Photoshop Keyboard Shortcuts

Leave a Comment
ကျွန်တော် ဒီ post မှာတော့ MF မိသားစုဝင်များထဲက Photoshop အသုံးပြုနေသူများ အတွက် အသုံးတည့်လောက်မယ့် PDF-File အဖြစ် ပြောင်းလဲထားတဲ့ Keyboard Shortcuts လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့မှာ ဆိုရင် Adobe Photoshop  ထဲမှာ ပါဝင်တဲ့ keyboard shortcuts တွေထဲကမှ အသုံးအဝင်ဆုံး shortcuts လေးတွေကို စုစည်းပြီး သုံးရလွယ်ကူအောင် ပြုလုပ်ပေးထားတာပါ။ ဒီ cheat sheet လေးကို Kenneth Setzer က ဖန်တီးထားတာ ဖြစ်ပါတယ်။




ဒီ cheat sheet က mousepad-sized နဲ့ ဖြစ်ပြီး PC keyboard မှာပါဝင်တဲ့ Features တွေနဲ့ လည်း ပေါင်းစပ်ထားပါတယ်။ ဒါ့အပြင် Photoshop’s keyboard shortcuts တွေကိုလည်း ကီး တစ်ခုချင်းစီမှာ လိုက်ပြီး ပေါင်းထည့်ပေးထားပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ shortcut တွေက Ctrl key နဲ့ ပေါင်းပြီး နှိပ်ရမယ့် shortcut တြွေဖစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် Photoshop မှာ "t" ဆိုတဲ့ စာလုံးဟာ Type tool ကို activate လုပ်ဖို့ ဖြစ်ပြီး ၊ Ctrl+t ကို နှိပ်မယ် ဆိုရင်တော့ ကျွန်တော်တို့တွေ Transformation tool ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ keys (  ၂ ) ခုထက်ပိုပြီး တွဲသုံးရမယ့် shortcuts တွေအတွက်လည်း စာရင်းပြုစုပေးထားပါတယ်။



0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts