Ubuntu 9.10 User's Guide ( 5 )

Leave a Comment
( ၅ ) System & administration software

  • ( ၁ ) Firewall Setup ပြုလုပ်ခြင်း။
တကယ်လို့ ကျွန်တော်တို့ Ubuntu မှာ Firewall install လုပ်ဆောင်ထားချင်မယ် ဆိုရင် ufw လို့ခေါ်တဲ့ (Uncomplicated Firewall) က default အနေနဲ့ installed လုပ်ဆောင်ထားပေးပြီးသားပါ။ ဒါပေမယ့် active တော့ မဟုတ်သေးပါဘူး။ ဒါ့အပြင် Gufw ဆိုတာလည်း ufw အတွက် သင့်တော်တဲ့ GUI တစ်ခုပါပဲ။
Software Center ကနေ Install လုပ်ဆောင်ဖို့ အတွက်ကတော့ "gufw" ဆိုတာကို ရှာပြီး install လုပ်ဆောင်လို့ ရပါတယ်။ Gufw ကို အသုံးချဖို့ ခေါ်ထုတ်မယ် ဆိုရင်တော့ System > Administration > Firewall configuration ကနေ ဆွဲခေါ်လို့ ရပါတယ်။ 
တစ်ခုသတိထားရမှာက ဒီ Services ကို သုံးတော့မယ် ဆိုရင် ftp, pop3, smtp တွေ အတွက် ကြိုပြီး ပြင်ဆင်ထားပြီးသား ဖြစ်နေဖို့ လိုပါတယ်။


 

  •  ( ၂ ) Anti-virus installation လုပ်ဆောင်ရန် ( မလို ) ပါ။

လူအများစုက Linux ကိုရောက်လာရင် Anti-virus ကို Install လုပ်မထားပဲ နေလို့ရမှန်း သိထားကြပါတယ်။ အမှန်တကယ်လည်း firewall နဲ့ updating ကို ပုံမှန် လုပ်ဆောင်နေရင် ကျွန်တော်တို့ရဲ့ System ကလည်း တကယ်ကို လုံခြုံနေပါတယ်။ တကယ်ရော ဟုတ်ရဲ့လား ?? လူတိုင်းက ဒီမေးခွန်းကို တကယ်ပဲ မေးတတ်ကြပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်ကိုပဲ ဘယ်လောက်ပဲ ရှည်လျားထြွေပားအောင် ရှင်းပြပြ သူတို့ရဲ့ စက်ထဲမှာ Antivirus လေး တစ်ခုရှိမှ နေသာထိုင်သာ ရှိသလို ခံစားနေကြရတဲ့ လူတွေလည်း မနည်းပါဘူး။ ခုခေတ်မှာတော့ Kasperky ကစလို့ Symantec အလယ် McAffee အဆုံး computer security companies တွေက Linux system အတွက် antivirus ကို ထုတ်လုပ်လာကြပါပြီ။ ဒါကလည်း Users တွေက ကွန်ပြူတာဆို antivirus တင်ထားမှ ဆိုတဲ့ အသိကြီးအောက်မှာ အမြတ်ထုတ်လာကြတဲ့ ရလာဒ် တစ်ခုပါပဲ။ မဖြစ်မနေ ဝယ်သုံးရတော့မယ် လို့တော့ မထင်စေချင်ပါဘူး။

ClamAV ဆိုတာ free open source cross-platform anti-virus တစ်ခုဖြစ်ပြီး သူ့ရဲ့ GUI က ClamTk ဖြစ်ပါတယ်။ သူ့ကိုတော့ ပထမဆုံး ရွေးချယ်သင့်မယ်လို့ ထင်ပါတယ်။ သူ့ကို install လုပ်ဆောင်ဖို့အတွက် Software Center ကနေ "Virus Scanner" လို့ရှာပြီး install လုပ်လို့ ရပါတယ်။ သူ့ကို Access လုပ်ဖို့ ဆိုရင်လည်း Applications > System Tools > Virus Scanner ကနေ access လုပ်လို့ ရပါတယ်။




Ubuntu repositories ကနေ ပေးမထားတဲ့ ClamTk နောက်ဆုံး version ကို update ရယူချင်မယ် ဆိုရင်တော့ ဒီနေရာကနေ Download ရယူနိုင်ပါတယ်။ Update လုပ်ဆောင်ပြီး သွားမယ် ဆိုရင်တော့ ClamTk အတွက် shortcut က အောက်ဖော်ပြပါ နေရာမှာ ရှိနေပါလိမ့်မယ်။
Applications > Accessories > Virus Scanner

ClamTk ပြီးရင် ဒုတိယရွေးချယ်မှု ဖြစ်သင့်တာကတော့ Avira ဖြစ်မယ် ထင်ပါတယ်။ သူ့ရဲ့ freeware version ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။ တတိယရွေးချယ်မှု ဖြစ်သင့်တာ ကတော့ Avast ကနေ ထုတ်ထားတဲ့ "Linux Home Edition" ဖြစ်သင့်ပါတယ်။

  • ( ၃ ) Services တစ်ချို့နှင့် Startup programs တစ်ချို့အား Disable ပေးထားပါ။


( ၁ ) Boot-up Manager နှင့် Service အား ပြင်ဆင်ပါ။

ပြီးခဲ့တဲ့ Ubuntu versions မှာတုန်းက ဘယ်နေရာမှာ system services တွေကို (de)activate လုပ်နိုင်တယ်ဆိုတာ ဖော်ပြတဲ့ dialog တစ်ခုပါပါတယ်။ ဒါပေမယ့် ခုတော့ အဲ့ကောင်ကို  System > Administration > Services အောက်မှာ ကျွန်တော်ရှာလို့ မတွေ့တော့ ပါဘူး။ ဖြစ်နိုင်ချေရှိတာကတော့ သူ့ကို ဖျောက်ပစ်လိုက်တယ် ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် "Boot-Up Manager" လို့ခေါ်တဲ့ application တစ်ခု software center မှာ install လုပ်ဖို့ ရှိနေပါသေးတယ်။ သူ့ကို သုံးပြီး services တွေကို ကျွန်တော်တို့ manage လုပ်လို့ ရပါတယ်။ ဥပမာ အနေနဲ့ ဒီအောက်မှာ Bluetooth ကို deactivate လုပ်ပြထားပါတယ်။





( ၂ ) မလိုအပ်သော startup programs များအား Disable ပေးထားပါ။

တကယ်လို့များ default ပါလာတဲ့ startup programs တွေထဲက တစ်ချို့ကို မလိုအပ်ဘူးလို့ ယူဆရင် သူတို့တွေကို startup စာရင်းထဲကနေ ဖြုတ်ထားနိုင်ပါတယ်။ ဥပမာ အနေနဲ့ bluetooth manager, evolution alarm notifier, remote desktop server, visual assistance, ...စသဖြင့် ဖြစ်ပါတယ်။ ရှာဖွေရမယ့် နေရာကတော့ Control Center မှာ ရှိနေတဲ့ "Startup Applications" ပါ။
System > Administration > Startup Applications



  • ( ၄ ) အခြားသော useful tools များ


( ၁ ) Gparted ခေါ် powerful partition editor

GParted ဆိုတာလည်း Partition Magic နဲ့ ဆင်တူတဲ့ partition editor တစ်ခုပါပဲ။

sudo apt-get install ntfsprogs gparted





( ၂ ) Start-Up Manager

Start-Up Manager  ဆိုတာ graphical tool တစ်ခု ဖြစ်ပြီးတော့ boot loader နဲ့ splash screen Settings တွေကို ပြောင်းလဲနိုင်ပါတယ်။ Software Center မှာ "startup manager" ဆိုတာကို ရှာပြီး Install လုပ်ပါ။



Start-Up Manager ဟာ GRUB menu timeout ကို Ubuntu မှာ change ဖို့ အလွယ်ကူဆုံးလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ မိမိစိတ်ကြိုက် bootloader menu timeout ကိုချိန်ညှိထားနိုင်ပါတယ်။ တကယ်လို့ 0 seconds မှာ ထားမယ်ဆိုရင်တော့ GRUB က "default operating system" အတိုင်းပဲ boot လုပ်သွားပါလိမ့်မယ်။

( ၃ ) Ubuntu Tweak

တစ်ခုခုဆို Tweak လုပ်ချင်တဲ့ သူမျိုးတွေအတွက်တော့ Ubuntu Tweak  က မဆိုးပါဘူး။ အသုံးလည်း ဝင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် file အမျိုးအစားတွေကို manage လုပ်တဲ့ နေရာမှာ - နောက်ပြီး third party repositories တွေကို အလွယ်တကူ install လုပ်ဆောင်မယ့် နေရာမှာ စသဖြင့် အသုံးတည့်ပါတယ်။ ခုနောက်ပိုင်းမှာတော့ Ubuntu က version တစ်ခု မြင့်လာတိုင်း ကောင်းသထက်ကောင်းအောင် ကြိုးစားလာလိုက်တာ ခုဆိုရင် အရင်က ရှုပ်ရှုပ်ရှက်ရှက် လုပ်ဆောင်နေရတဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို Windows မှာလိုပဲ Ubuntu မှာလည်း System menu အောက်မှာ အလွယ်တကူ လုပ်ဆောင်နေနိုင်ပါပြီ။ လေ့လာကြည့်ကြပါ။
Download နဲ့ Installation instructions ကတော့  ဒီနေရာမှာပါ။.

( ၄ ) Encryption

Truecrypt ဆိုတာ encryption software application တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ GUI ကလည်း တော်တော်လေး ကောင်းပြီး Source code ကိုလည်း ရယူနိုင်ပါတယ်။
.deb အနေနဲ့ Download ရယူချင်မယ်ဆိုရင်တော့ ဒီနေရာမှာပါ။.

ဆက်ရန် ...

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts