Impressive Features in Microsoft Office 2010

Leave a Comment
Office 2010 Beta စထွက်တော့ အစမ်းသဘော ကျွန်တော် စသုံးကြည့်မိတယ် .. 2007 နဲ့ အပြင်အဆင်ကတော့ သိပ်အများကြီး မကွာသလိုပါပဲ .. အဲလိုနဲ့ သုံးလာခဲ့တာ ဟိုတစ်လောက Microsoft Office Professional Plus 2010 Beta ထပ်ထွက်လာတော့ ထပ်ပြောင်းကြည့်မိတယ်။ လောလောဆယ်တော့ Office 2010 က October 2010 ထိ ဒီ Beta version တွေကို Free ပေးထားမှာ မို့လို့ စမ်းသုံးကြည့်မယ်ဆို သုံးပျော်ပါတယ်။ အစမ်းသုံးသုံးကြည့်ကြတဲ့ အချိန်မှာ Office 2010 မှာ ပါလာတဲ့ သူ့ရဲ့ဆန်းသစ်မှု တစ်ချို့ကို စမ်းသပ်ကြည့်ဖြစ်အောင် ဒီအကြောင်းအရာကို ဝေမျှလိုက်ပါတယ်။



ဆန်းသစ်မှု များနှင့် Microsoft Office 2010

ကျွန်တော် ဒီနေရာကနေပြီး Microsoft Office 2010 မှာပါဝင်လာတဲ့ Features အသစ်လေးတွေကို မိတ်ဆက်ပေးသွားပါမယ်။

( ၁ ) Office documents များအား Online တွင် တိုက်ရိုက်သိမ်းဆည်း သုံးစွဲနိုင်ခြင်း


Microsoft Office 2010 မှာ ကိုယ့်မှာ ရှိနေတဲ့ Documents တွေကို မိမိမှာသာ SkyDrive Account ရှိမယ်ဆိုရင် Online မှာ တိုက်ရိုက် သိမ်းဆည်းထားနိုင်ပြီး  အခြားနေရာတစ်ခုမှာ ရှိနေတဲ့ ကွန်ပြူတာကနေလည်း ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

SkyDrive က 25GB ထိ Free Online Storage ပေးထားပြီး သူ့ရဲ့ ဝန်ဆောင်မှုက Office Web Apps နဲ့လည်း ချိတ်ဆက်ထားတာမို့လို့ ကိုယ့်ကွန်ပြူတာမှာ Microsoft Office ရှိမနေခဲ့ဘူး ဆိုရင်တောင် Web browser ကနေပြီး အဲ့ဒီ့ Documents တွေကို ကြည့်ရှု ပြင်ဆင် တည်းဖြတ်လို့ ရမှာ ဖြစ်ပါတယ်။ Office Web Apps ဆိုတာ သိပ်မကြာခင်မှာ Google Docs ကို အလဲထိုး အောင်ပွဲ ခံတော့မယ့် Online Microsoft Office Live Workspace လို့ ပြောလို့ ရပါတယ်။ ခုဆိုရင် Microsoft Office Live Workspace ကိုသုံးပြီး Online မှာ ကျွန်တော်တို့ရဲ့ Documents တွေ PDF တွေ နောက်ပြီး Spreadsheet နဲ့ Presentations တွေ အကုန်လုံးကို တစ်နေရာတည်းမှာ ပြင်ဆင်တည်းဖြတ် ရေးသွင်းနိုင်ပါပြီ။ ကျွန်တော်တို့ရဲ့ Documents တွေကို သိမ်းဆည်းဖို့ အတွက်ကတော့ Microsoft Office 2010 ကို ဖွင့်ပြီး File > Share > Save to SkyDrive ကနေ သွားပါ။



( ၂ ) Presntations များအတွင်း ကြိုက်နှစ်သက်ရာ Web Videos များ Embed ပြုလုပ်နိုင်ခြင်း

Microsoft Office 2010 နဲ့အင်တာနက်မှာ ရှိနေတဲ့ ကျွန်တော်တို့ နှစ်ခြိုက်တဲ့ သီချင်း ဗီွဒီယို စတာတွေကို အလွယ်တကူ Embed ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ သက်ဆိုင်ရာ web pages တွေကနေ ( ဥပမာ - youtube သို့မဟုတ် အခြားသော Video Sharing Site များမှ ) သက်ဆိုင်ရာ ဗွီဒီယိုတွေရဲ့ Embed Code တွေကို ကူးယူလာပြီး Slide ထဲက နှစ်သက်ရာ နေရာမှာ ထည့်သွင်းလိုက်ယုံပဲ ဖြစ်ပါတယ်။



ဒါကတော့ Slide ထဲမှာ ကျွန်တော် Lady GaGa ရဲ့ Poker Face သီချင်း အစမ်းထည့်ပြထားတာပါ။



( ၃ ) လွယ်ကူလျင်မြန်သော စွမ်းဆောင်ချက်များဖြင့် OutLook

ကျွန်တော်တို့ Gmail မှာ သိပ်အသုံးဝင်တဲ့ Feature တစ်ခုရှိပြီး သူ့ကို Send and Archive လို့ လူသိများပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ တစ်ချက်ခုတ် ( ၂ ) ချက်ပြတ်လို့ ဆိုရမှာပါ။ ကျွန်တော်တို့က Send and Archive ဆိုတဲ့ ခလုတ်ကို တစ်ချက်နှိပ်လိုက်ယုံနဲ့ ကျွန်တော်တို့ရဲ့ ပြန်ကြားမှုကိုလည်း ပေးပို့မယ်။ နောက်ပြီး ပို့ပြီးသွားတဲ့ စာကိုလည်း တစ်ခါတည်း Archives လုပ်ပစ်လိုက်ပါလိမ့်မယ်။

ဒီသဘောပါပဲ။ OutLook မှာပါတဲ့ Quick Steps feature ကလည်း ကျွန်တော်တို့ကို တစ်ချက်ခုတ် ( ၂ ) ချက်ပြတ်တွေ လုပ်ဆောင်လို့ ရအောင် ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ တစ်ခုပြောရရင် Reply and Delete ပါ။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ ကျွန်တော်တို့ Emails တွေကို ပြန်လည်ဖြေကြားပြီးတာနဲ့ တစ်ခါတည်း Inbox ထဲကနေ ဖျက်ပစ်မယ်လို့ စေခိုင်းတာပါ။


( ၄ ) PDF writer ထည့်သွင်းထားရှိခြင်း

Microsoft Office 2010 programs တွေအားလုံးမှာ Built-in PDF writer ပါဝင်ပါတယ်။ သူရှိနေခြင်းအားဖြင့် Documents တွေကို PDF files အဖြစ်သိမ်းဖို့ တစ်ခုတည်း အတွက်နဲ့ တစ်ခြား Software တွေ ( ဥပမာ - DoPDF, Primo PDF စသဖြင့် ) Install လုပ်ဖို့ မလိုတော့ပဲ Microsoft Office 2010 ထဲကနေပဲ တိုက်ရိုက် PDF အဖြစ် ပြောင်းလဲလို့ ရနေပါပြီ။ အရင်တစ်ချိန်ကတော့ ဒီ feature ကို Add-on တစ်ခု Install လုပ်ပြီးမှ ရတာပါ။ ခုတော့ Microsoft Office 2010 မှာ အရံသင့် ပါဝင်နေပါပြီ။


( ၅ ) သေသပ် တိကျသော Printer Settings

Microsoft Office 2010 မှာ အရင် Versions တွေနဲ့ မတူပဲ လုံးလုံးလျားလျား ပြောင်းလဲသွားတာ Print Dialog ပါ။ ဒီပြုပြင် ပြောင်းလဲမှုကတော့ တော်တော်လေး ချီးကျူးစရာ ကောင်းပါတယ်။ ခုဆိုရင် ကျွန်တော်တို့ Printer Settings အချိန်းအပြောင်းတွေကို Side-by-Side ကြည့်မြင်ချိန်ဆပြီး လုပ်ဆောင်နိုင်ပါပြီ။



( ၆ ) Presentations များအား မိမိ၏ ပရိတ်သတ်များအတွက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်နိုင်မှု

ဒီကောင်လေးကတော့ ထူးခြားပါတယ်။ ခုဆိုရင် ကျွန်တော်တို့ Microsoft Office Powerpoint 2010 ထဲကနေပြီး အင်တာနက်ပေါ်ကနေတစ်ဆင့် မိမိပရိတ်သတ်တွေဆီ ကိုယ်ဖန်တီးပြုလုပ်ထားတဲ့ Presentations တွေ တိုက်ရိုက် တင်ဆက်နိုင်ပါပြီ။ လုပ်ဆောင်ပုံကလည်း မခက်ပါဘူး။ Broadcast လုပ်ငန်းစင် စတင်ဖို့ အတွက် File > Share > Broadcast Slide Show ကနေ သွားလို့ ရသလို မိမိရဲ့ Slide ကိုဖွင့်ထားပြီး SlideShow tab ကနေတစ်ဆင့် Broadcast Slide Show  ကိုဝင်ရောက်လည်း ရပါတယ်။ အဲကနေမှ တစ်ဆင့် မိမိရဲ့ Windows Live ID နဲ့ ( Windows Live ID မရှိရင် ပေးထားတဲ့ Link ကနေ အသစ်တစ်ခု ဖန်တီးလိုက်ပါ ) ဝင်ရောက်လိုက်ပါ။ အဲလိုဆိုရင် ကိုယ့် Slide ကို Web ပေါ်ကနေ တင်ဆက်ဖို့ သူက Link တစ်ခုပေးပါလိမ့်မယ်။



အဲ့ Link ကို ကော်ပီ ကူးပြီး မိမိတင်ဆက်ချင်တဲ့ သူတွေဆီကို Mail ကနေ တစ်ဆင့် ဒါမှမဟုတ် အဆင်ပြေမယ့် တစ်နည်းနဲ့ ပို့လိုက်ပါ။ ကိုယ် တင်ဆက်မယ့် သူတွေနဲ့ အဆက်အသွယ်ရပြီ ဆိုတာနဲ့ ကိုယ့်ရဲ့ Local Computer ကို Full Screen Mode ကိုပြောင်းပြီး Presentation ကို စတင်နိုင်ပါပြီ။ ကိုယ့် Local Computer မှာ Slide Change ရင် Change သလို တစ်ဖက်က ကြည့်ရှုနေသူတွေကလည်း ကိုယ်တင်ပြတဲ့ အတိုင်းတွေ့မြင်သွားရပါလိမ့်မယ်။ တစ်ခုရှိတာက Browser တိုင်းတော့ မရပါဘူး။ Internet Explorer ဒါမှမဟုတ် Firefox နဲ့ Mac Book တွေ အတွက်ဆို Safari ဖြစ်ဖို့ လိုပါတယ်။



( ရ ) Powerpoint အတွင်း Videos များ တည်းဖြတ်ပြင်ဆင်နိုင်ခြင်း


ကျွန်တော်တို့ရဲ့ Presentation မှာ အသုံးပြုမယ့် Video Clip တွေကို အသုံးမပြုခင် ပြင်ဆင်တည်းဖြတ်မှုတွေ ပြုလုပ်ချင်ပါသလား။ ဒါမှမဟုတ် 3D Rotation လိုမျိုး Professional Styles တွေ ကိုယ့် Video မှာ ထည့်သွင်းပြီး ကိုယ့်ပရိတ်သတ်ကို ရင်သတ်ရှုမော ဆွဲဆောင်ချင်ပါသလား .. ဒါလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ Powerpoint 2010 မှာ Powerful Video Editing Features ပါဝင်နေလို့ ပါပဲ။


( ၈ ) မိမိ၏ Slides များအား Video အဖြစ် ပြောင်းလဲနိုင်ခြင်း

Microsoft Office Powerpoint 2010 မှာ ကျွန်တော်တို့ရဲ့ Presentation ကို Video file အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Feature လည်းပါဝင်ပါတယ်။ သူ့ကို သုံးပြီး ကိုယ်ဖန်တီးထားတဲ့ Slide တွေကို Youtube မှာ Upload တင်ပြီး ဖြန့်ဝေလို့ ရသလို ipod လို တစ်ခြား media player တွေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ ဗီွဒီယို ပြောင်းလဲမှု လုပ်ငန်းစဉ်က ကျွန်တော်တို့ ဖန်တီးနေတဲ့ Presentation ရဲ့ နောက်ကွယ်မှာ လုပ်ဆောင်နေမှာ ဖြစ်လို့ လက်ရှိလုပ်ဆောင်နေတဲ့ Presentation လုပ်ငန်းစဉ်တွေကိုလည်း အခြေအနေမပျက် ဆက်လက်လုပ်ကိုင်နိုင်စေမှာ ဖြစ်ပါတယ်။



( ၉ ) Screen Capture ဖြည့်သွင်းပါဝင်မှု

အခုဆိုရင် Microsoft Office 2010 programs အားလုံးမှာ Screen clipping utility ထည့်သွင်းထားပါပြီ။ သူ့ကို အသုံးပြုပြီး Desktop Screen ပေါ်က ကျွန်တော်တို့ နှစ်သက်ရာနေရာကို အလွယ်ကူ အလျင်မြန်ဆုံး Capture ဖမ်းနိုင်မှာ ဖြစ်ပါတယ်။ သူ့ကို သုံးပြီး Desktop ပေါ်မှာ ရှိနေတဲ့ ဖွင့်ထားသမျှ Applications အားလုံးကို Screenshots လုပ်လို့ရသလို ကိုယ်ရွေးချယ်ရာ နေရာ သီးသန့်ကိုလည်း Screenshots နိုင်မှာ ဖြစ်ပါတယ်။




( ၁၀ ) လိုတရ Outlook

Outlook သုံးတဲ့သူ တစ်ယောက်အတွက် Outlook 2010 ထဲက Email message ကို ဖွင့်လိုက်တာနဲ့ Email ထဲမှာ ပါလာတဲ့ Attachments တွေ ၊ ဓာတ်ပုံတွေ ၊ အလုပ်နဲ့ ပတ်သတ်တဲ့ Meeting requests တွေ အပြင် ... ဟိုးအရင် တစ်ချိန်တည်းကနေပြီး ခုချိန်ထိ အဲ့ဒီ့ပုဂ္ဂိုလ်နဲ့ ဆပ်စပ်ပတ်သတ်လာခဲ့တဲ့ Email Message အချိန်းအချက်တွေ အားလုံးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။



Office 2010 အား Installation မလုပ်ဆောင်မီ သိရှိထားရန် အချက်များ

( ၁ ) တကယ်လို့ Office 2010 ကို ပထမဆုံးအကြိမ် မိမိကွန်ပြူတာမှာ Install လုပ်ဆောင်မယ် ဆိုတဲ့အခါ တကယ်လို့ မိမိစက်ထဲမှာ Installed လုပ်ထားပြီးသား တစ်ခြား Microsoft Office အဟောင်း တစ်ခုရှိနေခဲ့ရင် Default Settings အနေနဲ့ Office 2010 က သူ့ကိုထပ်ပြီး Upgrade လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒါကို မကြိုက်ဘူး ဆိုရင်လည်း ဒီ Settings ကို စိတ်ကြိုက်ပြောင်းလဲပြီး အဟောင်းရော အသစ်ရော ၂ ခုယှဉ် သုံးစွဲလို့ ရပါတယ်။

( ၂ ) တကယ်လို့ Office 2010 တင်ရတာ အခက်အခဲ အမျိုးမျိုး ရှိနေမယ် ဆိုရင်တော့ Cleanup Utility ကို သုံးပြီး စက်ထဲမှာ ရှိနေပြီးသား Office အဟောင်းကို အရင်ဆုံးရှင်းသွားအောင် Uninstall လုပ်ဆောင်ပါ။ ပြီးတော့မှာ Office 2010 ကို Clean installation လုပ်ဆောင်ပေးပါ။

Microsoft Office Professional Plus 2010 Beta ကို ဒီနေရာကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို ဒေါင်းလုပ်ရယူဖို့ ဆိုရင် ကိုယ့်မှာ အရင်ဆုံး Windows Live ID ရှိဖို့ လိုပါတယ်။ မရှိသေးရင် ဒီနေရာကနေ အကောင့်အသစ် တစ်ခုလုပ်ပါ။ ဒေါင်းလုပ်လုပ်ဖို့ အတွက် ညာဘက်အပေါ်ထောင့်နားမှာ ရှိနေတဲ့ Get it now. ကို နှိပ်ပါ။



ကိုယ့်ရဲ့ Windows Live ID ကို တောင်းပါလိမ့်မယ်။ ဖြည့်ပြီး ဝင်လိုက်တာနဲ့ Office 2010 install လုပ်မယ့် အချိန်မှာ ဖြည့်သွင်းရမယ့် ကီးကို အလကားပေးပါလိမ့်မယ်။ အဲတာကို မှတ်ထားပြီး အောက်နားမှာ ပါလာတဲ့ Download ဆိုတာကို နှိပ်ပါ။ ဒီအောက်က ဟာကြီးကို မနှိပ်ရဘူးနော် အဲတာပုံကြီး ..



ဒါဆို အဆင်ပြေပါပြီ။

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts