7 Windows 7 Tweaks & Tips

Leave a Comment
ပြဿနာရပ်ပေါင်း မြောက်များစွာနဲ့ Windows Vista ထွက်ရှိခဲ့ပြီး Microsoft လည်း တော်တော် ဝေဖန်ထိုးနှက်မှု ခံလိုက်ရပါတယ်။ အဲ့ဒီ့ နောက်တော့ သူတို့ သေသေချာချာ အချိန်ယူ ပြင်ဆင်ခဲ့ပြီး လိုအပ်ချက် အတော်များများ ပြည့်စုံတဲ့ Windows 7 ကို ကျွန်တော်တို့ ဆီ အရောက်ပို့ခဲ့ပါတယ်။ Windows 7 က တော်တော် စွဲမက်လောက်စရာ စွမ်းဆောင်ရည်တွေနဲ့ ပြည့်စုံတဲ့ OS တစ်ခုလို့ ဆိုရမှာလည်း။ ခုနောက်ပိုင်းတော့ အတော်များများ လည်း Windows 7 သုံးနေကြလောက်ပါပြီ။ ကျွန်တော့် အသိတော်တော်များများလည်း အရင် XP သုံးနေရာကနေ အခု အကုန်လုံး နီးပါး 7 ကို ကူးလာကြပြီ။ တစ်ချို့လည်း Mac ပေါ့။



Windows 7 မှာ Features အသစ်တွေ အများအပြားပါဝင်တယ် နောက်ပြီး အသုံးပြုရလွယ်ကူအောင် ပြုလုပ်ပေးထားတဲ့ အဆင့်မြှင့်တင်မှု တွေ အများအပြားပါဝင်နေတယ် ဆိုပေမယ့် ဒီ့ထက်ဒီ့ထက် ထုတ်ဖော်သုံးစွဲလို့ ရတဲ့ Features တွေ ၊ စွမ်းဆောင်ရည်တွေ မြင့်သထက်မြင့်လာအောင် ဖန်တီးယူလို့ရတဲ့ ပြုပြင်မှုတွေကို Microsoft က Users အားလုံးကို ဖော်ထုတ်မပြသေးပဲ Windows ထဲမှာပဲ မသိမသာဝှက်ထားတာမျိုးတွေ အမြောက်အများ ကျန်ရှိနေပါသေးတယ်။ အခု သူတို့ ဖော်ထုတ်မပြပေမယ့် Features တစ်ချို့ကို ကျွန်တော်တို့ ဖော်ထုတ်ပါ့မယ်။ ဒါကို အလွယ်ကူဆုံးပြောရရင် Tweaks လုပ်တယ်ပေါ့။ Tweaks လုပ်တယ်ဆိုတာ တကယ်တော့ Windows အတွက် ဘာမှ အသစ်အဆန်း မဟုတ်ပါဘူး။ End Users ( Definitions -  End users ဆိုတာ ပရိုဂရမ် ဒါမှမဟုတ် ဝင်းဒိုး တစ်ခုခုကို ကိုယ့်အတွက်ကိုယ် အသင့်တော်ဆုံး ဖြစ်အောင် ကိုယ်လိုအပ်တာတွေချည်းပဲ ပြုပြင်သုံးစွဲနိုင်သူ သို့တည်းမဟုတ် ပြုပြင်သုံးစွဲသော အဖွဲ့အစည်း ) တွေ တော်တော်များများကတော့ ကိုယ်သုံးနေတဲ့ OS တစ်ခုကို ကိုယ်အသုံးပြုမယ့် လုပ်ငန်း လိုအပ်ချက်အပေါ် မူတည်ပြီး အစကတည်းက အသေးစိတ်ကအစ ပြင်ဆင်အသုံးပြုကြပါတယ်။ ဒါကြောင့် Tweak လုပ်မယ်ဆိုလို့ မကြောက်ကြပါနဲ့။ အခု Tweak လုပ်မယ် ဆိုတာ မရှိသေးတာ Tweak လုပ်မှာ မဟုတ်ပါဘူး။ Windows မှာ ပါရှိပြီးသား အရာတွေကို Tweak လုပ်ယူမှာပါ။

Tweak လုပ်ယူမယ့် အဆင့်တစ်ခုချင်းစီ အတွက် ကျွန်တော် Level သတ်မှတ်ထားပါတယ်။ Level 0 ဆိုတာကတော့ အလွယ်တကာ့ အလွယ်ကူဆုံး အဆင့်ပေါ့။ သူကနေစပြီး နဲနဲချင်း မြှင့်သွားပါမယ်။ ဒါပေမယ့် အားလုံး ခက်ခက်ခဲခဲ မရှိပါဘူး။ စလိုက်ရအောင်။ လူသိများတဲ့ အကြောင်းအရာကနေ စလိုက်ပါ့မယ်။

Classic Taskbar - ( Level - 0 )

Windows 7 မှာ စွမ်းဆောင်ရည် သိပ်ကောင်းတဲ့ Superbar ဆိုတာ ရှိပါတယ်။ သူက ပြောရရင်တော့ Tackbar ပါပဲ။ သူ့ဆီကို icons တွေ shortcuts တွေအဖြစ်နဲ့ တိုက်ရိုက် pin လို့ရတယ်။ နောက် Jumplists ကို သုံးပြီး ကိုယ်သွားနေကျ နေရာတစ်ခုကို လမ်းရိုးကြီးအတိုင်း မသွားပဲ ဟိုကျော်ဒီခွ ကြားဖြတ်လမ်းနဲ့ သွားလို့လည်း ရတယ်။ ဒါပေမယ့် တစ်ချို့သူတွေကတော့ ဒီ Superbar ပုံစံကြီးကို သဘောမကျကြပါဘူး။ အရင် Vista မှာ သုံးခဲ့ကြတဲ့ Taskbar လို ပုံစံမျိုးလေး ဆင်တူတဲ့ သေးသေးသွယ်သွယ် ပုံစံမျိုးနဲ့ Taskbar မျိုး ပြန်လိုချင်ကြတယ်။ အဲ့ဒီ့ Taskbar ကို Classic Taskbar လို့ ခေါ်ပါတယ်။ Microsoft ကလည်း  ဒီစိတ်ကို သိလို့ အရင် ဝင်းဒိုးမှာပါတဲ့ Functions တွေ ပြန်ထည့်ပေးထားပါတယ်။


Classic Taskbar ကို ပြန်လည်ရယူဖို့ အတွက်ဆို ဒီ အောက်က လုပ်ဆောင်ချက်တွေ လုပ်ဆောင်ရပါမယ်။
  • Taskbar ပေါ်က လွတ်တဲ့ တစ်နေရာမှာ Right-click > Properties ကို ဝင်ပါ့မယ်။ အပေါ်မှာ မြင်ရတဲ့ Dialog box မြင်ရတဲ့ ထိ သွားရမှာပါ။
  • Use small icons ရဲ့ ဘေးမှာ ရှိနေတဲ့ Check box မှာ အမှန်ခြစ် ပေးပေးပါ နောက်ပြီး Dropdown Menu ကနေ Combine when taskbar is full. ကိုပါ ရွေးချယ်ပေးပါ။
  • ပြီးရင် Apply ကို နှိပ်ပါ။

ဒီအကြောင်းအရာက အတော်များများ သိပြီးသား အကြောင်းအရာ တစ်ခု ဖြစ်နိုင်ပါတယ်။

Explorer Checkboxes - ( Level - 0 )

ကျွန်တော်တို့ Vista သုံးခဲ့ကြစဉ်ကတည်းက Windows Explorer ထဲမှာ ရှိတဲ့ ဖိုင်လေးတွေဆီ ကျွန်တော်တို့ သုံးနေတဲ့ Mouse အဖျားလေး ပွတ်ထိသွားတဲ့ အချိန် ဘေးနားမှာ သေးသေးကွေးကွေး checkboxes လေးတွေ ပေါ်လာတာ မှတ်မိကြမယ် ထင်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဖိုင်တစ်ခုထက် ပိုပြီး ရွေးချယ်ချင်တဲ့ အခါ keyboard ကနေ Ctrl ဒါမှမဟုတ် Shift ကိုင်ပြီး ရွေးချယ်လို့ ရသလို တကယ်လို့ ကျွန်တော်တို့ keyboard ကို မထိပဲ ဖိုင်တစ်ခုထက် ပိုပြီး ရွေးချယ်ချင်တဲ့ အချိန်မှာ ဒီ checkboxes လေးတွေက သိပ် အသုံးဝင်ပါတယ်။


Explorer Checkboxes တွေကို Enable လုပ်ဖို့ အတွက်ဆိုရင် ..
  • Start button ကိုနှိပ်ပြီး Search bar မှာ Folder Options လို့ ရိုက်ပြီး Enter ကို နှိပ်ပါ။
  • View tab ကို နှိပ်ပြီး Advance Settings ဆိုတဲ့ Listbox ကို သွားပါ။
  • Use check boxes to select items ဆိုတာရဲ့ ဘေးက checkbox မှာ ကလစ်ပေးပြီး Apply > Ok ကို နှိပ်ပါ။ 
ဒီလိုလုပ်ပြီးသွားတာနဲ့ ကိုယ်ပြင်ထားတဲ့ အတိုင်း Mouse ကို items တစ်ခုခုပေါ် ရွှေ့တိုင်းမှာ select လို့ရမယ့် checkboxes လေးတွေ အသီးသီး ပေါ်လာမှာ ဖြစ်ပါတယ်။

Web Search Connectors - ( Level - 1 )

Windows Explorer ထဲကနေပဲ Web စာမျက်နှာတွေ တိုက်ရိုက်ရှာဖွေလို့ ရတယ် ဆိုတာကို မိသားစုတွေ သိကြပါရဲ့လား ? ဟုတ်ပါတယ်။ အင်တာနက် စာမျက်နှာ ပေါ်က ကျွန်တော်တို့ အလိုရှိရာတွေကို ( ဥပမာ - Youtube က ဗွီဒီယိုတွေ ) Windows Explorer ထဲကနေပဲ တိုက်ရိုက် ရှာဖွေလို့ ရနေပါတယ်။ အခုကျွန်တော်တို့ အဲ့ဒီ့ အကြောင်း ဆက်လိုက်ရအောင်။




Windows 7 အတွက် Search Connectors တွေ ဖန်တီးဖို့ ဆိုရင် နည်းလမ်း ( ၂ ) ခုရှိပါတယ်။ သူတို့တွေကတော့ ..
  • အသင့်သုံး Connectors များအား ရှာဖွေအသုံးပြုခြင်း နဲ့
  • Connectors များအား မိမိကိုယ်တိုင် ဖန်တီးယူခြင်း ဆိုပြီး ဖြစ်ပါတယ်။

ကျွန်တော် အခု နည်းလမ်း ( ၂ ) မျိုးလုံး ပြောပြသွားပါ့မယ်။

( ၁ ) အသင့်သုံး Connectors များအား ရှာဖွေ အသုံးပြုခြင်း

ဒီ့အတွက်တော့ အပင်ပန်း ခံမနေပါနဲ့။ ကျွန်တော် အင်တာနက်ထဲကနေ ရှာပြီး စုထားတဲ့ Connectors တွေ ရှိပါတယ်။ အောက်ဆုံးမှာ download ချဖို့ Link တစ်ခုပေးထားပါတယ်။ အသုံးပြုပုံကတော့ ရတာတဲ့ ဖိုင်တွေထဲက နှစ်သက်ရာ မိမိအသုံးပြုချင်တဲ့ Connector တစ်ခုကို double-click ပေးလိုက်ယုံပါပဲ။ အဲလိုပေးလိုက်ရင် အောက်မှာပြထားတဲ့ Confirmation box တစ်ခုတက်လာပါလိမ့်မယ်။ Add ကို ပေးလိုက်ပါ။


ဒါကတော့ ကျွန်တော်စုထားတဲ့ Connectors 29 ခု ပုံပါ။ တော်တော်များများ အသုံးဝင်မယ် ထင်ပါတယ်။ လိုက်စုထားရင်းနဲ့ တင်ပေးလိုက်တော့ ၃၆ ခု ဖြစ်နေပါပြီ။


အားလုံးပြီးသွားပြီ ဆိုရင် Web ပေါ်မှာ ရှာဖို့ အသင့်ဖြစ်ပါပြီ။ Web pages တွေကို Explorer ထဲကနေ စတင်ရှာဖွေဖို့ အတွက် Start button ကိုနှိပ်ပြီး Search bar မှာ Searches လို့ ရိုက်ပြီး Enter ကို နှိပ်ပါ။ Box တစ်ခု တက်လာပြီး အဲ့ထဲမှာ ကိုယ် add ထားတဲ့ connector တွေတွေ့ပါလိမ့်မယ်။ ဥပမာ - Google ကို သုံးပြီး web pages ရှာချင်တာ ဆိုရင် Google Search ဆိုတာကို နှိပ်ပါ။ တကယ်လို့ Youtube မှာ သီချင်းတွေ ဘာတွေ ရှာချင်တာဆို Youtube ဆိုတဲ့ connector ကိုနှိပ်ပါ။ ပြီးရင် ညာဘက် အပေါ်ထောင့်နားက Search box မှာ ကိုယ်ရှာချင်တဲ့ အကြောင်းအရာကို Windows Explorer ထဲကနေ စတင်ရှာဖွေလို့ ရပါပြီ။ စသဖြင့် ကိုယ့် add ထားတဲ့ အပေါ်မူတည်ပြီး ကိုယ်ရှာချင်တာကို စတင်ရှာဖွေလို့ ရပါတယ်။ ဒီအောက်က ပုံက ကျွန်တော် Taylor Swift ရဲ့ You belong with me သီချင်းကို Youtube Connector သုံးပြီး ရှာပြထားတာပါ။ ရှာလို့ ရတာတွေကို ဖွင့်ဖို့ အတွက်ကတော့ Drag and Drop လုပ်ပြီး Shortcut တွေကို Desktop ပေါ်ကို ဆွဲထုတ်ပါ ပြီးရင် Double click ပေးပြီး ဖွင့်ပါ။ ဒါမှမဟုတ် Right click ထောက်ပြီး Create Shortcut ဆိုရင်လည်း Desktop ပေါ်မှာ အဲ့ဒီ့ URL တည်နေရာကို ဖွင့်ကြည့်ဖို့ Shortcut ရပါလိမ့်မယ်။



Search Connectors Download Here !!

( ၂ ) Connectors များအား မိမိကိုယ်တိုင် ဖန်တီးယူခြင်း

ဒါကတော့ လက်တည့်စမ်းချင်သူတွေ အတွက်ပါ။ ပထမအဆင့် အနေနဲ့ Notepad တစ်ခုဖွင့်ပြီး အောက်မှာ ပေးထားတဲ့ Code ကို Copy > Paste လုပ်ပါ။

<?xml version="1.0" encoding="UTF-8"?>
<OpenSearchDescription xmlns="http://a9.com/-/spec/opensearch/1.1/" xmlns:ms-ose="http://schemas.microsoft.com/opensearchext/2009/">
<ShortName>99sanay</ShortName>
<Description>OpenSearch 99sanay via Live Search using Windows 7 Federated Search</Description>
<Url type="application/rss+xml" template="http://api.bing.com/rss.aspx?source=web&amp;query={searchTerms} site:99sanay.com&amp;web.count=50"/>
<Url type="text/html" template="http://www.bing.com/search?q={searchTerms}+site:99sanay.com"/>
</OpenSearchDescription>

ဒုတိယအဆင့် အနေနဲ့ ခုနက Paste လုပ်ထားတဲ့ စာထဲမှာ ပါလာတဲ့ အနီရောင်နဲ့ ဖော်ပြထားတဲ့ နေရာတွေမှာ စာတြွေပင်ပေးရပါမယ်။ 99sanay နေရာမှာ ကိုယ်ရှာချင်တဲ့ ဆိုဒ်ရဲ့ name အတိုကောက် တစ်ခုခု .. OpenSearch 99sanay via Live Search using Windows 7 Federated Search နေရာမှာ အဲ့ဆိုဒ်အတွက် မိမိစိတ်ထဲရှိရာ ဖော်ပြချက် တစ်ခုခု .. 99sanay.com နေရာမှာ မိမိ Connect လုပ်ချင်တဲ့ ဆိုဒ်ရဲ့ URL စတာတွေကို ပြောင်းလဲ ဖြည့်သွင်းပေးရပါမယ်။ သိထားဖို့ တစ်ခုကနေ ဒီ လုပ်ငန်းစဉ်က ထွက်လာမယ့် Results တွေ အားလုံးဟာ Basic Search သီးသန့်အတွက်သာ အသုံးတည့်ပါလိမ့်မယ်။ မိမိလိုချင်တဲ့ အကြောင်းအရာကို ရှာဖွေတဲ့ နေရာမှာ ထင်သလောက်ကြီးတော့  Accuracy  ကောင်းမှာ မဟုတ်သလို Sites တိုင်းအတွက်လည်း Connectors အဖြစ် လုပ်ဆောင်လို့ ရမှာ မဟုတ်ပါဘူး။ အားလုံးပြီးသွားရင် ပြင်ဆင်ထားတဲ့ ဖိုင်ကို save ဖို့အတွက် File > Save as ကို နှိပ်ပြီး File name နေရာမှာ .osdx နဲ့ အဆုံးသတ်မယ့် File name တစ်ခု ပေးပါ။ Save as type နေရာမှာ All Files ကိုရွေးပေးပါ။ Encoding နေရာမှာ UTF-8 ကိုရွေးပေးပါ။ ဒီအောက်က ပုံလိုပေါ့။



အားလုံးပြီးသွားရင်တော့ ကိုယ်တိုင်ဖန်တီးထားတဲ့ Connector အသစ်တစ်ခုကို စမ်းသပ်ကြည့်လို့ ရပါပြီ။

Enable GodMode - ( Level - 1 )

Windows 7 မှာ GodMode ရှိနေတာ တော်တော်အ့ံသြဖို့ ကောင်းပါတယ်။ သူက တစ်ခြားတော့ မဟုတ်ပါဘူး။ Control Panel ထဲမှာ ရှိနေတဲ့ Options အားလုံး Page တစ်ခုတည်း အဖြစ်နဲ့ ဖော်ပြဖို့ ဖန်တီးတဲ့ ပြောင်းလဲမှု တစ်ခုပါ။ Screen တွေ တစ်ခုပြီး တစ်ခုပြောင်းပြီး Control Panel ထဲမှာ ကိုယ်လိုချင်တာ ချင်တာ ရှာတွေ့ဖို့ အဆင့်ဆင့် သွားနေရတဲ့ ဖြစ်ရပ်ကနေ တစ်နေရာတည်းကနေ အကုန်လုံး မိမိစိတ်ကြိုက် ပြင်ဆင်လို့ ရပါပြီ။


GodMode ဖန်တီးဖို့ ဘာမှ မခက်ခဲပါဘူး။ ကြိုက်တဲ့နေရာ တစ်ခုမှာ New Folder တစ်ခု ဖန်တီးပြီး Rename ကို ဒီ စာသားထည့်ပေးလိုက်မှာ။

GodMode.{ED7BA470-8E54-465E-825C-99712043E01C}

ဒါဆို နဂိုဖိုဒါပုံကနေ ခုလိုပုံပြောင်းသွားပါလိမ့်မယ်။ စမ်းသပ်ကြည့်ကြပါဦး။



Quick Launch Toolbar - ( Level - 2 )

Quick Launch Toolbar ဆိုတာ အားလုံးသိကြတဲ့ အတိုင်း Start ရဲ့ ညာဘက်ဘေးနားလေးမှာ ကိုယ်သုံးလေ့ရှိတဲ့ Programs တွေကို အလွယ်တကူ access လုပ်လို့ ရအောင် icons လေးတွေ ထည့်သွင်းထားနိုင်တဲ့ နေရာကို ဆိုတာပါ။ ဒါပေမယ့် Windows 7 မှာ Superbar လို့ ပြောကြတဲ့ စွမ်းဆောင်ရည်မြင့် Taskbar တစ်ခုကြောင့် Quick Launch Toolbar ရဲ့ ရှင်သန်မှု ကို ရပ်တန့်ပစ်ခဲ့ပါတယ်။ သူ ပါဝင်မလာတော့ပါဘူး။ အခုကျွန်တော်တို့ သုံးနေကြတဲ့ Superbar က Quick Launch Toolbar ထက် အဆတစ်ထောင်မက အသုံးဝင်တယ် ဆိုတာ သေချာပေမယ့် ဒီ Quick Launch Toolbar လေးကိုလည်း သာမန်အလှည့်အပြောင်း တစ်ခု ဖန်တီးပြီး အလွမ်းပြေ ပြန်သုံးကြည့်လို့ ရတယ်ဆိုတာ သိထားဖို့ သင့်တယ်မလား။

ကျွန်တော်တို့ Quick Launch Toolbar ကိုပြန် အသက်သွင်းဖို့ အောက်ဖော်ပြပါ နည်းတွေ အတိုင်း လုပ်ဆောင်ပါ့မယ်။
  • Taskbar ပေါ်က လွတ်တဲ့နေရာ တစ်ခုမှာ Rightclick ထောက်ပြီး Toolbars > New Toolbar ကို သွားပါ့မယ်။ ( ဒီနေရာမှာ တစ်ခုရှိတာက ခုအဆင့်ကို မလုပ်ဆောင်ခင် Folder Options ကနေ ဝင်ပြီး Hide ထားတဲ့ Folder တွေကို အရင်ဖော်ထားဖို့ လိုပါတယ်။ ဒီဖော်တဲ့နည်းကတော့ အတော်များများ သိလို့ မပြောခဲ့တော့ပါဘူး။ )
  • နောက် users > account name > AppData > Roaming > Microsoft > Internet Explorer > Quick Launch ကို သွားပြီး အဲ့ဖိုဒါကို Select လုပ်ပြီးရင် Select Folder ကိုနှိပ်လိုက်ပါ။
  • ဒါဆို ကျွန်တော်တို့ရဲ့ ပျောက်နေတဲ့ Quick Launch Toolbar ပြန်ရပါပြီ။

Change Logon Background - ( Level - 3 )

  • Registry Editor ကို ဖွင့်ပါ။ ( Start menu > run ကနေလည်း regedit လို့ ရိုက်လို့ ရပါတယ်။ ) 
  • HKLM > Software > Microsoft > Windows > CurrentVersion > Authentication > LogonUI > Background ကို တစ်ဆင့်ချင်း သွားပါ။
  • OEMBackground ကို Right-click ထောက်ပြီး Modify ကိုဆက်ဝင်ပါ။ Value Data ကို 0 ကနေ 1 ကို ပြောင်းပေးပါ။
  • C:\Windows\System32\oobe\info\backgrounds ဒါမှမဟုတ် C:\Windows\System32\oobe ကို သွားပါ။ အဲဒီကိုရောက်ရင် background.bmp ဆိုတဲ့ image ကို တွေ့ပါလိမ့်မယ်။ သူ့နေရာမှာ ကိုယ်ထည့်ချင်တဲ့ တစ်ခြား background တစ်ခု ပြောင်းထည့်ပါ။
  • Logon Screen ကို တစ်ခုတည်းမက ၂ ခု ၃ ၄ ၅ ခုပြောင်းလဲချင်သူတွေ အတွက်တော့ ဒီ့ထက်ပို အဆင်ပြေမယ့် နည်းရှိပါသေးတယ်။ အဲတာကတော့ အောက်က Windows 7 Logon Background Changer ကို ဒေါင်းလုပ်ချပြီး သုံးလိုက်ပါ။ အသုံးပြုပုံကတော့ LogonScreenRotator.exe ကို double-click ပေးပြီး Choose image တွေကနေ တစ်ဆင့် ကိုယ်ထည့်ချင်တဲ့ ပုံထည့်ပေးဖို့ပါပဲ။ တစ်ခုရှိတာက ကိုယ့် desktop resolution ပေါ်မူတည်ပြီး မကြီးလွန်း မသေးလွန်း အံကိုက် ဖြစ်လောက်မယ့် ပုံမျိုးကို ထည့်ပေးပါ။ မဟုတ်ရင် မတော်တရော်ဖြစ်နေပါလိမ့်မယ်။

Windows 7 Logon Screen Rotator Download Here !!

Windows 7 wallpapers Download Here !!

Ultimate Windows 7 Tweaker

နောက်ဆုံး မိတ်ဆက်ပေးချင်တာကတော့ Ultimate Windows 7 Tweaker ပါ။ သူကတော့ နာမည်နဲ့ လိုက်အောင် ကိုယ် install လုပ်ထားတဲ့ Windows 7 ကို အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ်သုံးနေတဲ့ ဝင်းဒိုးကို ကောင်းသထက်ကောင်းအောင် ပြင်ဆင်ရင်းနဲ့ အပြင်မတတ်လို့ စက်ပျက်တာမျိုး မဖြစ်စေချင်ဘူး ဆိုရင်တော့ ဒီကောင်လေးကို စမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ရင်း နိဂုံးချုပ်လိုက်ပါတယ်။



Ultimate Windows 7 Tweaker Download Here !!

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts