Ubuntu 9.10 User's Guide ( 1 )

Leave a Comment
ဒီလမ်းညွှန် အတွင်းမှာ Ubuntu 9.10 "Karmic Koala" installation ကို လုပ်ဆောင်ပြီးတဲ့ အချိန် ပြုပြင်ပြောင်းလဲ နိုင်မယ့် အကြောင်းအရာတွေ ဖြည့်သွင်းအားဖြည့်နိုင်မယ့် ဖန်တီးမှုတွေကို ဦးစားပေး ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလမ်းညွှန် Ubuntu ကို အသုံးပြုနေသူများအတွက် တစ်ဖက်တစ်လှမ်းကနေ အတိုင်းအတာ တစ်ခုထိ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။


ဖော်ပြချင်တဲ့ အကြောင်းအရာက များပြားတဲ့ အတွက်ကြောင့် တစ်နေ့တည်းနဲ့ အပြီးရေးသားသွားနိုင်မှာ မဟုတ်ပဲ ကျွန်တော့်ရဲ့ အားလပ်ချိန်ထဲကနေ နိုင်သလောက် ဒီခေါင်းစဉ်အောက်မှာ နေ့စဉ် အကြောင်းအရာ တစ်ခုစီ ဖော်ပြသွားနိုင်အောင် ကြိုးစားသွားပါ့မယ်။

( ၁ ) Media codecs & DVD များအား Support လုပ်နိုင်စေရန် ဖန်တီးခြင်း။



  • ( ၁.၁ ) Medibuntu Repository အား Enable ပေးခြင်း

(movies, audio, DVD, ...) စတဲ့ media ဖိုင်တွေကို ဖတ်နိုင်ဖို့နဲ့ Skype or Google Earth တို့လို software တွေကို install လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့တွေဟာ medibuntu repositories ကို Enable လုပ်ဆောင်ထားရ ပါလိမ့်မယ်။


Medibuntu Repository နဲ့ medibuntu keyring ကို Enable လုပ်ဖို့ကတော့ အောက်မှာဖော်ပြထားတဲ့ ရှည်လျားလှတဲ့ command ကို Terminal ထဲမှာ Run ပေးဖို့လိုပါတယ် -

sudo wget http://www.medibuntu.org/sources.list.d/`lsb_release -cs`.list --output-document=/etc/apt/sources.list.d/medibuntu.list; sudo apt-get -q update; sudo apt-get --yes -q --allow-unauthenticated install medibuntu-keyring; sudo apt-get -q update


( ဒီအထက်မှာ ဖော်ပြထားတဲ့ စာသားက Ubuntu က ထုတ်လိုက်တဲ့ Release တိုင်းနဲ့ အလုပ်လုပ်ပါတယ်။ )


  • ( ၁.၂ ) Non-free-codes များအား install ပြုလုပ်ခြင်း 

non-free-codecs meta-package တွေဟာ အရမ်းအသုံးဝင်တဲ့ packages တြွေဖစ်ပြီး  ubuntu-restricted-extras packages တွေလည်း အများအပြားပါဝင်ပါတယ်။ ဒီ packages တွေက ဘာတွေကို support လုပ်သလဲ ဆိုတာ ဥပမာပြောရရင် MP3 တွေနဲ့ အခြားအခြားသော ဖွင့်မရ ပြုမရဖြစ်နေတဲ့ audio formats တွေ ၊ နောက်ပြီး Microsoft fonts, Java runtime environment, Flash plugin စတာတွေ အပြင် ကိုယ့်စက်ရဲ့ architecture အလိုက် w64codecs သွင်းရမလား w32codecs သွင်းရမလား ဆိုတာကိုပါ support ပေးပါတယ်။ နောက်ထပ်လည်း များစွာ ကျန်ပါသေးတယ်။ non-free-codes ကို Terminal မှာ ခုလို စာကြောင်းတစ်ခုရိုက်ပြီး install လုပ်ဆောင်လို့ ရပါတယ်။


sudo apt-get install non-free-codecs

တကယ်လို့ ဘာတွေ install လုပ်ဆောင်သွားမှာလဲ ဆိုတာ အတိအကျ သိချင်ခဲ့မယ် ဆိုရင် ဒီအောက်မှာ list ပါ။
`
cabextract freepats gsfonts-x11 gstreamer0.10-ffmpeg gstreamer0.10-plugins-bad gstreamer0.10-plugins-bad-multiverse gstreamer0.10-plugins-ugly gstreamer0.10-plugins-ugly-multiverse java-common liba52-0.7.4 libamrnb3 libamrwb3 libass3 libavcodec52 libavformat52 libavutil49 libcdaudio1 libcelt0 libdc1394-22 libdca0 libdirac0c2a libdvdnav4 libdvdread4 libenca0 libfaac0 libfaad0 libffado1 libfftw3-3 libfreebob0 libgsm1 libid3tag0 libiptcdata0 libjack0 libkate1 libmad0 libmimic0 libmjpegtools-1.9 libmms0 libmodplug0c2 libmp3lame0 libmp4v2-0 libmpcdec3 libmpeg2-4 libofa0 libpostproc51 libquicktime1 libschroedinger-1.0-0 libsidplay1 libsoundtouch1c2 libswscale0 libtwolame0 libwildmidi0 libx264-67 libxml++2.6-2 libxvidcore4 non-free-codecs odbcinst1debian1 sun-java6-bin sun-java6-jre sun-java6-plugin ttf-liberation ttf-mscorefonts-installer ubuntu-restricted-extras unixodbc unrar w64codecs ( စုစုပေါင်း 170 MB ခန့် )

  • ( ၁.၃ ) အခြား codes များ၊ DVD support, VLC နှင့် mplayer ထည့်သွင်းခြင်း

libdvdcss2 package ဟာ DVDs play ဖို့အတွက် သင့်တော်တဲ့ package တစ်ခုပါ။ ဒါ့အပြင် VLC ဟာလည်း media layer ထဲမှာ အကောင်းဆုံးလို့ သုံးသပ်မိပါတယ်။ သူ့ကို install လုပ်ဆောင်နိုင်ဖို့ကတော့ -

sudo apt-get install libdvdcss2 gxine libxine1-ffmpeg vlc mplayer mencoder

တကယ်လို့ ဘာတွေ install လုပ်ဆောင်သွားမှာလဲ ဆိုတာ အတိအကျ သိချင်ခဲ့မယ် ဆိုရင် ဒီအောက်မှာ list ပါ။


gxine libaudio2 libdvbpsi5 libdvdcss2 libebml0 libiso9660-5 liblua5.1-0 liblzo2-2 libmatroska0 libmozjs0d libopenal1 libqtcore4 libqtgui4 libsdl-image1.2 libsvga1 libtar libvcdinfo0 libvlc2 libvlccore2 libxcb-shape0 libxcb-shm0 libxcb-xv0 libxine1 libxine1-bin libxine1-console libxine1-ffmpeg libxine1-misc-plugins libxine1-x mencoder mplayer mplayer-nogui mplayer-skins vlc vlc-data vlc-nox vlc-plugin-pulse ( စုစုပေါင်း 80 MB  ခန့်)

ဆက်ရန် ...

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts