Installation Guide for Windows 7 from USB

Leave a Comment
( ၁ ) ကျွန်တော် Windows 7 တင်ချင်တယ်ဗျာ ... ကျွန်တော့် စက်က Drive ကလည်း မကောင်းတော့ဘူး ... ဖြစ်နိုင်ရင် USB Flash Drive ကနေများ တင်လို့ မရနိုင်ဘူးလား ??
( ၂ ) ကျွန်တော့်စက်ကတော့ Windows ခွေထည့်ဖို့ Drive ကို မရှိတာဗျို့ ... တင်ချင်ရင် USB flash drive ကနေ တင်မှပဲ အဆင်ပြေမှာ ... အဲတာ ဘယ်လိုလုပ်ရမှန်းလည်းလည်း မသိဘူး ??
( ၃ ) ကျွန်တော် မနေ့က Netbook တစ်လုံးဝယ်လာတယ်ဗျ ... တင်ချင်တာက Windows 7 .. DVD Drive ကလည်း ပါမလာဘူးဗျာ ... အခု အဲတာ ဒုက္ခရောက်နေတယ် ... ကူပါဦး။



အဲ့လို ပြသနာပေါင်း များစွာနဲ့ ရင်ဆိုင်နေရသူများအတွက် အလွယ်တကူနဲ့ အပြေလည်ဆုံး ဖြေရှင်းပေးနိုင်မယ့် Tool တစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ အင်တာနက် ထဲမှာ ရှာကြည့်ရင် Windows 7 ကို USB flash drive ကနေ Install လုပ်ဆောင်ဖို့ Command Line ကနေ လုပ်ဆောင်နည်းတွေ - တစ်ခြား Tools တွေ အမျိုးမျိုးနဲ့ အဆင့်လိုက် ပြင်ဆင်ပုံတွေ များစွာ ရှိနေပေမယ့် ဒီ ဖော်ပြပါ Tool ကတော့ Microsoft ကနေ တိုက်ရိုက် သူ့ Windows 7 သုံးသူတွေအတွက် အဆင်ပြေအောင် ဖန်တီးပေးထားတဲ့ Tool တစ်ခုမို့လို့ Error လည်း နည်းသလို စိတ်လည်း စိတ်ချရပါတယ်။ သူ့နာမည်ကတော့ Windows 7 USB/DVD Download tool ပါ။ သူ့ကို ဖော်ပြပါ နေရာကနေ Download ရယူနိုင်ပါတယ်။

Installation

Windows 7 USB/DVD Download tool ကို Install လုပ်ဆောင်ဖို့ အတွက် -

  1. Windows 7 USB/DVD Download tool ကို ဒီနေရာကနေ ရယူပါ။
  2. Download Dialogue box တစ်ခု တက်လာရင် ကိုယ့်စက်ထဲမှာ သိမ်းထားချင်တဲ့ အခါ Save ကိုရွေးပြီး - တစ်ခါတည်း Run ချင်တာ ဆိုရင်တော့ Run ကိုနှိပ်ပါ။ လောလောဆယ်တော့ Save လုပ်လိုက်ပါမယ်။ ပြီးတော့ Download complete ဖြစ်တဲ့ အခါ exe file ကို ညွှန်ကြားချက်အတိုင်း အဆင့်လိုက် Run သွားပါ့မယ်။ 
  3. ဖော်ပြထားချက်အတိုင်း လုပ်ဆောင်ပြီးသွားရင် Windows 7 USB/DVD Download Tool ကို ခုအောက်မှာ ဖော်ပြထားသလို Install လုပ်ဆောင်ပြီးသား shortcut တစ်ခုအဖြစ် Desktop ပေါ်မှာ တွေ့ရပါလိမ့်မယ်။


Note: Windows 7 USB/DVD Download tool ကို install လုပ်ဆောင်ဖို့ သက်ဆိုင်ရာကွန်ပြူတာကို အသုံးပြုသူဟာ အဲ့ကွန်ပြူတာရဲ့ Administrator ( သို့မဟုတ် ) Administrator access ရရှိထားသူ ဖြစ်ဖို့လိုသလို တကယ်လို့ လက်ရှိ Windows XP ကို သုံးနေသူ တစ်ယောက်ဖြစ်မယ် ဆိုရင်လည်း အဲ့ Tool ဟာ Microsoft .NET Framework version 2.0 ဒါမှမဟုတ် သူ့ထက် version မြင့်မြင့် တစ်ခု install လုပ်ဆောင်ပြီးသား ဖြစ်နေဖို့လိုပါတယ်။


System Requirements များအား လေ့လာပါ။



  • Windows XP SP2, Windows Vista, or Windows 7 (32-bit or 64-bit)

  • Pentium 233-megahertz (MHz) processor or faster (300 MHz is recommended)

  • 50MB of free space on your hard drive

  • DVD-R drive or 4GB removable USB flash drive


Windows XP Users များအတွက်။ 


Windows XP users များအနေနဲ့ Windows 7 USB/DVD Download tool ကို Install မလုပ်ဆောင်ခင် အောက်ဖော်ပြပါ applications များကို install လုပ်ဆောင်ထားဖို့ လိုပါတယ်။


  • Microsoft .NET Framework 2.0 ကို Install လုပ်ဆောင်ထားရပါမယ်။ ဒီနေရာကနေ Download ရယူနိုင်ပါတယ်။
  • Microsoft Image Mastering API v2 Install လုပ်ဆောင်ထားရပါမယ်။ ဒီနေရာကနေ Download ရယူနိုင်ပါတယ်။

Windows 7 USB/DVD Download Tool အား အသုံးပြုခြင်း။

ပထမအဆင့် - ပြင်ဆင်ခြင်း။

• အနည်းဆုံး 4 GB နှင့် အထက် ပမာဏရှိသည့် USB flash drive
• Windows XP, Vista သို့မဟုတ် 7 စသည့် OS တစ်ခုခု တင်ထားသော Computer
• Windows 7 DVD သို့မဟုတ် .ISO file
• Download ချ၍ Install လုပ်ထားပြီးသားဖြစ်ရမည့် Windows 7 USB DVD Tool

အားလုံးပြည့်စုံပြီ - Install လုပ်ဆောင်ပြီးသွားပြီ ဆိုရင် Windows 7 USB DVD Tool ကို All Programs ကနေ ဖြစ်ဖြစ် - Shortcut icon ကနေဖြစ်ဖြစ် စပြီး Run ပါ့မယ်။

ဒုတိယအဆင့် - စတင်ခြင်း။

• ဒီအောက်က Screen ကို စတင်မြင်ရပါလိမ့်မယ်။


• ကိုယ့်ကွန်ပြူတာမှာ ရှိနေတဲ့ Windows 7 .ISO file ရဲ့ တည်နေရာကို Browse ကနေ ညွှန်ပေးပါ့မယ်။ ပြီးရင် Next ကို ပေးပါ။


• ဘယ်လို media type ကိုသုံးမလဲ - ဒီအောက်မှာ ဆိုရင် ကျွန်တော် ဥပမာ အနေနဲ့ ကျွန်တော်တို့က USB ကနေ Install လုပ်ဆောင်မှာ မို့ USB device ကို ရွေးချယ်လိုက်ပါ့မယ်။


• အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ကိုယ့်စက်မှာ ဆင်ထားတဲ့ USB drive ကို drop down menu ကနေ တစ်ဆင့် ရွေးချယ်ပေးပါ့မယ်။ တကယ်လို့ ပျောက်နေသေးရင် Refresh ကို နှိပ်ပါ။ အဲတာမှ မတွေ့သေးရင် USB drive ကိုဖြုတ်ပြီး ပြန်တပ်ပါ။


• Begin copying ကို ဆက်နှိပ်ပါ။
• Windows 7 USB DVD Tool ကနေပြီး ISO File ထဲမှာ ရှိနေတဲ့ files တွေကို USB drive ရှိရာဆီ အောက်ဖော်ပြပါ ပုံစံအတိုင်းစတင် Copy ကူးပါလိမ့်မယ်။


• အကယ်၍ USB drive က နေရာလိုလို့ data တွေဖျက်ဖို့လိုမယ်ဆိုရင်လည်း ဖျက်လိုက်ပါ။
• အားလုံးပြီးသွားရင် USB DVD Tool ကို ပိတ်လိုက်ပါ။

တတိယအဆင့် - စမ်းသပ်ခြင်း။

• အခု ကျွန်တော်တို့ ဖန်တီးပြီးသွားတဲ့ bootable USB drive ကို install လုပ်ငန်း မလုပ်ဆောင်ခင် အရင်ဆုံး ကောင်းမကောင်း စမ်းသပ်ကြည့်ပါမယ်။
• MobaLiveCD ကို ဒီနေရာကနေ ရယူပါ။
• MobaLiveCD က ကျွန်တော်တို့ ဖန်တီးထားတဲ့ USB drive ထဲက Windows ကို စက်မှာ တကယ် install လုပ်ဆောင်စရာမလိုပဲ စမ်းသပ်ပေးပါလိမ့်မယ်။

ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။


• ပုံမှာမြင်နေရတဲ့ Run the LiveUSB ကို Click ပေးပါ။
• ပြီးရင် ကိုယ့်ရဲ့ USB drive ကို အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Dropdown menu ကနေ ရွေးပေးပါ။


• Windows 7 setup ဟာ အောက်ဖော်ပြပါအတိုင်း ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။



စတုတ္ထအဆင့် - Installation လုပ်ဆောင်ခြင်း။

• Netbook မှာ ပဲ ဖြစ်ဖြစ် - တစ်ခြား Laptops, Desktops တွေမှာပဲ ဖြစ်ဖြစ် USB ကနေ install လုပ်ဆောင်ဖို့ အတွက် နည်း ( ၂ ) နည်း ရှိပါတယ်။ ရိုးရိုး OS ထဲကနေပဲ install လုပ်ဆောင်တဲ့ နည်းနဲ့ USB ကနေ boot လုပ်တဲ့ နည်းပါ။
• OS ရှိပြီးသား Windows ထဲကနေ install လုပ်မယ် ဆိုရင်တော့ USB device ရှိရာဆီ သွားပြီး setup.exe ကို double click ပေးလိုက်ယုံပါပဲ။
• အဲလိုမှ မဟုတ်ပဲ USB ကနေ Boot လုပ်မယ် ဆိုရင်တော့ BIOS မှာ ပုံမှန် လုပ်ဆောင်နေကျ အတိုင်း USB ကို 1st boot ထားပေးဖို့ လိုပါတယ်။

ဒီလောက်ဆို Windows 7 ကို USB ကနေ install လုပ်ဖို့ ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာ နားလည်နိုင်ကြမယ် ထင်ပါတယ်။

တစ်ခြား မေးစရာတွေ အသေးစိတ် လေ့လာစရာတွေ ရှိဦးမယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက် လေ့လာနိုင်ပါတယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts