Controlling Google Docs from Microsoft Office

Leave a Comment
Oudi Antebi ဆိုတာ မိုက်ကခရိုဆော့ဖ်က သာမန် အရောင်းမြှင့်တင်ရေး မန်နေဂျာ တစ်ယောက်ပါ။ ဒါပေမယ့် သူက သိပ်တန်ဖိုးရှိတဲ့ ဖန်တီးမှု တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ သူပြုလုပ်ခဲ့တာ Plug-in တစ်ခုဖြစ်ပြီး နာမည်ကိုတော့ OffiSync လို့ ခေါ်ပါတယ်။ သူ Plug-in က ဘယ်နေရာမှာ အသုံးဝင်သလဲ ဆိုရင် ကျွန်တော်တို့ စက်ထဲမှာ ရှိနေတဲ့ Office Documents တွေကို Online ပေါ်မှာ ရှိနေတဲ့ Google Docs ထဲကနေ ပြင်ဆင်လို့ ရသလို Online မှာ ရှိနေတဲ့ ကျွန်တော်တို့ ဖန်တီးထားတဲ့ Google Docs တွေကိုလည်း ကျွန်တော်တို့ စက်ထဲမှာ ရှိနေတဲ့ Microsoft Office Programs ကနေ ဖတ်ခြင်း ၊ ရေးသားခြင်း ၊ ပြင်ဆင်ခြင်း ဆိုတာတွေ ဖန်တီးလို့ ရနိုင်အောင် စီစဉ်ပေးနိုင်ပါတယ်။ ဒီ Plug-in ကို နောက်တစ်မျိုး နာမည်ပေးနိုင်တာကတော့ Offline Google Docs Editor ပေါ့။ ကျွန်တော် ပြောပြမယ့် အကြောင်းအရာက Google Docs နဲ့ စိမ်းနေသူတွေ အတွက် သိပ်တော့ စိတ်ဝင်စားဖို့ ကောင်းမယ် မထင်ပါဘူး ..


Google Docs ဆိုတာ စိမ်းနေသေးသူတွေ အတွက် စာလုံး အနည်းငယ်နဲ့ အတိုချုံး မိတ်ဆက်ပေးရမယ် ဆိုရင် Google Docs ဆိုတာ ကိုယ့်စက်ထဲမှာ Microsoft Office တင်စရာမလိုပဲ Online ပေါ်မှာတင် Documents တွေနဲ့ မိမိရေးသားချင်ရာကို ရေးသားဖန်တီးနိုင်ဖို့ ၊ Presentation တွေ ဖန်တီးနိုင်ဖို့ ၊ နောက်ပြီး Spread Sheet တွေ ၊ နောက် Form တွေကို အလကားဖန်တီး ခွင့်၊ သိမ်းထားခွင့် ပြုထားတဲ့နေရာကို ဆိုလိုတာပါ။ အင်တာနက်နဲ့ ဆက်စပ်ပြီး လုပ်လို့ ရတဲ့ အကြောင်းအရာကို ပြောမှာဖြစ်လို့ အင်တာနက်နဲ့ ချိတ်ဆက်မထားဘူး ဆိုရင်တော့ ဒီ Plug-in အသုံးဝင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဗဟုသုတပေါ့ သိထားသင့်ပါတယ်။ ဆက်ဖတ်ကြည့်ပါ။

ကျွန်တော် ဒီနေရာကနေပြီး ဒီ Plug-in ကို ရယူပုံနဲ့ သူ့ရဲ့ လုပ်ဆောင်ပုံ အကြောင်း အဆင့်လိုက် နဲနဲပြောပြသွားပါမယ်။

ပထမအဆင့် .. ကျွန်တော်တို့ ပထမအဆင့်အနေနဲ့ လုပ်ဆောင်သင့်တာ ကျွန်တော်တို့ စက်ထဲမှာ ရှိနေတဲ့ Microsoft Office Suite 2003 , 2007 ကနေ စပြီး 2010 (  သူ့ ဆိုဒ်မှာတော့ 2003 , 2007 ထိလို့ပဲ ပြပါတယ်။ ဒါပေမယ့် ကျွန်တော့်စက်မှာ Office 2010 တင်ထားတော့ ရမရ မသေချာပေမယ့် စမ်းတင်ကြည့်လိုက်တာ ရနေပါတယ် ဒါကြောင့် 2010 ထိ ရတယ်လို့ ပြောတာပါ။ ) ထိ Office Applications ရှိရာဆီ New Toolbar တစ်ခု လာထည့်ပေးဖို့ပါ။ အဲ့ဒီ့ Tool Bar ကနေမှ တစ်ဆင့် ကျွန်တော်တို့ Google Docs ဒါမှမဟုတ် Google Applications Account ရှိရာဆီ ဝင်ပါ့မယ်။
ပုံကို ကြည့်ကြည့်ပါ။


ဒုတိယအဆင့် .. တစ်ကြိမ် Logged-in ဝင်လိုက်တာနဲ့ Google Docs ထဲမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ Documents တွေကို ကိုယ့်စက်ထဲမှာ သိမ်းထားတဲ့ ဖိုင်တွေ ကိုယ်ဖွင့်ကြည့်ရသလိုမျိုး Microsoft Office ထဲမှာ ခေါ်ကြည့်လို့ ရပါပြီ။ ကြည့်ဖို့ အတွက်ကတော့ ဘယ်ဘက် အပေါ်ဆုံးထောင့်နားလေးမှာ ရှိနေတဲ့ Open ဆိုတာကို နှိပ်လိုက်ရင် Box တစ်ခု တက်လာပါလိမ့်မယ်။ အဲ့ကနေမှ တစ်ဆင့်ပြီး တစ်ဆင့် Root ရဲ့ အောက်ကို သွားပြီး ကိုယ်ဖွင့်ကြည့်တဲ့ ဖိုင်ကို ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒီလိုပုံမျိုးပါ။


ဒီနေရာမှာ တစ်ခု သိထားဖို့ လိုတာက ကျွန်တော်တို့ ဖွင့်ချင်တဲ့ ဖိုင်ဟာ Word ဖိုင် ဖြစ်နေမယ် ဆိုရင် Microsoft Office Word ထဲကနေ ပဲ ခေါ်ဖွင့်လို့ ရမှာ ဖြစ်ပြီး ၊ ကိုယ်ဖွင့်ချင်တဲ့ ဖိုင်က Excel ဖိုင် ဖြစ်နေတယ် ဆိုရင်တော့ Microsoft Office Excel ထဲကို ဝင်ပြီးမှ ခေါ်ဖွင့်လို့ ရပါမယ်။ Powerpoint လည်း ဒီသဘောပါပဲ။ တကယ်လို့ Google Docs ထဲမှာ ရှိနေတဲ့ Root Folder ရဲ့ အောက်မှာ ကျွန်တော်တို့ သိမ်းထားတဲ့ Documents တွေ အရမ်းများနေမယ် ဆိုရင်တော့ Built-in ပါလာတဲ့ Search Function ကနေ ကိုယ်လိုချင်တဲ့ Document ကို အမြန်ဆုံးရှာတွေ့အောင် ခိုင်းစေနိုင်ပါတယ်။ အောက်ပုံကို ကြည့်ပါ။



တတိယအဆင့် .. ကိုယ်လိုချင်တဲ့ဖိုင်ကို ရှာလို့ တွေ့ပြီ ဆိုတာနဲ့ ကိုယ်ဖွင့်ချင်တဲ့ Documents အမျိုးအစားပေါ် မူတည်ပြီး Microsoft Office Applications ထဲကနေ ဖွင့်ကြည့်လို့ ရပါပြီ။


စတုတ္ထအဆင့် .. Google Docs ထဲမှာ ရှိနေတဲ့ Documents တစ်ခုခုကို Office ထဲခေါ်ပြီး ပြင်တာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ကိုယ့်စက်ထဲမှာ ရှိနေတဲ့ Documents တစ်ခုခုကို Google Docs Account ဆီ တင်တာပဲ ဖြစ်ဖြစ် နောက်ဆုံး အဆင့် အနေနဲ့ လုပ်ရမှာ အပေါ်ဘယ်ဘက်ဒေါင့် Open ရဲ့ ဘေးမှာ ရှိနေတဲ့ Save ကို နှိပ်လိုက်ယုံပဲ ဖြစ်ပါတယ်။ ဒီလိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ ပြင်ဆင်ရေးသားထားပြီးသား Documents တွေဟာလည်း Online မှာ ရှိနေတဲ့ Google Docs Account ထဲမှာ သိမ်းဆည်းပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။


နောက်ထပ်ထူးခြားချက်တွေ ကျန်နေပါသေးတယ်။ အဲတာကတော့ ကိုယ်ရေးသားဖန်တီးထားတဲ့ အကြောင်းအရာ တစ်ခုခု အတွက် တစ်စုံတစ်ယောက်ကို ဝေမျှ နိုင်တယ်ဆိုတာပါ။ ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ Collaborate ကို နှိပ်ပါ။ Box တစ်ခု ကျလာပါလိမ့်မယ်။ အဲ့ကနေမှ တစ်ဆင့် ကိုယ်ဝေမျှချင်တဲ့ သူရဲ့ Emails ကိုရိုက်ထည့်ပြီး ဝေမျှနိုင်သလို Select Users ကနေမှ တစ်ဆင့် မိမိ Email ထဲမှာ ရှိနေတဲ့ Contacts တွေကို ဝင်ကြည့်ပြီး ဝေမျှချင်သူကို ရွေးချယ်ပေးလို့ ရပါတယ်။ ရွေးချယ်ပြီးတဲ့သူကို အခုကို ( read-only or read-write ) ခွင့်ပြုချက်ပေးနိုင်ပါတယ်။


သူ့ မူရင်းဆိုဒ်ကို မသွားပဲ ဒေါင်းလုပ်ချချင်ရင်တော့ ဒီအောက်က လင့်ကို နှိပ်လိုက်ပါ။


အသုံးပြုပုံ အသေးစိတ်ကို သိချင်မယ် ဆိုရင်တော့ ဒီနေရာကနေသွားကြည့်ပါ။
ဒီနေရာမှာ ဖတ်လို့ အဆင်မပြေရင်တော့ ကျွန်တော်ရေးထားတဲ့ Google Docs ဆီ ဒီနေရာကနေ သွားကြည့်နိုင်ပါတယ်။
ဒီ့ထက်လွယ်ကူတာတော့ မရှိတော့ပါဘူး။ အားလုံး အဆင်ပြေနိုင်ကြပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts