Total Commander for me

Leave a Comment
Total Commander ဆိုတာ ဘာလဲ .. ဆော့ဖ်ဝဲလ် တစ်ခုကို သုံးတော့မယ် ဆိုတဲ့ အချိန်မှာ အရင်ဆုံးသိထားသင့်တာက သူ့ရဲ့ လုပ်ဆောင်ချက် နဲ့ စွမ်းဆောင်ရည်ပါ။ Total Commander ဆိုတာဘာလဲ သူက ဘာလုပ်တာလဲ ..


Total Commander ဆိုတာ Windows အတွက် သီးသန့် ထုတ်ထားတဲ့  File Manager တစ်ခုပါပဲ .. တစ်နည်းအားဖြင့် ပြောရရင်တော့ Windows Explorer ပေါ့ .. Windows Explorer လို့ ပြောလိုက်ရင် နားမရှင်းမှာ စိုးလို့ သူ့ကို နောက်တစ်မျိုး ပြောရရင် My Computer လို့အလွယ်ပြောလည်း ရပါတယ်။ Windows Explorer ( or ) My Computer ဆိုတာ ကိုယ့် HD ထဲမှာ ရှိနေတဲ့ ဖိုင်တွေကို ကြည့်ဖို့ ၊ Copy ဆိုတဲ့ တစ်နေရာကနေ တစ်နေရာကို ရွှေ့ဖို့ ၊ မလိုအပ်တော့တဲ့ ဖိုင်တွေကို ဖျက်ထုတ်ဖို့ စသဖြင့် အသုံးပြုတဲ့ Windows မှာ ပါလာပြီးသား Applications တစ်ခုပါ။ ဒါပေမယ့် Windows Explorer  မှာ အားနည်းချက်တွေ မနည်းမနော ရှိနေပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် Windows Explorer မှာ Pack and unpack ဆိုတဲ့ ဖိုင်ကို ထုပ်တာ ဖြည်တာ လုပ်တဲ့ Function မပါဘူး ၊ နောက်ပြီး Windows Explorer ထဲကနေ FTP Servers တွေဆီကို Access လှမ်းလုပ်လို့ မရဘူး ၊ Partition တစ်ခုထဲမှာ ရှိနေတဲ့ ဖိုင် တစ်ခုကို နောက် Partition တစ်ခုထဲ ပြောင်းချင် ရွှေ့ချင်တယ် ဆိုရင် နေရာမှာ Cut လုပ် ၊ နောက်ပြီး နောက် Partition တစ်ခု ရှိရာဆီကိုသွားပြီး ရွှေ့ချင်တဲ့နေရာထိ ရောက်အောင်ဝင် ပြီးမှ Paste လုပ် ( ဒီလိုမှ မဟုတ်ရင် လည်း Windows Explorer ကို ၂ ခုခေါ်ထား ) .. စသဖြင့် အလုပ်တစ်ခု လုပ်ဆောင်ဖို့ အလုပ်ပိုတွေကိုပါ မဖြစ်မနေ လိုက်ပြီး လုပ်ဆောင်နေရပါတယ်။ FTP လုပ်ဖို့ Windows Explorer မှာ Function မှာ မပါတော့ တစ်ခြား Cute FTP တို့ File zilla တို့ကို အပိုခေါ်တင်ပြီး သုံးရပြီ။ Pack နဲ့ Unpack လေးလုပ်ဖို့ အရေး WinRAR တို့ Winzip လို့ လိုလာပြီ .. စသဖြင့် လိုအပ်ချက်တွေ မနည်းမနော ရှိနေပါတယ်။ ဒီလို User တွေ အတွက် လိုအပ်ချက်ကို ဖြေရှင်းပေးမယ့် Software တစ်ခုကတော့ Total Commander ပါ။ အမည်နဲ့ လိုက်အောင် တစ်နေရာတည်းကနေ အားလုံးကို ထိန်းချုပ်စေခိုင်းလို့ ရပါတယ်။ Unicode ကိုလည်း Support လုပ်တာမို့လို့ မြန်မာဖောင့် မမြင်ရမှာလည်း မပူရပါဘူး .. ဒီပုံကို ကြည့်ကြည့်ပါ။


ဒီပုံက ကျွန်တော့်စက်ထဲက ဝင်းဒိုး partition မှာ ရှိနေတဲ့ ဖိုင်တွေနဲ့ Partition D မှာ ရှိနေတဲ့ ဖိုင်တွေကို Explorer တစ်ခုတည်းမှာ ၂ ပိုင်းခွဲပြီး မြင်နေရတဲ့ ပုံပါ။ တကယ်လို့ ကျွန်တော်က ပုံထဲမှာ မြင်နေရတဲ့ ( မြန်မာစာ မြန်မာစကား ) ဆိုတဲ့ ဖိုင်ကို Partition  C အောက်ကို ရွှေ့ချင်တယ် ဆိုပါစို့ .. အဲ့ဖိုင်ကို Select ပေးပြီး F5 ကို နှိပ်လိုက်ယုံပါပဲ။ ဒီ Shortcut ကီးက အလွတ်ကျက်ထားတာ မဟုတ်ပါဘူး .. Total Commander Windows ရဲ့ အောက်ဆုံးမှာ သူ အလွယ်တကူ မြင်သာအောင် ဖော်ပြပြီးသားပါ .. တကယ်လို့ ဒီနေရာမှာပဲ ( မြန်မာစာ မြန်မာစကား ) ဆိုတဲ့ ဖိုင်ကို ချုံ့ချင်တယ် ဆိုပါစို့ Winrar တွေဘာတွေ ဘာမှ တင်စရာမလိုပါဘူး .. Winrar နဲ့ ချုံ့ချင်လား KGB နဲ့လား ဘာနဲ့ချုံ့ချင်သလဲ ချုံ့ချင်တာနဲ့ ချုံ့ အဲ့ ဆော့ဖ်ဝဲလ် အားလုံးရဲ့ Functions တွေအားလုံး သူ့မှာပါပါတယ်။ နောက်တစ်မျိုးအနေနဲ့ FTP လုပ်ချင်သလား .. Cute FTP တွေ Filezilla တွေ ဘာမှ မလိုပါဘူး။ သူကနေပဲ လုပ်လို့ ရပါတယ်။ အောက်ကပုံကို ဆက်ကြည့်ပေးပါ။


ကျွန်တော် အများကြီး ပြောနေရင် ပျင်းစရာကောင်းနေပါဦးမယ် .. နောက်ထပ်လုပ်လို့ ရတာတွေ အတိုချုံးပြီးပဲ ပြောပြလိုက်ပါတော့မယ်။

* Windows Explorer 2 ခုအား Explorer တစ်ခုတည်းအနေဖြင့် ဖွင့်၍ရ
* Multiple Language နဲ့ Unicode ကိုပါ Support လုပ်
* ဖိုင်များအား Compare လုပ်၍ရ ပြင်ဆင်၍ရ / Directories များအား Synchronize  လုပ်၍ရ
* ZIP, ARJ, LZH, RAR, UC2, TAR, GZ, CAB, ACE ကြိုက်ရာသုံး၍ ဖိုင်များအား ချုံနိုင် ဖြန့်နိုင်
* Built-in FTP client ပါဝင်ပြီး and HTTP proxy ကိုပါ Support လုပ်
* Parallel port link နှင့် multi-rename tool ပါ
* Thumbnails view, custom columns, နှင့် enhanced search ကြိုက်သလို ပြောင်းလဲ၍ရ
* Network သို့ တိုက်ရိုက် access လုပ်၍ရ
* Windows Explorer နှင့် Desktop ပေါ်သို့ တိုက်ရိုက် Drag and Drop လုပ်၍ရ
* Programs များအား Command Line မှ ခေါ်၍ သုံးစွဲနိုင်
* Bottom Bar , Start Menu , အစဉ်သဖြင့် အသုံးပြုလေ့ရှိသော DOS , Windows Programs အားလုံးအား Drop Down Menu ထဲစိတ်ကြိုက်ထည့်သုံး၍ရ

အများကြီး ကျန်သေးတယ် .. အကုန်လိုက်မရေးတော့ပဲ အခြေခံအသုံးလိုတာလေးတွေပဲ ကျွန်တော် ဖော်ပြလိုက်ပါတယ်။ သြော် နောက်တစ်ခု ပြောရဦးမယ်  Install လုပ်ဖို့လည်း မလိုဘူးဗျ။ ကျွန်တော့်မှာ ရှိတဲ့ Portable ပေးလိုက်မယ်။

အသေးစိတ်သိကြည့်ချင်ရင် ဒီနေရာကနေ သွားကြည့်ပါ။
အသုံးပြုပုံတွေ အကျယ်သိချင်ရင် ဒီနေရာကနေ သွားကြည့်ပါ။
ဖိုင် size ကတော့ 4.404 MB ပါ။

Download Here !!


မပြီးသေးပါဘူး .. နောက် သတင်း တစ်ခု ပြောရပါဦးမယ်။ အခု  Windows 7 မှာပါတဲ့ Windows Explorer အတွက်လည်း Explorer တစ်ခုတည်းကနေ Windows Explorer ၂ ခု ဒါမှမဟုတ် နောက်ထပ်ပိုပြီး ကြည့်လို့ ရနေပြီတဲ့။ အောက်ကပုံကိုကြည့်ကြည့်။ ကြိုပြီးတော့တော့ သတင်းပေးချင်ပါတယ်။ Total Commander လောက်တော့ မကောင်းဘူးဗျ။ သူက လောလောဆယ် Beta အဆင့်ပဲ ရှိပါသေးတယ်။ စမ်းချင်သူတွေ အတွက်ပေါ့ဗျာ။ ဝမ်းနည်းစရာကောင်းတာက Windows 7 အတွက်ပဲ သီးသန့်ပါတဲ့ :(



သူ့အကြောင်းလေ့လာချင်သူတွေ အတွက် ကျေးဇူးပြုပြီး ဒီနေရာကနေ သွားကြည့်ပါ။ သူ့ကို Download ချချင်ရင် ဒီနေရာကနေ ချပါ။
ဒီလို Double Explorer ဆော့ဖ်ဝဲလ်တွေက ဒါလေးပဲ ရှိတာလားလို့ မေးလာစရာ ရှိပါသေးတယ်။ နောက်ထပ် သူနဲ့ အမျိုးတူ နာမည်ကွဲ လုပ်ဆောင်ချက်ချင်း ဆင်တဲ့ ဆော့ဖ်ဝဲလ်တွေ များကြီး ကျန်ပါသေးတယ်။ ဒီ List ကို သွားကြည့်ပါ။

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts