း အားဖြင့် ဘာတွေ လုပ်ဆောင်လို့ ရမလဲ ဆိုရင် တကယ်လို့ အခြေအနေတစ်ခုကြောင့် ကွန်ပြူတာ Error တက်ပြီး ချွတ်ယွင်းချက်ရှိလာတဲ့ အခါ အဲ့ဒီ Repair Disc ကို သုံးပြီး အရေးပေါ် Restore ပြန်လုပ်လို့ ရပါမယ်။ ဒီလောက်ပါပဲ။

ကျွန်တော်ကတော့ ကွန်ပြူတာမှာ ရှိနေတဲ့ ကိုယ့်အတွက် အရေးကြီးဒေတာ အားလုံးကို Backup မဖြစ်မနေ လုပ်ထားကြဖို့ နက်နက်နဲနဲ အကြံပြုလိုပါတယ်။ ကျွန်တော်တို့ ကွန်ပြူတာ ဘယ်အချိန်မှာ ဘာဖြစ်မယ် ဆိုတာ မသိနိုင်ဘူး မလား ??

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts