Designer and Girls

Leave a Comment
ခေတ်တွေက တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲ လာခဲ့ပါပြီ။ အရင်တစ်ချိန်က အစစ အရာရာ ယောကျာင်္းတွေ ဦးဆောင်လှုပ်ရှားကြရတဲ့ ခေတ်ကနေ ခုမျက်မှောက်ခေတ်မှာ အမျိုးသမီး တစ်ယောက် ရဲ့ အရေးပါအရာရောက်မှုကို လုပ်ငန်းပိုင်း ဆိုင်ရာကနေ အစ အိမ်မှုကိစ္စအဆုံး တန်ဖိုးထားလာကြရပြီ။ အမျိုးသမီးဆိုပေမယ့် အမျိုးသားတွေနဲ့ ရင်ဘောင်တန်း စွမ်းဆောင်လာနိုင်လိုက်တာများ ကိုယ် အမျိုးသားတွေကိုတောင် ကျော်တက်သွားတော့မလား ထင်နေရပါပြီ။ ဒါဘာကြောင့် များပါလဲ။ သူတို့တွေမှာ လျှို့ဝှက်ချက်တွေ ရှိမှာတော့ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထင်နေတဲ့ လျှို့ဝှက်ချက်ဆိုတာ တကယ်တော့ လျှို့ဝှက်ချက် တစ်ခု မဟုတ်ပါဘူး။ ဒါတွေက မိန်းကလေး တစ်ယောက်အတွက် ပုံမှန် လုပ်ဆောင် လည်ပတ်နေကျ သမားရိုးကျ လုပ်ငန်းစဉ် တစ်ခုပါပဲ။ ဒါဆို အဲတာတွေက ဘာတွေများလဲ။ Designer ကောင်းတစ်ယောက် ဖြစ်ချင်မယ့် သူတစ်ယောက်အတွက် ၂၁ ရာစုမှာ တရှိန်ထိုးထွန်းပေါက်အောင်မြင် လာတဲ့ အမျိုးသမီးတွေဆီက သင်ယူလို့ရမယ့် ပညာရပ်တွေ အကြောင်းကို ဒီကနေ မျှဝေလိုက်ပါတယ်။ 

လူတိုင်း လူတိုင်းအတွက် မိန်းကလေးတွေဆီကနေ သင်ယူရမယ့် ပညာရပ်တွေ မနည်းမနောရှိနေပါတယ်။ အထူးသဖြင့်တော့ Designer လုပ်မယ့် သူတွေ အတွက်ပါ။ ကျွန်တော်တို့ မိန်းကလေး တစ်ယောက်ကို ကြည့်မိရင် ဘာတွေကိုများ အရင်ဆုံး သတိထားမိပါသလဲ ?? သူတို့ ဘယ်လိုဝတ်စား ဆင်ယင်ထားသလဲ - သူတို့ ဘယ်လို ပြုမှုဆက်ဆံသလဲ ဆိုတာပဲ မလား။ ဒါတွေကနေပဲ Designer တစ်ယောက်အတွက် မိန်းကလေး တွေဆီကနေ သင်ယူသင့်မယ် အကြောင်းတရား ( ရ ) ကို ခုလိုတွေ့ရှိခဲ့ရပါတယ်။


( ၁ ) အချိန်စီမံခန့်ခွဲခြင်း


Photo By blank00x



ယောကျာင်္းလေးနဲ့ မိန်းကလေး နိှုင်းယှဉ်မယ် ဆိုရင် မိန်းကလေးတော်တော်များများက သူတို့ လုပ်ဆောင်ရမယ့် လုပ်ငန်းကိစ္စ အားလုံးလိုလိုကို အသေးစိတ် scheduled ဆွဲပြီး လုပ်ဆောင်တတ်ကြတာကို တွေ့ရပါတယ်။ တစ်နေ့တာလုံးအတွက် ဘယ်အချိန်မှာ ဘယ်ကို သွားမယ် ၊ ဘယ်နေရာမှာ ဘာကို လုပ်မယ် ၊ ဘယ်သူနဲ့ ဘယ်မှာချိန်းမယ် ဆိုတာတွေကို အံ့သြဖို့ ကောင်းလောက်အောင် အသေးစိတ် ကြိုတင်ပြင်ဆင်ထားတတ်ကြပါတယ်။ Designer ဆိုတာ အချိန်အတိအကျ ခန့်မှန်းဖို့ ခက်တဲ့ လုပ်ငန်းကိစ္စ တစ်ခုထဲမှာ ဝင်ရောက် လုပ်ဆောင်ရတာမျိုးလည်း ရှိသလို - ကိုယ်ခန့်မှန်းထားတဲ့ အချိန်ထက်ပိုပေးပြီး လုပ်ဆောင်ရတဲ့ လုပ်ငန်းကိစ္စတွေကြောင့် တစ်ခြား လုပ်ငန်းပိုင်း ဆိုင်ရာတွေမှာ အနှောင့်အယှက်တွေ ဖြစ်ပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ် လူအများရဲ့ အထင်အမြင်သေးခံရတာမျိုးတွေ ရှိလာနိုင်တဲ့ အတွက် Time Management ကို မိန်းကလေးတွေလိုမျိုး တိတိကျကျဖြစ်အောင် scheduled ဆွဲပြီး လုပ်ဆောင်တတ်ဖို့ သင့်ပါတယ်။ နောက်ပြီး မိန်းကလေးတွေဆိုတာ တစ်နေ့နဲ့ တစ်နေ့ ရပ်တည်နေရတဲ့ သူတို့ရဲ့ အချိန်တွေထဲကမှ - ဘယ်အရာကိုတော့ ငါ မဖြစ်မနေ လုပ်ကိုလုပ်ရမယ် ဆိုပြီး တင်းတင်းကျပ်ကျပ် လိုက်နာတာမျိုး တွေလည်း ရှိတတ်ကြပါတယ်။ အဲလိုပဲ Designer ဆိုတာလည်း ပြဿနာရပ်တစ်ခုကို ရင်ဆိုင်ရပြီ ဆိုတဲ့ အခါမှာ ဒီပြဿနာရပ် အတွက် ငါ အချိန်ဘယ်လောက်ပေးမလဲ - ဘယ်အချိန်မှာ ဒီ ပြဿနာရဲ့ အဖြေကို စဉ်းစားမလဲ - ဘယ်အချိန်မှာတော့ တစ်ခြား ဖန်တီးပြင်ဆင်မှုတွေ လုပ်ဆောင်မလဲ ဆိုတာ ဦးတည်ချက်ထားပြီး ရင်ဆိုင်တတ်ဖို့ လိုပါတယ်။

( ၂ ) စမ်းသပ် ပြင်ဆင်ခြင်း


Photo By Miss Peach



မိန်းကလေးတွေဆိုတာ သူတို့ရဲ့ ခန္ဓာကိုယ်မှာ အမြဲ ဆင်ယင်အသုံးပြုရမယ့် အလြှပင်ပစ္စည်းကအစ ၊ ဆံပင်ပုံစံအဆုံး ကိုယ်နဲ့ ဘာက ဘယ်လို လိုက်ဖက်မယ် ဆိုတာ အမြဲစမ်းသပ်ပြင်ဆင် နေကြတဲ့ လူအမျိုးအစားထဲမှာ ပါပါတယ်။ အဲလို စမ်းသပ်မှုလေးတွေ လုပ်ပြီး သူတို့တွေအတွက် ဘယ်လိုပုံစံလေးက လိုက်ဖက်မယ် ဆိုတာ အမြဲလည်း ထိန်းသိမ်းထားတတ်ကြပါတယ်။ ဥပမာ ပြရမယ်ဆိုရင် Lady GaGa တို့ ကျွန်တော်သိတဲ့ မြန်မာမင်းသမီးထဲကဆိုရင် နဝရတ်တို့ ( ခုခေတ်မှာတော့ ဘယ်သူက ဘယ်သူ့ထက် ပိုလန်နေလဲ တိတိကျကျ မသိတော့ပါ။ )။ Designer ဆိုတာလည်း ထိုနည်း လည်းကောင်းပါပဲ။ ကိုယ် ဖန်တီးမယ့် Design နဲ့ ပတ်သတ်ပြီး မိန်းကလေးတွေလို အမြဲတမ်း စပ်စပ်စုစု ပြင်ဆင်စမ်းသပ်မှုတွေ လုပ်ဆောင်နေမှ ဖြစ်ပါလိမ့်မယ်။ ခုခေတ်က ideas အသစ်တွေ ၊ ဆန်းသစ်မှုအသစ်တွေကို လူတိုင်းကလည်း ဝမ်းပန်းတသာနဲ့ လက်ကမ်းကြိုဆိုနေကြတဲ့ ခေတ်မလား။ Designer တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့တွေးခေါ်မှုတိုင်းကို ရဲရဲဝင့်ဝင့် အရောင်တင်ရဲဖို့ လက်မနှေးသင့်ဘူးလို့ သုံးသပ်မိပါတယ်။

( ၃ ) အရောင်များ အကြောင်း


Photo By suky28



မိန်းကလေး အများစုဟာ သူတို့ ဝတ်တဲ့ အဝတ်အစား ၊ make-up ၊ နောက် အသုံးအဆောင်ပစ္စည်း ၊ ဖိနပ်ကစပြီး အသေးစိတ် ဂရုစိုက်တတ်ကြပါတယ်။ ကျကျနန ဝတ်စားပြင်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက်ယောက်ကို ကျွန်တော်တို့ တွေ့ရပြီ ဆိုတာနဲ့ သေသေချာချာသာ စူးစိုက်ကြည့်လိုက်ပါ - သူတို့ရဲ့ ကိုယ်ခန္ဓာပေါ်မှာ နေရာတစ်ခုချင်းစီအလိုက် ဝတ်ဆင်ထားတဲ့ ကွဲပြားခြားနားတဲ့ အရောင်ရောစပ်မှုတွေကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ ဒါဟာ မိန်းကလေးတွေရဲ့ အားသာချက်ပါပဲ။ သူတို့တွေဟာ သူတို့ ခန္ဓာကိုယ်ပေါ်မှာ မတူညီ ကွဲပြားလှတဲ့ အရောင်ရောစပ်မှုတွေကို နေသားတကျဖြစ်အောင် ဆင်ယင်ပြီး ဘေးလူတွေ မှင်သတ်ငေးမောရလောက်အောင် ပြင်ဆင်တတ်ကြပါတယ်။ Designer တစ်ယောက်ဆိုတာလည်း သူတို့လိုမျိုး မတူညီကွဲပြားလှတဲ့ အရောင်တွေကို ကိုယ် ဖန်တီးမယ့် Design တစ်ခုမှာ မိန်းကလေးတစ်ယောက်လိုမျိုး နေသားတကျ ဖြစ်အောင် ပေါင်းစပ်ပြင်ဆင်တတ်ဖို့ သိပ်အရေးကြီးပါတယ်။

( ၄ ) ပေါင်းသင်းဆက်ဆံရေး


Photo By Super Qatari



မိန်းကလေး အများစုဟာ ပတ်ဝန်းကျင်သစ် နေရာသစ်တစ်ခုမှာ အလွယ်တကူ ပျော်ဝင်ပေါင်းစည်းနိုင်ကြပါတယ်။ ဒါတွေ အားလုံးက ဘာကြောင့်လည်း ဆိုရင် သူတို့တွေ အားလုံးမှာ သဘာဝက ဖန်တီးပေးထားတဲ့ စကားပြောနိုင်စွမ်း အလွန်တရာ မြင့်မားကြလို့ဖြစ်ပြီး - လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း တကယ်ကို ကျယ်ဖြန့်နိုင်သူတွေ အဖြစ်ရပ်တည်နိုင်လို့ ဖြစ်ပါတယ်။ ဒါတင်ပဲလား .. မကသေးပါဘူး - သူတို့ ပါးစပ်ကနေ " ဟိတ် ... " ဆိုပြီး စကားတစ်ခွန်း စလိုက်တာနဲ့ တခဏချင်း သူငယ်ချင်းတွေ အမြောက်အများရအောင် စွမ်းဆောင်နိုင်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ Design community ဆိုတာလည်း ဒီသဘောပါပဲ။ Design community ထဲမှာ နေတဲ့ Designer တစ်ယောက်ဆိုတာ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ဖို့ - စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောလိုက်ယုံနဲ့ တစ်ဖက်သူကို အာရုံကျလာအောင် ဆွဲဆောင်နိုင်ဖို့ အရည်အသွေးတွေ တကယ်ကို လိုအပ်ပါတယ်။

( ၅ ) ပေါင်းစပ်စုစည်းနိုင်ခြင်း


Photo By  Garrett2


တကယ်လို့များ စာဖတ်သူဟာ မိန်းကလေး တစ်ယောက် နေတဲ့ အခန်း တစ်ခန်းကို တွေ့ဖူးခဲ့မယ် ဆိုရင် ကျွန်တော်ပြောချင်တဲ့ ပေါင်းစပ်စုစည်းနိုင်မှု ဆိုတဲ့အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်သွားပါလိမ့်မယ်။ သူတို့ အခန်းတွေထဲမှာ ဆိုရင် သူတို့ နေ့တိုင်း သုံးနေတဲ့  handbags အိတ်ဆို အခု ( ၁၀၀ ) လောက် ၊ နောက် ဖိနပ်ဆို အရံ ( ၁၀၀၀ ) လောက် စသဖြင့် ရေတွက်လို့ မကုန်နိုင်အောင် သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေက များပြားလှပါတယ်။ ဒါပေမယ့်လည်း သိပ်အထင်မသေးလိုက်ပါနဲ့။ သူတို့တွေ အားလုံးက အဲလောက်များပြားလှတဲ့ သူတို့ပစ္စည်းတွေကို တစ်ခုမှ မပျောက်ရှပဲ အလိုရှိတဲ့ အချိန်တိုင်းမှာ ဘယ်နေရာ ဘာထားတယ် - ဘာကိုလိုချင်ရင် ဘယ်နေရာမှာ ရှိတယ် ဆိုတာ -  ချက်ချင်းသိသလို ခဏချင်လည်းး ရှာဖွေနိုင်ပါတယ်။ အဲလိုမျိုးပဲ Designer တွေဆိုတာလည်း တစ်နေ့နဲ့ တစ်နေ့ ကိုယ့်ကွန်ပြူတာထဲမှာ digital data တွေကို မနည်းမနော ထည့်ပြီး လှုပ်ရှားနေရတာပါ။ ဒီလို အခြေအနေမျိုးမှာ မိမိရဲ့ လုပ်ငန်းအချက်အလက် တိုင်းကို မိန်းကလေးတွေလို စုစည်းပေါင်းစပ်ထားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။

( ၆ ) ဆွေးနွေးနိုင်ခြင်း


Photo By acidjkt



အငြင်းပွားရတယ် - ငြင်းခုန်ရတယ် - အခြေအတင် စကားပြောရတယ် ဆိုတာ ငွေကြေးကိစ္စတွေ ပါဝင်လာမှ ဖြစ်တတ်တာမျိုး မဟုတ်ပါဘူး။ တစ်ခြား အကြောင်းအရာ ကိစ္စရပ်တွေနဲ့လည်း ကျွန်တော်တို့တွေ နေ့တိုင်း ငြင်းခုန်ရ အခြေအတင် စကားပြောရတာမျိုးတွေ ရှိတတ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ဆွေးနွေးရတယ်ပေါ့။ ဆွေးနွေးရတဲ့ နေရာ - ငြင်းခုန်ရမယ် ဆိုတဲ့ နေရာမှာဆိုရင်တော့ မိန်းကလေးတွေက ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် တော်တော် ထက်မြက်ကြပါတယ်။ ဥပမာ ပြောရရင် Shopping ထွက်ကြတဲ့ အချိန်မှာ - နောက်ပြီး ကောင်လေး တစ်ယောက်ယောက်နဲ့ စကားနိုင်လုပြောရတာ - စတဲ့နေရာမျိုးတွေမှာ ဆိုရင် သူတို့ အမြဲနိုင်ကြတာချည်းပါပဲ။ အဲ့လိုပဲ တစ်ဖက်ကနေ လှည့်ပြောရရင် Designer ဆိုတာလည်း ဖော်ပြခဲ့တဲ့ ငြင်းခုန်ဆွေးနွေးရတဲ့ Technique ကို ကိုယ့် Design ကို အသုံးပြုတဲ့ Users တွေနဲ့ တွေ့တဲ့ အခါ  ကိုယ်ဖန်တီးထားတဲ့ Design နဲ့ ပတ်သတ်ပြီး အသုံးပြုဖို့ နှစ်ခါပြန်တွေးစရာ မလိုအောင် - နောက် ကိုယ့် Boss က ကိုယ့်ဖန်တီးမှုတိုင်းနဲ့ပတ်သတ်ပြီး ကိုယ်နဲ့အငြင်းပွားစရာ မလိုအောင် ဒီ Technique ကို ကောင်းကောင်း အသုံးချတတ်ဖို့လိုပါတယ်။

( ရ ) ဖန်တီးနိုင်ခြင်း


Photo By breeleed



မိန်းကလေးတွေဟာ ကမ္ဘာပေါ်မှာ ဆန်းသစ်တဲ့ ဖန်တီးမှုတွေကို ပြောင်မြောက်အောင် အဖန်တီးနိုင်ဆုံး သူတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေတယ်လို့ ကျွန်တော်ပြောမယ် ဆိုရင် မှားမယ်မထင်ပါဘူး။ လူအတော်များများကလည်း ဒီ စကားကို သဘောတူ လက်ခံကြလိမ့်မယ် ထင်ပါတယ်။ မိန်းကလေးအတော်များများက ရိုးရိုးရှင်းရှင်းတွေထက် အဲဒီ့ ရိုးရိုးရှင်းရှင်းထဲမှာမှ တစ်ခုခု ထူးထူးခြားခြားလေး ဖြစ်သွားအောင် ထည့်သွင်းပေါင်းစပ် လိုက်ရတာမျိုးတွေ - နောက်ပြီး တစ်ခြားသူတွေ သတိထားမိသွားအောင် ထူးထူးခြားခြား ဆန်းသစ်လိုက်ရတာမျိုးတွေကို နှစ်သက်တတ်ကြပါတယ်။ အဲ့လိုပဲ လုပ်ငန်းနဲ့ ပတ်သတ်ပြီး အမြဲတမ်း ဆန်းသစ်ဖန်တီး နေနိုင်ရမယ့် Designers တွေဆိုတာလည်း တစ်ခြားသူတွေကနေပြီး ကိုယ့် Design အပေါ် အသိအမှတ်ပြုချင်လာအောင် - တန်ဖိုးထားလာအောင် - အခြားသူတွေနဲ့ မတူပဲ ကိုယ့် Design ကို အားလုံးရဲ့ ကြားထဲက ဖောက်ထွင်းပြီး မြင်သာလာအောင် စွမ်းဆောင်နိုင်ရပါတယ်။  

အဲတော့ တကယ်လို့များ စာဖတ်သူဟာ Designer တစ်ယောက် ဖြစ်ခဲ့ပြီး ကိုယ့်ရဲ့ ဖန်တီးနိုင်မှု - ရှု့မြင်တတ်မှုအပေါ် ကိုယ့်ကိုယ်ကိုယ် သဘောမကျ စိတ်လက်မအီမသာ ဖြစ်လာပြီ ဆိုရင် - ကျွန်တော်ကတော့ ခုလို အကြံပေးလိုပါတယ်။ ကောင်မလေးတစ်ယောက်ကို ကျကျနန ကြည့်ကြည့်လိုက်ပါ။ နောက်ပြီး သူနဲ့ စကားစမြည် ပြောပြီး သူ့ဆီက အကြံဉာဏ် တစ်ချို့ တောင်းခံကြည့်ပါ။ သူ့ဆီကနေပြီး ကျွန်တော်တို့တစ်ခါမှ မျှော်လင့်မထားတဲ့ IDEAS ကောင်းတွေ တစ်ပုံတစ်ခေါင်း ရရှိပြီး - အဲ့ အကြံဉာဏ်တွေက ကျွန်တော်တို့ရဲ့ ဖန်တီးနိုင်မှုအပေါ် ထိထိရောက်ရောက် အကျိုးပြုနိုင်လိမ့်မယ်လို့ ကျွန်တော် အာမခံပါတယ်။

Permalink

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts