Guide for Kaspersky Offline Updates

Leave a Comment
Kaspersky ဆိုတာ PC protection software တွေထဲမှာ နာမည်ရတဲ့ Software တစ်ခုဆို မမှားပါဘူး။ ကျွန်တော်တို့ မြန်မာတွေ အပါအဝင် ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများလည်း ခုချိန်မှာ Kaspersky Internet Security နဲ့ AntiVirus ကို အသုံးပြုနေကြပါတယ်။
AntiVirus ဒါမှမဟုတ် PC security software ဆိုတာဟာ သူ့ software နဲ့ သက်ဆိုင်တဲ့ frequent updates ကိုပုံမှန်မရဘူးဆိုရင် စက်ထဲမှာ install လုပ်ထားလည်း ကိုယ့်ကွန်ပြူတာအတွက် ပြည့်ဝတဲ့ ကာကွယ်မှုကို မပေးနိုင်ပါဘူး။ အချိန်နဲ့အမျှ ထွက်ပေါ်နေတဲ့ အသစ်အသစ်သော viruses, spyware, Trojans, worms, နဲ့ bots တွေရဲ့ တိုက်ခိုက်မှုကိုလည်း ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။  ဒီပြဿနာကို ဖြေရှင်းဖို့အတွက် antivirus တင်ထားပြီး internet နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာတစ်လုံးအတွက်တော့ ဘာမှ ပြဿနာ မရှိပေမယ့်  antivirus တော့တင်ထားပါရဲ့ offline ထားထားရတဲ့ ( ဆိုလိုတာ internet connection မရှိတဲ့ ) ကွန်ပြူတာမျိုးဆို ဘယ်လိုလုပ်ကြမလဲ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်လို အင်တာနက်ဆိုင်သွားမှ connection ရတဲ့ အခြေအနေမျိုးဆိုရင် ဒီ viruses, spyware, Trojans, worms, နဲ့ bots တွေရဲ့ ကျက်စားပျော်မြူးရာ စားကျက်က ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ ဖြစ်မနေနိုင်ဘူးလား။ ကျွန်တော်တို့တွေ ခုချိန်မှာသာ internet ကို အလွယ်တကူရနေလို့ ဒီပြဿနာကို မျက်ကွယ် ပြုနိုင်နေပေမယ့် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျွန်တော့် ဆွေမျိုးသားချင်းတွေ  ၊ သူငယ်ချင်း အပေါင်းအသင်းတွေကတော့ ဒီပြဿနာကို အလူးအလဲ ခံနေရပါတယ်။ ဟိုတစ်လောက ကျွန်တော့် အကိုတစ်ယောက် Online ရောက်လာပြီး သူ့ Laptop - virus မိနေလို့၊ တင်ထားတာ KAV ၊ updates က connection မရှိလို့ နှစ်ချို့နေပြီး virus ကိုမသတ်နိုင်ဘူးဆိုပြီး ကျွန်တော့်ကို ငြီးပြပါတယ်။ ကျွန်တော် တော်တော် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီလိုပြဿနာတွေကို ရင်ဆိုင်နေရတဲ့ KIS / KAV သုံးသူ users ပေါင်း မြန်မာနိုင်ငံမှာ ဘယ်လောက်လောက်များရှိနေနိုင်ပါသလဲ။

ဒါကြောင့် ကျွန်တော် သူတို့အတွက် တစ်ဖက်တစ်လှမ်းကနေ ပံ့ပိုးပေးနိုင်အောင် ဒီစာရေးဖြစ်လိုက်ပါတယ်။

Kaspersky Offline Update လုပ်ဆောင်နည်းများ

Kaspersky Offline Update လုပ်ဆောင်နည်းတွေကို အရင်မပြောခင်မှာ အရင်ဆုံး လေ့လာရမှာက ကျွန်တော်တို့ သုံးနေတာ Kaspersky Internet Security / AntiVirus ထဲက ဘယ် versions ကိုသုံးနေလဲ ဆိုတာပါ။ Kaspersky Labs ကနေ ထုတ်လုပ်ခဲ့တဲ့ အမျိုးအစားတွေ များစွာထဲကမှ တစ်ခုချင်းစီရဲ့ offline updates လုပ်ဆောင်ပုံကို ကျွန်တော် လိုက်ရေးပြရမယ် ဆိုရင် ဒီအကြောင်းအရာက တော်တော်နဲ့ ပြီးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ဆုံး versions လည်း ဖြစ်။ လူတော်တော်များများလည်း သုံးနေကြတာ ဖြစ်တဲ့ Kaspersky Internet Security / AntiVirus 9.0 (2010) ကိုပဲ Offline Update လုပ်ဆောင်နည်း အဆင့်လိုက် ရေးသားသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မိသားစုများရဲ့ စက်မှာ တစ်ခြား Versions တွေ ဖြစ်နေမယ် ဆိုရင်လည်း ဖြစ်နိုင်ရင် Kaspersky Internet Security / AntiVirus 9.0 (2010) ကိုပဲ ပြောင်းသုံးဖို့ အကြံပေးလိုပါတယ်။ Kaspersky Internet Security / AntiVirus 9.0 (2010) Latest versions တွေ download ရယူနိုင်ဖို့ကတော့ ဒီနေရာကနေ သွားပါ။ 

Offline Update မည်သို့လုပ်ဆောင်မည်နည်း။

Kaspersky Offline Update လုပ်ဆောင်နည်း - နည်းလမ်း ( ၃ ) ခုရှိပါတယ်။

  • Local folder မှ Kaspersky Updates အားရယူ install လုပ်ဆောင်ခြင်း။
  • Updater.bat file အား အသုံးပြု၍ install လုပ်ဆောင်ခြင်း။
  • Stand-alone update utility " Updater.exe " အား အသုံးပြု၍ Updates ရယူလုပ်ဆောင်ခြင်း။


ကျွန်တော် တစ်ဆင့်ခြင်း အသေးစိတ် ဖော်ပြသွားပါမယ်။


  • Local folder မှ Kaspersky Updates အားရယူ install လုပ်ဆောင်ခြင်း။

ဒီနည်းလမ်းကို သုံးပြီး Update လုပ်ဆောင်ဖို့ အတွက်ကတော့ Iအဆင့် ( ၂ ) ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပြီး ကွန်ပြူတာ ၂ လုံး အနည်းဆုံးလိုအပ်ပါတယ်။ အဲ့ဒီ့ ကွန်ပြူတာ ( ၂ ) လုံးလုံးမှာ ကိုယ် update လုပ်ချင်တဲ့ Kaspersky product အမျိုးအစား တစ်ခုတည်းကိုပဲ install လုပ်ဆောင်ထားရပါမယ် ( ဥပမာ - 9.0.0.736 )။ အဲ့ဒီ့ ကွန်ပြူတာ ( ၂ )လုံးထဲက တစ်လုံးဟာ internet နဲ့ချိတ်ဆက်ထားပြီး Kaspersky lab sever ကနေ anti-virus databases ကို ပုံမှန် ရရှိနေတဲ့ ကွန်ပြူတာမျိုး ဖြစ်ရပါမယ်။ နောက် ကွန်ပြူတာ တစ်လုံးက Offline ဖြစ်နေလို့ရပါတယ်။ အခု offline ဖြစ်နေတဲ့ ကွန်ပြူတာက ခုနက အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာဆီမှာရှိနေတဲ့ anti-virus databases တွေကို ပြောင်းလဲ ချိတ်ဆက်ပြီး offline updates လုပ်ဆောင်မှာပါ။ ဒီနည်းက ဘယ်တွေမှာ အသုံးဝင်သလဲ ဆိုရင် ဥပမာ ဆိုကြပါစို့ ကုမ္ပဏီ တစ်ခုမှာ ရှိနေတဲ့ Network တစ်ခုမှာ စက်တစ်လုံးကပဲ internet connection ရှိနေယုံနဲ့ တစ်ခြား offline ဖြစ်နေတဲ့ computer အားလုံး anti-virus databases ကို online တက်စရာ မလိုပဲ ပုံမှန်ရရှိသွားမှာ မျိုး ဖြစ်ပါတယ်။

  • ပထမအဆင့် - Kaspersky lab sever မှ anti-virus databases ပုံမှန်ရရှိနေသော ကွန်ပြူတာမှနေ၍ Updates များအား ခွဲဝေယူခြင်း။

ဒီနည်းကို လုပ်ဆောင်ဖို့အတွက် Network ထဲက ကွန်ပြူတာတစ်လုံးအနေနဲ့ အစားထိုးတင်ပြလိုက်ပါမယ်။ anti-virus databases ကို ရယူမယ့် ကွန်ပြူတာက internet နဲ့ ချိတ်ဆက်ပြီး နောက်ပိုင်းမှာ ရရှိလာတဲ့ anti-virus databases ကို Update distribution လုပ်ဆောင်ဖို့အတွက် အရင်ဆုံး အောက်ဖော်ပြပါ အဆင့်ကို အရင်ဆုံး စစ်ဆေးကြည့်ပါ။ ဒါက ကိုယ့်ရဲ့စက်မှာ Update distribution က ဘယ်နေရာမှာ ရှိလဲဆိုတာ အရင်လေ့လာတဲ့ အဆင့်ဖြစ်ပါတယ်။ Windows XP မှာဆိုရင် Update distribution folder ဟာ \Documents and Settings\All Users\Application Data\Kaspersky Lab\AVP9\Update distribution မှာတည်ရှိပါတယ်။ ပုံမှန်အားဖြင့် hidden ဖြစ်ပါတယ်။ Windows Vista မှာဆိုရင် \ProgramData\Kaspersky Lab\AVP9\Update distribution မှာ တည်ရှိပါတယ်။ Hidden ကိုဖော်ဖို့ကတော့ My computer > Tools > Folder Options > View > Show hidden files and folders မှာ check ပေးပြီး လုပ်ဆောင်လိုက်ပါ။ တကယ်လို့ ဖော်ပြပါ နေရာမှာ Update distribution ဆိုတဲ့ folder ရှိမနေရင် create လုပ်ပေးရမှာ ဖြစ်ပါတယ်။

Internet နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာမှာ ရှိနေတဲ့ Kaspersky update databases တွေကို copy ကူးယူဖို့အတွက် လုပ်ဆောင်နည်း အဆင့်ဆင့်ကတော့ ဒီအောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။

  • Main application window အားဖွင့်ပါ။
  • ညာဘက်အပေါ်ထောင့်နားမှာ ရှိနေတဲ့ Settings ကို click ပေးပါ။
  • Settings window ထဲမှာ My Update Center ကို select ပေးပါ။
  • ဖော်ပြထားတဲ့ window ရဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ section ထဲက Copy updates to folder ကို check ပေးပါ။
  • Browse button ခုနက အပေါ်မှာ ပြောခဲ့တဲ့ Update distribution folder ဆီကို လမ်းညွှန်ပေးပါ။
  • ဖွင့်ထားတဲ့ Windows တစ်ခုချင်းစီကို OK ပေးပြီးပိတ်ပါ။
  • ပြီးသွားရင် anti-virus databases ကို Run ပါ။

လုပ်ဆောင်ပုံ အသေးစိတ်ကတော့ အောက်မှာ ပုံနဲ့ ထပ်ပြီး ဖော်ပြပေးထားပါတယ်။ ဒါကတော့ KIS 2010 အတွက် လုပ်ဆောင်နည်း ပုံပါ။



ဒါကတော့ KAV 2010 အတွက် လုပ်ဆောင်နည်း ပုံပါ။



  • ဒုတိယအဆင့် - ခွဲဝေပြီးသော Update distribution အားအသုံးပြု၍ Internet connection မရှိသော အခြားစက်များတွင် update ပြုလုပ်ခြင်း။

အထက်မှာ ဖော်ပြထားချက်အတိုင်း Update distribution folder ထဲကို update databases တွေရောက်ရှိသွားပြီ ဆိုတဲ့ အချိန်မှာ အဲ့ folder ကို တစ်ခြား removable media တစ်ခုထဲ ထည့်ပြီး save - နောက် update ပြုလုပ်မယ့် ကွန်ပြူတာဆီ ယူသွားတဲ့ နည်းနဲ့ ပဲ ဖြစ်ဖြစ်၊ ကွန်ပြူတာ ( ၂ ) ခုလုံးက Network ထဲမှာဆိုရင် network ကနေ တစ်ဆင့် Share ပေးတဲ့ နည်းနဲ့ ပဲ ဖြစ်ဖြစ် Update distribution folder ကို တစ်ခြား ကွန်ပြူတာ တွေကနေ access လုပ်နိုင်အောင် စီစဉ်ရပါမယ်။ အဲလို စီစဉ်ပြီးသွားပြီ ဆိုရင်တော့ Internet connection မရှိတဲ့ Kaspersky ကို Update ပေးဖို့ အောက်ပါနည်း အတိုင်း ဆက်လက် လုပ်ဆောင်ပါမယ်။

  • Main application window အားဖွင့်ပါ။
  • ညာဘက်အပေါ်ထောင့်နားမှာ ရှိနေတဲ့ Settings ကို click ပေးပါ။
  • Settings window ထဲမှာ My Update Center ကို select ပေးပါ။
  • ညာဘက်ခြမ်းမှာ ရှိနေတဲ့ window မှာ တွေ့ရတဲ့ Update Source section က Settings ကို click ပေးပါ။ 
  • အဲကနေမှ တဆင့် Source tab ရဲ့အောက်မှာ ရှိနေတဲ့ Add link ကို click ထပ်ပေးပါ။
  • Browse ကနေတစ်ဆင့် ကျွန်တော်တို့ Update distribution folder ကိုဘယ်မှာ save ထားခဲ့သလဲ ( ဆိုလိုတာ USB ထဲမှာဆို USB ထဲက Update distribution folder ရှိရာဆီ၊ Network ထဲမှာ ဆို Network ထဲက Update distribution folder ရှိရာဆီ ) လမ်းညွှန်ပေးရပါမယ်။ 
  • OK ကို နှိပ်ပါ။
  • Source tab ရဲ့အောက်မှာ ရှိနေတဲ့ Kaspersky Lab’s update servers check box ကို clear ပေးပါ။
  • OK ပေးပါ။
  • Update process ကို စ Run ပါ။

လုပ်ဆောင်ပုံ အသေးစိတ်ကတော့ အောက်မှာ ပုံနဲ့ ထပ်ပြီး ဖော်ပြပေးထားပါတယ်။ ဒါကတော့ KIS 2010 အတွက် လုပ်ဆောင်နည်း ပုံပါ။




ဒါကတော့ KAV 2010 အတွက် လုပ်ဆောင်နည်း ပုံပါ။




  • Updater.bat file အား အသုံးပြု၍ install လုပ်ဆောင်ခြင်း။

ဒီနည်းကလည်း အဆင့် ( ၂ ) ဆင့်နဲ့ လုပ်ဆောင်ရမှာပါပဲ။ အခုဖော်ပြပါနည်းက Internet connection ရှိပြီး KAV/KIS 2010 မဟုတ်ပဲ တစ်ခြား antivirus တစ်မျိုးမျိုးသုံးထားတဲ့ သို့မဟုတ် KAV/KIS 2010 မဟုတ်ပဲ တစ်ခြား versions ဖြစ်နေတဲ့ စက်ကနေ ပထမဦးဆုံး KAV/KIS 2010 အတွက် updates ဖိုင်တွေကို ဒေါင်းလုပ်ချ - ရလာတဲ့ ဖိုင်တွေကိုမှ Internet connection မရတဲ့ စက်တွေဆီ ယူသွားပြီး update လုပ်ရမှာ မျိုးပါ။

  • ပထမအဆင့် - databases များအား Update.bat file အားအသုံးပြု၍ Download ပြုလုပ်ခြင်း။

Update.bat file ကို ဘယ်နားကနေ ရမလဲ ??

Update.bat file ဆိုတာ Kaspersky Labs ကနေ ထုတ်ပေးထားတဲ့ small tool တစ်ခုဖြစ်ပြီး KIS 2010 အတွက် ဒီနေရာကနေ ရယူနိုင်ပြီး KAV 2010 အတွက် ဒီနေရာကနေ ပါတယ်။ အဲ့ဒီ့ tool ကို HD ပေါ်က partition တစ်ခုခုပေါ် ဖြည်ချပြီး run ရင်လို့လည်း ရသလို ၊ USB storage device ထဲမှာ ဖြည်ချပြီး run လို့လည်း ရပါတယ်။ ဘယ်နားကနေ run - run အဲ့ဒီ့ tool run တဲ့ နေရာမှာ KAV/KIS 2010 အတွက် လိုအပ်တဲ့ updates ဖိုင်တွေကို အလိုလျောက် save ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အဲလို run တဲ့ အချိန်မှာ Error တစ်ခုခု တက်ခဲ့မယ် ဆိုရင် ဒီနေရာက ဖိုင်ကို ဒေါင်းလုပ်ချပြီး ပါလာတဲ့ rar ဖိုင်ထဲက ဖြည်လိုက်လို့ ထွက်လာမယ့် ဖိုင် ( ၄ ) ခုကို Update.bat file ရှိနေတဲ့ ဖိုဒါထဲ ပြန်ထည့်ပြီး Run ပေးလိုက်ပါ။

ဒီ Tool ကို ဘယ်လို အသုံးပြုမလဲ ??

ဒေါင်းလုပ်ချပြီး ဖြည်လိုက်တဲ့ အချိန်မှာ ခုလို ဖော်ပြထားချက်အတိုင်း ဖိုင် ( ၃ ) ခုထွက်လာပါလိမ့်မယ်။ (kis9_459_463_736.ini / Updater.bat / Updater.exe) လောလောဆယ် ကျွန်တော် KIS အတွက်ပဲ ပြသွားပါမယ်။ KAV ကလည်း ထိုနည်းလည်းကောင်းပါပဲ။


ကျွန်တော်တို့လုပ်ရမှာ အဲ့ထဲက Update.bat ဆိုတဲ့ ဖိုင်ကို double-click ပေးယုံပါပဲ။ တစ်ကြိမ် လုပ်ဆောင်လိုက်တာနဲ့ command prompt windows ပေါ်လာပြီး  သက်ဆိုင်ရာ KIS ဆို KIS ၊ KAV ဆို KAV - Updates တွေကို ဒေါင်းလုပ်ချပါလိမ့်မယ်။ ဒေါင်းလုပ်ချနေစဉ် အတော်အတွင်းမှာ ခုလို မြင်တွေ့ရပါလိမ့်မယ်။


ဖော်ပြပါ အတိုင်းလုပ်ဆောင်လိုက်တာနဲ့ ခုနက ဖြည်လို့ ကျလာတဲ့ ဖိုင် ( ၃ ) ဖိုင်နေရာကို နောက်ပေါင်း ဖိုင် ( ၃ ) ခု နောက်တိုးရောက်ရှိလာပါလိမ့်မယ်။



အဲ့နောက်တိုးထဲမှာ ပါလာတဲ့ Temp ဆိုတဲ့ folder က လတ်တလော ဒေါင်းလုပ်ချနေစဉ်အတော အတွင်း လုပ်ငန်းလုပ်ဆောင်ဆဲကာလ ဖိုင်တွေကို save ထားမယ့် နေရာ ဖြစ်ပြီး ဒေါင်းလုပ်ချမှု လုပ်ငန်းစဉ် ပြီးဆုံးတာနဲ့ သူ့ Temp ထဲက updates တွေ အားလုံးကို Updates ဆိုတဲ့ ဖိုဒါထဲ Copy လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလိုတာက Updates အားလုံး ဒေါင်းလုပ်ချပြီး သွားချိန်မှာ Temp ဖိုဒါဟာ ဥပမာ - 148 MB ရှိနေတယ် ဆိုရင် Updates ဖိုဒါဟာလဲ Temp ဖိုဒါကနေ Updates ကို လွှဲပြောင်းပေးထားလို့ 148 MB အနေနဲ့ ရှိနေမှာ ဖြစ်ပါတယ်။ Updates ဖိုဒါဟာ Internet connection မရတဲ့ စက်တွေမှာ ရှိနေတဲ့ KIS/KAV တွေကို updates ပေးဖို့ ဖြစ်ပြီး Temp ကတော့ နောက်တစ်ကြိမ် Update.bat ကို ပြန် run ပြီး updates ကို ဒေါင်းလုပ်ပြန်ချတဲ့ အချိန်မှာ ( ၁ ) ကနေ ပြန်စချစရာ မလိုပဲ လိုအပ်တဲ့ နောက်တိုး updates လေးတွေကိုပဲ ဒေါင်းလုပ်ချဖို့လိုအောင် နဂိုအတိုင်း ထားရှိထားရမှာ ဖြစ်ပါတယ်။

ဒေါင်းလုပ်ချနေတဲ့ windows ပျောက်သွားပြီ ဆိုတာနဲ့ အဲဒီ့ update utility ဖိုင်ထဲမှာ ရှိနေတဲ့ iupdater.txt ဆိုတဲ့ ဖိုင်ကို ဖွင့်ပြီး ခုလိုစစ်ကြည့်ပါ။ အောက်ဖော်ပြပါ အတိုင်း တွေ့ရပြီ ဆိုရင် updates အားလုံးရပါပြီ။



Download ချဖို့ အချိန်ဘယ်လောက်လောက် ကြာမြင့်နိုင်ပါသလဲ ??

ဒါဟာ ပထမဆုံးအကြိမ် ဒေါင်းလုပ်စချတာ ဆိုရင်တော့ ဒီ Update ပမာဏက 50-80 MB ကြား ( ခုကျွန်တော် ချတာတော့ KIS 2010 က 148 MB ) ရှိပါတယ်။ ဒါကြောင့် မိမိရဲ့ connection speed ပေါ်မူတည်ပြီး အချိန်အနည်းငယ်တော့ ကြာမြင့်ပါလိမ့်မယ်။ ဒါပေမယ့် အပေါ်မှာ ပြောထားခဲ့ပြီးသလို ဒေါင်းလုပ်ချတိုင်း အဲလောက် နောက်မကြာတော့ပါဘူး။ တစ်ခါ ဒေါင်းလုပ်ချလို့ ပြီးတာနဲ့ နောက်တစ်ခါ ထပ်ချတဲ့ အချိန်မှာ နောက်တိုး updates တွေကိုချည်း tool က အလိုလျောက် ဒေါင်းလုပ်ချပေးသွားပါလိမ့်မယ်။


  • ဒုတိယအဆင့် - Internet connection မရှိသော အခြားစက်တွင် update လုပ်ဆောင်ခြင်း။

update databases တွေရရှိပြီ ဆိုတဲ့ အချိန်မှာ အဲ့ folder ကို တစ်ခြား removable media တစ်ခုထဲ ထည့်ပြီး save - နောက် update ပြုလုပ်မယ့် ကွန်ပြူတာဆီ ယူသွားတဲ့ နည်းနဲ့ ပဲ ဖြစ်ဖြစ်၊ ကွန်ပြူတာ ( ၂ ) ခုလုံးက Network ထဲမှာဆိုရင် network ကနေ တစ်ဆင့် Share ပေးတဲ့ နည်းနဲ့ ပဲ ဖြစ်ဖြစ် Update distribution folder ကို တစ်ခြား ကွန်ပြူတာ တွေကနေ access လုပ်နိုင်အောင် စီစဉ်ရပါမယ်။ အဲလို စီစဉ်ပြီးသွားပြီ ဆိုရင်တော့ Internet connection မရှိတဲ့ Kaspersky ကို Update ပေးဖို့ အောက်ပါနည်း အတိုင်း ဆက်လက် လုပ်ဆောင်ပါမယ်။ ဒီပုံမှာတော့ removable disk ကနေ Updates ဖိုင်တွေ ယူသွားပြီး Internet မရှိတဲ့ computer မှာ update လုပ်ဆောင်နည်းကို ဖော်ပြထားပါတယ်။ ဖော်ပြပါ ပုံကတော့ KIS 2010 အတွက် လုပ်ဆောင်နည်း အဆင့်ဆင့်ပါ။ 


ဒီအောက်က ပုံကတော့ KAV 2010 သမားတွေ အတွက်ပါ။



မှတ်ချက် အနေနဲ့ - အထက်ဖော်ပြပါ update လုပ်ဆောင်မှုဟာ kaspersky lab sever မှာ offline user တွေအတွက် ဖြည့်သွင်းပေးထားသလောက် update databases ကိုသာ ရရှိမှာ ဖြစ်ပြီး အချိန်နဲ့ အမျှ တိုးနေတဲ့ databases မှန်သမျှကိုတော့ အချိန်နဲ့တစ်ပြေးညီ ရရှိနိုင်မှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ သူ့က ရလာတဲ့ ဖိုင်ကို သုံးပြီး Start update လုပ်လိုက်ရင် database က Out of date ဆိုပြီးပြမြဲ ပြနေတာမျိုး ရှိတတ်ပါတယ်။ ဆိုလိုတာ ( ၁၁ .၄. ၂၀၁၀ ) က ချထားတဲ့  Updates ဖိုင်ကို ၃၀.၄.၂၀၁၀ လောက်မှ update လုပ်မယ် ဆိုရင် Out of date ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လ နဲ့ချီပြီး databases က out of date ဖြစ်နေတာ မျိုးထက်စာရင်တော့ ရက်ပိုင်းလောက် ခြားပြီး Out of date ဖြစ်နေတာက တော်သေးမယ် လို့ ပြောလို့တော့ ရပါတယ်။

  • Stand-alone update utility " Updater.exe " အား အသုံးပြု၍ Updates ရယူလုပ်ဆောင်ခြင်း။

ဒီအကြောင်းအရာကတော့ ပြည့်စုံစေချင်လို့ သီးသန့်ထပ်ပေါင်း ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ တကယ်တော့ အပေါ်က နည်းလမ်း ( ၂ ) မျိုးထဲက တစ်မျိုးမျိုးနဲ့ အဆင်ပြေတယ် ဆိုရင် ဒီ အဆင့်ကို ကျော်သွားလို့ ရပါတယ်။ ဒီ Stand-alone update utility " Updater.exe " ရဲ့ ရည်ရွယ်ချက်ကတော့ Kaspersky Lab ကထွက်သမျှ applications အားလုံးအတွက် Updates တွေကို တစ်နေရာတည်းကနေ တစ်ပေါင်းတစ်စည်းတည်း download ချနိုင်အောင် ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့အတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်တွေကို အဆင့်လိုက် လုပ်ဆောင်ပါ။

  • KLupdate.zip ကို ဒီနေရာကနေ ပထမဆုံး ဒေါင်းလုပ်ချပါ။
  • Unpack လုပ်ပြီး application ကို စ run ပါ။
  • အကြံပြုချင်တာက အောက်မှာဖော်ပြထားတဲ့ ပုံမှာ မြင်ရတဲ့ အတိုင်း " Download databases for the selected products: " ဆိုတဲ့ ခေါင်းစဉ်အောက်မှာပါရှိနေတဲ့ Kaspersky အမျိုးအစားပေါင်းမြောက်များစွာထဲက မိမိကွန်ပြူတာမှာ လက်ရှိသုံးနေတဲ့ Updates ပေးချင်တဲ့ အမျိုးအစား ရှိတဲ့ သက်ဆိုင်ရာ check box မှာ အမှန်ခြစ် ပေးပြီး Apply ကိုပေးပါ။ အဲလိုမရွေးပေးပဲ Apply ပေးလိုက်မယ် ဆိုရင် databases ကို download ချတဲ့ အချိန်မှာ Kaspersky ကထုတ်ထားသမျှ versions တိုင်းအတွက် Updates တွေကို ဒေါင်းလုပ်ချမှာ ဖြစ်ပြီး ဒေါင်းလုပ်ချချိန်ကလည်း အရမ်းကို ကြာမြင့်သွားပါလိမ့်မယ်။
  • အားလုံး ဒေါင်းလုပ်ချပြီး သွားပြီ ဆိုရင်တော့ Updates ဆိုတဲ့ folder ထဲမှာ လိုချင်သမျှ updates အားလုံးရောက်ပါပြီ။ ရလာတဲ့ Updates တွေကို တစ်ခြားစက်မှာ Update ပေးပုံပေးနည်းကတော့ အပေါ်မှာ ဖော်ပြထားခဲ့တဲ့ ဖော်ပြချက် အတိုင်းပါပဲ။ အပေါ်က Internet connection မရှိသော အခြားစက်တွင် update လုပ်ဆောင်ခြင်း ဆိုတဲ့ အပိုင်းတွေကို ပြန်ကြည့်ပေးပါ။


KIS 2010/2009 နဲ့ ပတ်သတ်ပြီး ရက်ခြား ရက်ခြား Offline Update တင်ပေးထားတဲ့ နေရာ တစ်ခု ရှိပါတယ်။ ဒီအောက်က Link ကနေ သွားပါ။

Offline Virus Database Updates!

ခုဖော်ပြခဲ့သလောက်ဆို Kaspersky Offline Update လုပ်ဆောင်နည်းတွေနဲ့ ပတ်သတ်ပြီး အဆင်ပြေကြလောက်မယ် ထင်ပါတယ်။

နောက်တစ်ခု ဆက်စပ်ပြီး ဖော်ပြချင်တာလေး တစ်ခု ကျန်ပါသေးတယ်။ မြန်မာနိုင်ငံကနေ KIS/KAV ကို offline updates အသုံးပြုသူတွေ အတွက် အဆင်ပြေအောင် ကျွန်တော် ဒီနေရာကနေ တစ်ပတ် တစ်ခါလောက် ပုံမှန် Offline Updates တွေ တင်ပေးချင်ပါတယ်။ ဖိုရမ် ကြီးကြပ်သူများ တစ်ချက်လောက် အကြံပြုကြပါ။ သဘောတူမယ် ဆိုရင် တင်ပေးပါ့မယ်။ အပတ်စဉ် အနည်းဆုံး တစ်ပတ် တစ်ခါ Offline Updates ကို နေ့စွဲနဲ့ တင်ပေးသွားဖို့ ကြိုးစားပါ့မယ်။

အားလုံးပဲ Kaspersky နဲ့ ပတ်သတ်ပြီး အဆင်ပြေနိုင်ကြပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts