All about PDF

Leave a Comment
Adobe PDF ဆိုတာ အသုံးပြုရလွယ်ကူ ၊ သယ်ဆောင်ဝေဌရ လွယ်ကူတဲ့ အကောင်းဆုံး Format တစ်ခုလို့ ပြောလို့ ရပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့တွေက ကျစ်လစ်သိပ်သည်းတယ် ၊ သူ့ရဲ့ Format က လုံခြုံတယ် နောက်ပြီး ကွန်ပြူတာ တော်တော်များများ ၊ Mdbile Devices တွေနဲ့ E-Books Reader တွေကတောင် အလွယ်တကူ ကိုင်တွယ် အသုံးပြုနိုင်တယ်။ ဒီစွမ်းဆောင်ရည်တွေ ကြောင့်ပါပဲ။

ကျွန်တော်ဒီနေရာကနေပြီး Adobe Acrobat ကို လက်ဝယ်မှာ မထားရှိပဲ တစ်နည်းအားဖြင့် ဆိုရရင် Adobe Acrobat ကို မသုံးပဲ PDF documents တွေနဲ့ ဘယ်လို အသုံးပြုလုပ်ဆောင်နိုင်သလဲ ဆိုတာ အမေးအဖြေ သဘောမျိုးနဲ့ ပြောပြသွားပါမယ်။ အခုဆိုရင် Adobe Acrobat ကျွန်တော်တို့မှာ မရှိပါဘူး ဒီလိုပဲ ယူဆကြရအောင် .. ဒါပေမယ့် ကျွန်တော်တို့ PDF files တွေကို ပြင်ဆင်နိုင်မယ်၊ ဖိုင် ( ၂ ) ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်မယ်၊ PDF စာမျက်နှာတွေမှာ ကျွန်တော်တို့ရဲ့ Signature images တွေထည့်နိုင်မယ်၊ နောက်ပြီး PDF forms တွေကို Online မှာ ဖြည့်နိုင်မယ်၊ PDF documents တွေထဲမှာ ကလစ်ပေးလို့ရတဲ့ hyperlinks တွေထည့်နိုင်မယ် နောက်ထပ်နောက်ထပ် အများကြီးတွေလည်း လုပ်ဆောင်နိုင်ဦးမယ်။


Adobe PDF လမ်းညွှန်နှင့် လုပ်ဆောင်ပုံများ

မေးခွန်း ( ၁ ) - ပထမဆုံး ကျွန်တော်မေးချင်တာကတော့ - ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Adobe acrobat မရှိပဲ PDF documents တွေ ဘယ်လို ဖန်တီးနိုင်မလဲ
အဖြေ - ဟုတ်ကဲ့ - ဒါကလွယ်ပါတယ်။ DoPDF ကို ရယူပါ။ DoPDF က Acrobat လိုပဲ သင့်ရဲ့ ကွန်ပြူတာထဲကို Virtual Printer တစ်ခု install လုပ်ပေးပြီး အဲကနေမှ တစ်ဆင့် Windows Applications တွေမှာ ပါဝင်တဲ့ ဓာတ်ပုံတွေ၊ Documents တွေ၊ စာတွေ၊ Websites တွေကအစ အကုန် PDF files တွေအဖြစ် print ထုတ်ပေးပါလိမ့်မယ်။

မေးခွန်း ( ၂ ) - ကျွန်တော်တော့ Documents ကနေ PDF files လေးပြောင်းဖို့ အတွက်နဲ့ စက်မှာ အဲလို ရှုပ်တီးရှုပ်ရှက် ဆော့ဖ်ဝဲလ်တွေ မတင်ချင်ပါဘူး။ တစ်ခြား ခင်ဗျားသိမယ့် နည်းလေးများ မရှိတော့ဘူးလား။
အဖြေ - ဟုတ်ကဲ့ - ရှိပါတယ်။ PDF files အဖြစ်ပြောင်းလဲချင်တဲ့ သင့်ရဲ့ Documents တွေကို Google Docs ရှိရာဆီ Browser ကနေ တစ်ဆင့် Upload တင်လိုက်ပါ။ နောက်ပြီး အဲ့ကနေပဲ PDF files အဖြစ်ပြန်ပြီး export လုပ်လိုက်ပါ။ သိပ်လွယ်ပါတယ်။

မေးခွန်း ( ၃ ) - ဟိုတစ်လောက ကျွန်တော့်ဆီကို email ကနေပြီး Powerpoint presentation တစ်ခုရောက်လာတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ကျွန်တော် ခရီးသွားနေတာဗျ။ Laptop ကလည်း ပါမသွားဘူး။ ကျွန်တော့်မှာရှိတဲ့ Mobile phone ကလည်း PPT files တွေကို ဖတ်လို့ မရဘူး။ အဲတာကျတော့ ဘယ်လိုလုပ်မလဲ။
အဖြေ - ဟုတ်ကဲ့ - ဒါလည်း မခက်ပါဘူး။ သင့်ဆီကို ရောက်လာတဲ့ PPT ဖိုင်တွဲထားပြီးသား email message ကို pdf@koolwire.com ဆီ forward လုပ်လိုက်ပါ။ သူတို့တွေကနေ သင်ပို့လိုက်တဲ့ presentation ကို PDF files အဖြစ် ပြောင်းလဲပေးပြီး သင့်ဆီကို Email ချက်ချင်း ပြန်ပို့ပေးပါလိမ့်မယ်။ Smartphones တော်တော်များများနဲ့ Web သုံးလို့ရတဲ့ mobiles phones တော်တော်များများ ကတော့ PDF files တွေကို ဖတ်နိုင်ကြပါတယ်။

မေးခွန်း ( ၄ ) - ကျွန်တော်သိမ်းထားချင်တဲ့ Web page တစ်ခုကို HTML files တစ်ခုအနေနဲ့ အရင် မသိမ်းပဲနဲ့ တိုက်ရိုက် web page ကနေ PDF files အဖြစ် ပြောင်းပြီး သိမ်းပေးနိုင်တဲ့ software မျိုးများ မရှိဘူးလား။

အဖြေ - ဟုတ်ကဲ့ - ဒါလည်းရပါတယ်။ PrimoPDF ကို သွားကြည့်ပါ။ အဲ့ကို သွားရင် ကိုယ် PDF ပြောင်းချင်တဲ့ web page ရဲ့ စာမျက်နှာကို မှတ်သွားပြီး URL နေရာမှာ ရိုက်ထည့်ပေးလိုက်ပါ။ နောက်ပြီး ကိုယ့် email ကို ပေးခဲ့ပါ။ သူက ကိုယ့်ဆီ PDF ပြောင်းပြီးသား ကိုယ်လိုချင်တဲ့ web page ကို ပြန်ပို့ပေးပါလိမ့်မယ်။

မေးခွန်း ( ၅ ) - ကျွန်တော်က ကျွန်တော့်မှာ ရှိနေတဲ့ PDF files တွေကို တစ်ခြား word documents လိုမျိုး ၊ Images လိုမျိုး ၊ HTML web page လိုမျိုး ပြောင်းလို့ ရချင်သေးတာဗျ။
ဖြေ - ဟုတ်ကဲ့ - ဒါလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ရှိနေတဲ့ PDF documents တွေကို Zamzarဆီ Upload တင်ပြီး သင်ကြိုက်နှစ်သက်ရာ ( doc, html, png, txt ဒါမှမဟုတ် rtf ( rich text format )) တစ်ခုဆီ ပြောင်းလဲနိုင်ပါတယ်။ သူ့လိုမျိုးပဲ Gmailကို သုံးပြီး PDF ကနေ HTML ကိုလည်း ပြောင်းလဲလို့ ရပါသေးတယ်။

မေးခွန်း ( ၆ ) - နောက်ထပ်သိချင်သေးတာက ကျွန်တော့်မှာ ရှိနေတဲ့ Formats အမျိုးမျိုးနဲ့ ဖိုင်တွေကို PDF package တစ်ခုတည်း အဖြစ်နဲ့ ဘယ်လိုပေါင်းစည်းလို့ ရမလဲ ဆိုတာ။
အဖြေ - ဟုတ်ကဲ့ - နည်းလမ်းရှိပါတယ်။ Loop PDF ကို စမ်းသပ်ကြည့်ပါ။ သူက Free service ပါ။ Free ဆိုလို့ အထင်မသေးပါနဲ့။ သူ့ကိုသုံးပြီး multiple documents တွေ၊ ဓာတ်ပုံတွေ၊ နောက်ပြီး web pages တွေကိုတောင်မှ PDF file တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ပါလိမ့်မယ်။

မေးခွန်း ( ရ ) - ကျွန်တော့်မှာ ရှိနေတဲ့ တစ်ခုတည်း မကဖြစ်နေတဲ့ PDF files တွေကိုရော ဖိုင်တစ်ခုတည်း အဖြစ်ပြန်ပေါင်းလို့ ရနိုင်မလားဗျာ။ နောက်ပြီး အဲလိုပေါင်းလို့ ရပြီပဲ ထားဦး Page no တွေက အစဉ်လိုက်ဖြစ်မှာ မဟုတ်တော့ဘူးလေ။ အဲ့တော့ ကျွန်တော်က စာမျက်နှာနံပါတ် တွေကိုလည်း တစ်ခါတည်း အစဉ်လိုက် ပြန်စဉ်ချင်တယ်ဗျ။ အဲတာ ဖြစ်နိုင်မလား။

အဖြေ - ဟုတ်ကဲ့ - အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်။ PDF Fill ကိုသွားလိုက်ပါ။ သူက စွမ်းဆောင်ရည် အမျိုးမျိုးပါတဲ့ PDF editing tool တစ်ခုပါ။ သူ့ကိုသုံးပြီး သင့်ကွန်ပြူတာမှာ ရှိနေတဲ့ PDF ဖိုင်တွေကို ပေါင်းစည်းလို့ရမယ် နောက်ပြီး ကမောက်ကမ ဖြစ်နေတဲ့ စာမျက်နှာတွေကိုလည်း ပြန်စီနိုင်မယ်ဗျာ။ မအိုကေဘူးလား။

မေးခွန်း ( ၈ ) - အားတော့နာပါရဲ့ နောက်မေးချင်တာ ရှိသေးတယ်ဗျ။ ကျွန်တော့်မှာရှိတဲ့ PDF ဖိုင်ခဲက စာသားတစ်ချို့ကိုပဲ ကျွန်တော်က ဆွဲထုတ်ပြီး ကျွန်တော့် word documents မှာ သုံးချင်တာဗျာ။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။
အဖြေ - ဟုတ်ကဲ့ - အဖြေကတော့ အဆင်သင့်ရှိပါတယ်။ PDFTextOnlineကိုသွားပြီး သင့်ရဲ့ PDF ကို Upload တင်ပေးလိုက်ပါ။ သူက သင့် PDF document ထဲမှာပါတဲ့ ပထမဆုံး စာမျက်နှာ ၁၀ ခုက text တွေကို စတင်အသုံးပြုဖို့ ဖြည်ထုတ်ချပြပေးပြီး သူတတ်နိုင်မယ်ဆိုရင် PDF bookmarks တွေ၊ document properties တွေ၊ နောက်ပြီး တစ်ခြား ဒေတာတွေကို ထုတ်ပေးပါလိမ့်မယ်။

မေးခွန်း ( ၉ ) - ကျွန်တော့်မှာ ရှိတာက PDF files ကိုမှ Scanned ဖတ်ထားတာကြီးဗျ။ ခင်ဗျား အပေါ်မှာ ပြောတဲ့နည်းနဲ့က အဆင်မပြေဘူး။
အဖြေ - ဟုတ်ကဲ့ - ဒီလိုဆိုရင်တော့ Scanned ဖတ်ထားတဲ့ PDF files ထဲက စာကို ထုတ်ဖို့ကတော့ OCR software တွေကို သုံးဖို့ အကြံပေးချင်ပါတယ်။ ABBYY FineReaderSimpleOCRScribd ipaperEvernote အစရှိတဲ့ OCR software တွေက စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။ ဒီအကြောင်းအရာက ချက်ချင်း အဆင်ပြေစေမယ့် နည်းလမ်းတော့ မဟုတ်ပါဘူး။ ကျွန်တော် ဒီအကြောင်းအရာကို နောက် အချိန်ရရင် အကျယ်ပြောပြပေးပါဦးမယ်။

မေးခွန်း ( ၁၀ ) - ကျွန်တော့်မှာဗျာ - အကုန်လုံး ဟိုဟာလုပ်မရ ဒီဟာလုပ်မရ ၊ ဟိုပိတ်ဒီပိတ် လိုက်ပိတ်ထားတဲ့ တော်တော်စိတ်ပျက်ဖို့ ကောင်းတဲ့ PDF documents တွေ ကွန်ပြူတာထဲမှာ ရှိတယ်ဗျ။ အဲကောင်တွေက ကျွန်တော့်ကို Print လည်းထုတ်ခွင့်မပေးဘူး၊ ယုတ်စွအဆုံး အထဲက စာလေးတောင် ကူးခွင့်မပေးဘူးဗျာ။ အဲတာ ဘယ်လိုလုပ်ရမလဲ။
အဖြေ - ဟုတ်ကဲ့ - သိပ်စိတ်မညစ်ပါနဲ့ဗျာ။ PDF Unlockerဆိုတာ ရှိပါတယ်။ သူက Free Windows Utility ပါ။ သူ့ကိုသုံးပြီး PDF files တွေထဲက ဘာမလုပ်ရ ညာမလုပ်ရနဲ့ ပိတ်ထားသမျှ တားမြစ်ချက်တွေကို ဖျက်ထုတ်ပစ်နိုင်တယ်။ နောက်ပြီး passwords တွေကိုလည်း ဖယ်ထုတ်ပစ်နိုင်တယ်။ နောက်တစ်ခု သူ့လိုမျိုးပဲ စွမ်းဆောင်ရည်ရှိတဲ့ ensode.net ဆိုတဲ့ Online service ကနေလည်း ခုနက ပြောတဲ့ Copy မကူးရ၊ Paste မလုပ်ရ ဆိုပြီး ကန့်သတ်ထားတဲ့ PDF files တွေကို ပြင်ဆင်ပစ်လို့ ရပါသေးတယ်။

မေးခွန်းနံပါတ် ( ၁၁ ) - ကျွန်တော်က ကျွန်တော့် Site မှာရှိတဲ့ ကျွန်တော်ရေးထားတဲ့ အကြောင်းအရာတွေကို ကျွန်တော့် စာဖတ်သူတွေအတွက် အလွယ်တကူ သိမ်းဆည်းဝေမျှလို့ ရအောင် PDF files ပြောင်းပေးနိုင်တဲ့ Services မျိုးရှိနိုင်မလား ဆိုတာ သိချင်သေးတယ်ဗျ။
အဖြေ - ဟုတ်ကဲ့ - ဒါလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Website က သင်ကြိုက်နှစ်သက်တဲ့ နေရာမှာ Web2PDF ကို ထည့်သွင်းလိုက်ပါ။ သူကနေမှ တစ်ဆင့် သင့် Website မှာ ရှိနေတဲ့ Web စာမျက်နှာ အားလုံးကို သင်လိုချင်တဲ့ အတိုင်း PDF files အဖြစ် ပြောင်းလဲ ပေးသွားပါလိမ့်မယ်။ နောက်ပြီး သင့် site နဲ့ ပတ်သတ်ပြီး PDF ပြောင်းလဲမှုနဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက် အားလုံးကိုလည်း သူက မှတ်သားပေးထားပါလိမ့်မယ်။

မေးခွန်းနံပါတ် ( ၁၂ ) - ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က တရုတ်လိုတွေ ရေးထားတဲ့ ဖိုင်တစ်ခု ပို့လိုက်တယ်ဗျ .. ခက်တာက ကျွန်တော်ကလည်း အင်္ဂလိပ်လိုက လွဲပြီး မဖတ်တတ်ဘူးရယ် .. အဲတာ ဘယ်လို စီစဉ်ရမလဲ။
အဖြေ - ဟုတ်ကဲ့ - ကျွန်တော်တို့ PDF files တွေကို Translate လုပ်ဖို့ အတွက် ဆိုရင်တော့ တော်တော်များများ သိကြ တဲ့ Google Translate နဲ့ Zoho Viewer ကို သုံးပါ့မယ်။ ဒါပေမယ့် အဆင့်လိုက် လုပ်ဆောင်ပုံနဲ့ ပြောပြရင် ပိုနားလွယ်မယ် ထင်တယ်ဗျ။

ပထမအဆင့် အနေနဲ့ Zoho Viewerရှိရာဆီ သွားပြီး ကျွန်တော်တို့ ဘာသာပြန်ချင်တဲ့ files ကို Upload  တင်လိုက်ပါမယ်။ ဒီတစ်ဆင့်က ဘာသာပြန်တဲ့ အဆင့် မဟုတ်သေးပါဘူး။ ကိုယ်ဖတ်ချင်တဲ့ pdf files ကို Web pages ပုံစံနဲ့ ဖတ်လို့ ရအောင် လုပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။

နောက် ဒုတိယအဆင့် အနေနဲ့ကတော့ အဲလို တင်ပြီးသွားတာနဲ့ Zoho Viewer ကနေပြီး ကျွန်တော်တို့ တင်လိုက်တဲ့ pdf files အတွက် သီးသန့် URL တစ်ခုကို ထုတ်ပေးပါလိမ့်မယ်။ ကျွန်တော်တို့က အဲဒီ့ URL ကို မှတ်လာပြီး Google Translate ကို သွားပါမယ်။ အဲကိုရောက်တော့ ရင် ကိုယ်မှတ်လာတဲ့ Web address ကို Paste လုပ်လိုက်ပြီး ကိုယ်ဘာသာပြန်ချင်တဲ့ Languages ကို ရွေးချယ်ပေး နောက် Translte button ကို နှိပ်လိုက်ယုံပါပဲ။ ဒါဆို ကိုယ့်စက်မှာ ရှိနေတဲ့ ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ pdf files ကို pdf ကနေ တစ်ခါတည်း ဘာသာပြန်ပြီး ဖတ်လို့ ရပါပြီ။ Zoho Viewer က PDF အပြင် တခြား doc နောက်ပြီး xls နောက် ppt ဖိုင်တွေကိုလည်း Upload တင်ပြီး ကြည့်လို့ ရပါတယ်။ ဒီနေရာမှာ တစ်ချက်သိထားသင့် တာက တကယ်လို့ ကျွန်တော်တို့ ဘာသာပြန်ချင်တဲ့ pdf မှာ ဘာသာစကားက တစ်မျိုးထက်ပိုပြီး ပါဝင်နေမယ် ( ဆိုလိုတာ - တရုတ်လိုရော .. ဂျပန်လိုရော ပေါင်းစပ်ပါဝင်နေမယ် ) ဆိုရင် Zoho Viewer မှာ Upload တင်တာထက် Slideshare မှာ Upload တင်ပြီး ကြည့်တာ ပိုကောင်းပါလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ Slideshare က နိုင်ငံရပ်ခြား ဘာသာစကားနဲ့ ပတ်သတ်ပြီး ကိုင်တွယ်တဲ့ နေရာမှာ Zoho Viewer ထက်ပိုပြီး သေသပ်တိကျလို့ပါပဲ။ ဒီ links နှစ်ခုကနေ Zoho Viewerနဲ့ Slideshareဘယ်လိုကွာခြားတယ် ဆိုတာ ဥပမာ အနေနဲ့ ကြည့်ကြည့်လို့ ရပါတယ်။ Slideshare ဆိုတာလည်း Zoho နဲ့ လုပ်ဆောင်ပုံချင်း ဆင်တဲ့ Site တစ်ခုပါပဲ။ နောက်တစ်ခု သိထားသင့်သေးတာက PDF documents ထဲမှာ ရှိနေတဲ့ စာတွေကို Adobe Reader ကိုသုံးပြီး ထုတ်ယူလို့ ရသေးတယ်ဆိုတာပါ။ ဒါပေမယ့် Adobe acrobat က ဘာသာစကားတိုင်းအတွက်တော့ PDF ထဲက Text တွေကို ထုတ်ယူဖို့ မဖြစ်နိုင်သေးပါဘူး။

မေးခွန်းနံပါတ် ( ၁၃ ) - ကျွန်တော့်ဆီမှာ ရှိနေတဲ့ PDF documents တွေထဲမှာ ကျွန်တော့်ဘာသာ ကျွန်တော်ရေးထားတဲ့ စာလေးတွေ မှတ်စုလေးတွေ အဲလိုမျိုးလေး ထပ်ထည့်ချင်တယ်ဗျာ .. အဲတာကရော။
အဖြေ - ဟုတ်ကဲ့ - PDF-X Viewer ဆိုတာရှိပါတယ်။ သူက Adobe Reader လိုမျိုးပါပဲ။ ဒါပေမယ့် စွမ်းဆောင်ချက်လေး တွေတော့ နဲနဲ ပိုများများပါပါတယ်။ သူ့ကိုသုံးပြီး ကျွန်တော်တို့ PDF documents တွေထဲမှာ ဓာတ်ပုံလေးတွေ ထည့်နိုင်မယ်။ ထင်မြင်ချက်လေးတွေ ဖြည့်နိုင်မယ် ရေးချင်ရာ စာလေးတွေ ရေးနိုင်မယ်။ PDF Escapeဆိုတာလည်း ရှိပါသေးတယ် သူ့ကတော့ ကိုယ့် PDF ကို Online မှာ ပြင်ဖို့အတွက် သုံးလို့ ရပါတယ်။

မေးခွန်းနံပါတ် ( ၁၄ ) – Software မသုံးပဲ ကျွန်တော့်ဆီမှာ ရှိနေတဲ့ PDF တွေကိုရော Online မှာ ဘယ်လိုဖတ်လို့ ရနိုင်မလဲ။
အဖြေ - ဟုတ်ကဲ့ - ကျွန်တော်တို့ ကွန်ပြူတာထဲက ဘာဆော့ဖ်ဝဲလ်မှ မတင်ပဲ PDF ကို ကြည့်ဖို့ အတွက်ဆိုရင်တော့ PDFMeNot ကိုသုံးပြီး Browser ကနေ တစ်ဆင့် ကြည့်လို့ ရပါတယ်။ ဒီ တစ်ခုတည်း မဟုတ်ပါဘူး။ နောက်ထပ် ကျန်ပါသေးတယ်။ ကျွန်တော် တစ်ခုချင်း ပြောပြသွားပါတယ်။
ပထမနည်း - အနေနဲ့ Gmailကို သုံးပါ။ ကိုယ်ကြည့်ချင်တဲ့ PDF ကို Email မှာ Attachment တစ်ခု အနေနဲ့ တွဲလိုက်ပါ။ ပြီးတာနဲ့ ကိုယ့် Email ကို ကိုယ်ပြန်ဖွင့်ပြီး Attachment တွဲထားတဲ့ ဘေးမှာပါတဲ့ View as HTML အဖြစ်နဲ့ ကိုယ်ကြည့်ချင်တဲ့ PDF ကို Browser ထဲမှာ ကြည့်လို့ ရပါပြီ။
ဒုတိယနည်း - အနေနဲ့ အပေါ်မှာ မိတ်ဆက်ခဲ့ပြီးသား PDF escape ကို သုံးပြီးလည်း ကြည့်လို့ရပါတယ်။ သူကတော့ PDF ကို Online ကနေပြောင်းကြည့်ယုံ တစ်ခုတည်း မဟုတ်ဘူးပေါ့ .. ဟိုဖြည့်ဒီဖြည့်ပါ ဖြည့်လို့ ရတာပေါ့။
တတိယနည်း - အနေနဲ့ အပေါ်မှာမိတ်ဆက်ခဲ့ပြီးသား SlideShareရှိရာဆီကို ကိုယ့် PDF files တွေ Upload တင်ပြီးတော့ပဲ ဖြစ်ဖြစ် ၊ ဒါမှ မဟုတ် upload@upload.slideshare.netဆီကို ကိုယ့် PDF files ကို email attachment တစ်ခု အနေနဲ့ ဖြစ်ဖြစ် ပို့ပြီးတော့ပဲ ဖြစ်ဖြစ် ကိုယ်ကြည့်ချင်တဲ့ PDF files တွေကို ကြည့်လို့ ရပါတယ်။
စတုတ္ထနည်း - အနေနဲ့ကတော့ အပေါ်မှာ ပြောခဲ့ပြီးတဲ့ Zoho Viewer ကိုသုံးပြီး ကြည့်လို့ ရပါတယ်။
ပဥ္စမနည်း - အနေနဲ့ကတော့ Samuradata ဆီမှာ Upload တင်ပြီး ကိုယ့် PDF files ကိုကြည့်လို့ ရပါတယ်။ တကယ်လို့ ကိုယ်ကြည့်ချင်တဲ့ PDF က ကိုယ့်စက်ထဲမှာ မဟုတ်ပဲ တစ်ခြားဆိုဒ် တစ်ခုမှ ရှိနေတာ ဆိုရင်လည်း သူ့တည်ရှိရာ URL ကို တိတိကျကျ ယူလာပြီး Samurajdata မှာ ထည့်သွင်းပေးရင် သူကနေတစ်ဆင့် ကိုယ့် Web browser မှာ ကိုယ်ဖတ်ချင်တဲ့ PDF ကိုပြန်ပြီး ဖော်ပြပေးပါတယ်။

မေးခွန်းနံပါတ် ( ၁၅ ) - ကျွန်တော့်စက်မှာ Acrobat Reader မရှိပဲနဲ့ PDF forms တွေကိုရော ကျွန်တော်ဖြည့်ဖို့ ဖြစ်နိုင်ပါ့မလား။
အဖြေ - ဟုတ်ကဲ့ - ဖြစ်နိုင်ပါတယ်။ PDF Filler

မေးခွန်းနံပါတ် ( ၁၆ ) - ကျွန်တော် တစ်ခါတစ်လေ PDF ထဲမှာ သူများလုပ်သလိုမျိုး ကိုယ်ပိုင်အမှတ်တံဆိပ်လေးတွေ ၊ ကျွန်တော့် လက်မှတ် အမှတ်အသားလေးတွေ ထည့်ချင်တယ်ဗျာ။
အဖြေ - ဟုတ်ကဲ့ - အဲလိုလုပ်ဆောင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး Paint ဒါမှမဟုတ် တစ်ခြား Photo Editing Tools တစ်ခုခု သုံးပြီး ကိုယ်ထည့်သွင်းချင်တဲ့ လက်မှတ် ၊ အမှတ်တံဆိပ် ၊ အမှတ်အသားတစ်ခုကို ဖန်တီးပြီး Image အနေနဲ့ Save ထားရပါမယ်။ လက်မှတ်ဆိုရင်လည်း လက်မှတ်အသားတံဆိပ် တစ်ခုပဲပါအောင် လက်မှတ်ဘေးက ပိုနေမယ့် မလိုအပ်တဲ့ ဘေးသားတွေကို ကြိုတင် ဖြတ်ထုတ်ပြင်ဆင်ထားပြီး ဖြစ်ရပါမယ်။ အဲဒါ ပြီးသွားရင်တော့
PDF-X Viewerကိုသုံးပြီး ကိုယ့်လက်မှတ် ထည့်သွင်းချင်တဲ့ PDF document ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ကိုထည့်သွင်းချင်တဲ့ အမှတ်အသား ၊ တံဆိပ် ၊ လက်မှတ် စတာတွေကို Copy , Paste လုပ်လိုက်ယုံပါပဲ။ လွယ်ကူပါတယ်။

မေးခွန်းနံပါတ် ( ၁ရ ) - ကျွန်တော့်မှာ စာမျက်နှာ ၂၀၀ လောက်ရှိတဲ့ PDF စာအုပ်တစ်အုပ် ရှိတယ်ဗျ။ ဒါပေမယ့် ကျွန်တော့် အတွက်က အဲ့ဒီစာမျက်နှာ အားလုံးကလည်း လိုတာ မဟုတ်ဘူး။ အဲ့ထဲကမှ ကျွန်တော်လိုချင်တဲ့ အပိုင်းလေးကိုပဲ ဆွဲထုတ်ပြီး နောက်ထပ် PDF တစ်အုပ်အနေနဲ့ ဖန်တီးလို့ ရနိုင်မလား။
အဖြေ - ဟုတ်ကဲ့ - PDF document ကနေ ကိုယ်လိုချင်တဲ့ စာမျက်နှာတွေကိုချည်း ဆွဲထုတ်ပြီး တစ်ခြား စာအုပ်တစ်ခု အဖြစ်ဖန်တီးဖို့ PDF Merge ဒါမှမဟုတ် PDF SAM ဆိုတာ ရှိပါတယ်။ သုံးစွဲကြည့်ပါ။


မေးခွန်းနံပါတ် ( ၁၈ ) - ကျွန်တော်ဖန်တီးထားတဲ့ PDF documents ကိုရော လုံခြုံရေးအတွက် Password တစ်ခုခုများ ပေးထားလို့ ရမလား။
အဖြေ - ဟုတ်ကဲ့ - PDF Hammer ဆီကို Upload တင်ပြီး ကိုယ့် PDF files များရဲ့ လုံခြုံရေးအတွက် Passwords ပေးနိုင်ပါတယ်။ ပြီးသွားရင် PDF documents အနေနဲ့ Export လုပ်လိုက်ယုံပါပဲ။ မခက်ခဲပါဘူး။

မေးခွန်းနံပါတ် ( ၁၉ ) - ကျွန်တော့် PDF documents ထဲမှာ Links တွေ မနဲမနောပါတယ်ဗျာ .. ဒါပေမယ့် အဲ့ Links တွေကို Click လိုက်ရင် ရိုးရိုး ဗြောင်စာရွက်ပေါ် တင်ရေးထားတဲ့ စာကြောင်းကို Click ပေးနေရသလိုပဲ .. ဘာမှလည်း ဖြစ်မလာဘူး။ အဲ့ပြဿနာကိုရော ဖြေရှင်းပေးလို့ ရမလား။
အဖြေ - ဟုတ်ကဲ့ - PDF Escape ရှိနေပါတယ်။ သူ့ဆီမှာ Upload တင်လိုက်ပြီး PDF စာမျက်နှာပေါ်မှာရှိနေတဲ့ ကြိုက်တဲ့နေရာ ဘယ်နေရာမှာ မဆို Hyperlinks ဖန်တီးနိုင်ပါပြီ။

မေးခွန်းနံပါတ် ( ၂၀ ) - Web ပေါ်မှာ ရှိနေတဲ့ ဘယ် Online Services ဆီ ကျွန်တော့် PDF files တွေ Upload တင်ဖို့ ခင်ဗျား အကြံပေးနိုင်မလဲ။
အဖြေ - ကျွန်တော် သဘောကျတာတော့ Issuu ဗျ။ သူ့မှာ Built-in ဖန်တီးပြီးသား သိပ်လှတဲ့ အပြင်အဆင်နဲ့  PDF viewer ပါတယ်။ ကျွန်တော် အဲ့ဆိုဒ်မှာ တင်ထားတဲ့ Myanmar Family မဂ္ဂဇင်းလေး ဒီနေရာကနေ ခဏလောက် သွားကြည့်ကြည့်ပါလား။  Issuu မှာ တင်ပြီးရင် သူ့ဆီကနေ Embed ပြန်လုပ်ပြီး ကိုယ့် ကိုယ်ပိုင်ဆိုဒ်မှာလည်း တိုက်ရိုက်ဖတ် စာအုပ်ပုံစံနဲ့ တင်ထားလို့ ရသေးသဗျ။ ဒါကိုမှ သဘောမကျဘူးဆိုရင်လည်း နောက်ထပ်ရည်ညွှန်းချင် တာတော့ Scribd ပေါ့။ သူကတော့ PDF documents နဲ့ ပတ်သတ်ရင် လူတော်တော်များများ မျက်စိကျနေကြတဲ့ နေရာတစ်ခုပေါ့။

ပြီးပါပြီ။ အားလုံး အဆင်ပြေ ဗဟုသုတ တိုးပွားကြပါစေ။
KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts